Mytel ရဲ့ “နှစ်သစ်လည်းရောက် ရွှေလည်းပေါက် အစီအစဉ်နဲ့” ၂၀၂၀ ခုနှစ်ကို ကြိုဆိုလိုက်ရအောင်

mytel01.jpg

နောက်ဆုံးတော့ ဆယ်စုနှစ်တစ်ခုရဲ့ အဆုံးသတ်ကို ဖြတ်ကျော်ခဲ့ပြီး နှစ်သစ်ရဲ့စမှတ်တစ်ခုကို ရောက်ရှိခဲ့ပါပြီ။ နှစ်သစ်ဖြစ်တဲ့ ၂၀၂၀ လည်းရောက်၊ ဒေတာ pack တွေဝယ်ပြီး ဆုကြီးတွေလည်းပေါက်ဆိုရင် သိပ်ပျော်ဖို့မကောင်းဘူးလား။ သုံးစွဲသူတွေကို အဲ့ဒီလို ပျော်ရွှင်ရအောင် Mytel ကနေ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ “နှစ်သစ်လည်းရောက် ရွှေလည်းပေါက်” ဆိုတဲ့ အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါပြီနော်။

မြန်မာနိုင်ငံဈေးကွက်အတွင်း အသက်သာဆုံးဝန်ဆောင်မှု၊ အကောင်းဆုံး ဒေတာနှုန်းထားတွေပေးနေတဲ့ မြန်မာနိုင်ငံရဲ့ ခေတ်မီဆန်းသစ်ဆုံးနဲ့ အကောင်းဆုံး အော်ပရေတာ Mytel က ပြီးဆုံးသွားတဲ့ ဆယ်စုနှစ်တစ်ခုကို ကျော်ဖြတ်လာပြီးတော့ တဖန်ရောက်ရှိလာတဲ့ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ “နှစ်သစ်လည်းရောက် ရွှေလည်းပေါက်” ဆိုတဲ့ အစီအစဉ်ကို မိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ ဒီအစီအစဉ်ရဲ့ အထူးဆုတွေဖြစ်တဲ့ ရွှေ ၂၀ ကျပ်သား (၈) ဆု ၊ SAMSUNG ၅၅ လက်မ TV (၈) လုံး၊ သိန်း ၁၆၀ တန်ဖိုးရှိ MytelPay e-wallet နဲ့ ၁၀,၀၀၀ GB အထိ ကံထူးနိုင်မယ့် အခြားနေ့စဉ်ဒေတာဆုမဲတွေကို MyID App ကနေ လစဉ်ဒေတာတွေကို ဝယ်ယူရုံနဲ့ ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။

ဒီကံစမ်းမဲအစီအစဉ်ကြီးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ကနေ ၂၀၂၀ ခုနှစ် မတ်လ ၅ ရက် အထိ ကာလကြာမြင့်စွာ သတ်မှတ်ပေးထားတာဖြစ်လို့ ဒီလိုစိတ်လှုပ်ရှားဖွယ် ဆုကြီးတွေကို ကံထူးနိုင်ဖို့ အခွင့်အရေးပိုများတာပေါ့။ Mytel Official Facebook ကနေတစ်ဆင့်လည်း အပတ်တိုင်း live session ထုတ်လွှင့်ပြီး ကံထူးသူတွေကို ကြေငြာပေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ဖုန်းထဲမှာ MyID ကို မဒေါင်းရသေးရင် စိတ်မပူပါနဲ့။ ဒီ link လေးကိုနှိပ်ပြီး ဒေါင်းလိုက်ပါ – onelink.to/myid 

Mytel က ဒီ “နှစ်သစ်လည်းရောက်၊ ရွှေလည်းပေါက်” အစီအစဉ်ကနေတစ်ဆင့် ပရိတ်သတ်တွေကို ကျေးဇူးတုံ့ပြန်နိုင်ဖို့ ရည်ရွယ်တာပါ။ ဒီ “နှစ်သစ်လည်းရောက် ရွှေလည်းပေါက်” ဆိုတဲ့ အစီအစဉ်လေးက Mytel စတင်ခဲ့တဲ့ အချိန်ကစလို့ အခုလို နှစ်သစ်ကူးအချိန်ကာလ ကို ကြိုဆိုတဲ့အချိန်အထိ ယုံကြည်စွဲမြဲစွာ အသုံးပြုနေကြတဲ့ သုံးစွဲသူတွေအားလုံးကို ကျေးဇူးတုံ့ပြန်ချင်တဲ့ ဆန္ဒနဲ့ ပြုလုပ်ကျင်းပရခြင်းဖြစ်ပါတယ်။ Mytel က နောက်နှစ်တွေမှာသာမက နောက်လာမည့်နှစ်တွေမှာလည်း ပိုမိုကောင်းမွန်ပြီး ပိုပြီးစိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ပျော်ရွှင်ဖွယ် အစီအစဉ်တွေလည်း ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top