ပြန်လည်အသုံးပြုလို့ရတဲ့ရေဗူးကို ဘယ်နှစ်ကြိမ် ဆေးကြောပေးသင့်လဲ

69841927.jpg

ပြန်လည်အသုံးပြုလို့ရတဲ့ရေဗူးတွေက ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ မကြာခဏ ဆေးကြောသန့်စင်မပေးဘူးဆိုရင် ကျွန်တော်တို့အတွက် အန္တရာယ်ဖြစ်လာစေနိုင်ပါတယ်။ ဘတ်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ် အပါအဝင် ပိုးမွှားတွေက စိုစွတ်မှုတွေမှာ အလွယ်တကူပေါက်ဖွားကြပါတယ်။ အဲဒီလိုပိုးမွှားတွေက ကျွန်တော်တို့ပြန်လည်အသုံးပြုတဲ့ရေဘူးတွေက ရေတွေကို ညစ်ညမ်းစေနိုင်ပါတယ်။ အထူးသဖြင့် ရေမသောက်သေးဘဲ အဖုံးကို ဖွင့်ထားတဲ့အခါမျိုးမှာဖြစ်တယ်လို့ William Paterson University က အဏုဇီဝပညာရှင်တစ်ယောက်က ဆိုထားပါတယ်။

ပိုးမွှားတွေ ဘယ်လိုပျံ့နှံ့သလဲ

ကျွန်တော်တို့ ရေသောက်တဲ့အခါ ကျွန်တော်တို့ပါးစပ်က အစားအစာအမှုန့်တွေက ရေထဲကို ရောက်သွားနိုင်ပြီး ရေဗူးကို မကြာခဏ ဆေးကြောမသန့်စင်ဘူးဆိုရင် ရေထဲမှာ ပိုးမွှားပေါက်ဖွားမှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အခြားသူနဲ့ ရေဗူးတစ်ဗူးတည်းကို အတူမသောက်ဖို့နဲ့ မိသားစုဝင်တွေအတွက် ရေဗူးတစ်ဘူးစီ ရှိသင့်တယ်လို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ ရေဗူးထားတဲ့နေရာနဲ့ပတ်သက်ပြီးလည်း ဂရုပြုသင့်ပါတယ်။ စိုစွတ်တဲ့ပတ်ဝန်းကျင်က ဘတ်တီးရီးယားတွေ ကြီးထွားလာအောင် တွန်းအားဖြစ်စေပါတယ်။ သက်ရှိပိုးမွှားတွေက ရေ နဲ့ အပူချိန်နွေးနွေးလေးကို ကြိုက်နှစ်သက်ကြပါတယ်။

မသန့်ရှင်းတဲ့ရေဗူးကနေ ရေသောက်သုံးခြင်းရဲ့ ဆိုးကျိုး

မသန့်ရှင်းတဲ့ရေဗူးတွေက ကျန်းမာရေးပြဿနာတွေအားလုံးကို ဖြစ်စေနိုင်ပါတယ်။ အအေးမိဖျားနာခြင်း နဲ့ အခြားအဖြစ်များတဲ့ ရောဂါကူးစက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ပိုးမွှားတိုင်းက ကျွန်တော်တို့ကို ဖျားနာစေနိုင်တယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမဲ့ ရောဂါပိုးမွှားအသစ်တွေက ဖျားနာနိုင်ခြေ ပိုများစေပါတယ်။

ရေဗူးကို ဘယ်နှစ်ကြိမ် ဆေးကြောသန့်စင်ပေးသင့်လဲ

ပြန်လည်အသုံးပြုလို့ရတဲ့ရေဗူးကို နေ့တိုင်း တစ်ကြိမ် ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ တစ်နေ့တာ ကုန်သွားတာနဲ့ သင့်ရေဗူးကို ရေမရှိအောင် ထားပြီး ဆပ်ပြာ၊ ရေတွေနဲပ ဆေးကြောသန့်စင်ပေးပါ။ ဆပ်ပြာပြောင်အောင်တော့ သေချာ သန့်စင်ပေးသင့်ပါတယ်။ သတိထားစရာအချက်တစ်ချက်ကတော့ ရေဗူးထဲကို ရေကျန်နဲ့ ရေအသစ်ကို ဘယ်တော့မှ ရောမထည့်ဖို့ပဲဖြစ်ပါတယ်။

ကဲ…စာဖတ်ပရိသတ်တွေလည်း ရောဂါပိုးမွှားတွေအန္တရာယ်က ကင်းဝေးအောင် ကိုယ့်သောက်သုံးနေတဲ့ရေဗူးတွေကို နေ့တိုင်း တစ်ကြိမ်တော့ ဆေးကြောသန့်စင်ပေးလိုက်ကြပါနော်…။

Ref: How often should you wash the reusable water bottle
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top