အခမဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို ကမ္ဘာပေါ်မှာ ပထမဆုံး စတင်ကျင့်သုံးဘတ်စ်ကားတော့မယ့် လူဇင်ဘာ့ဂ်

Luxembourg-to-become-first-country-to-introduce-free-public-transport-lailasnews-600x360.jpg

ဥရောပနိုင်ငံငယ်လေး တစ်ခုဖြစ်တဲ့ လူဇင်ဘာ့ဂ်နိုင်ငံမှာ နေထိုင်ကြတဲ့သူတွေဟာ လာမယ့်နွေရာသီကစပြီး နိုင်ငံတွင်းက ဘတ်စ်ကားနဲ့ ရထားခရီးစဉ်တွေကို အခမဲ့ စီးနင်းခွင့် ရရှိကြတော့မှာပါ။ ဒီအစီအစဉ်ကို ဇေဗီးယား ဘက်တဲလ်ဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ်က ယာဉ်ကြော ပိတ်ဆို့မှုတွေကို လျော့ပါးလာစေဖို့နဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှု ခြေလှမ်းသစ် တစ်ခုအနေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လိုက်တာလို့ သိရပါတယ်။

ပြင်သစ်၊ ဘယ်လ်ဂျီယံနဲ့ ဂျာမနီနိုင်ငံတို့ ကြားမှာရှိနေတဲ့ ဒီနိုင်ငံငယ်လေးအတွင်းမှာ လူပေါင်း ၂၀၀,၀၀၀ နီးပါးလောက် နေ့စဉ် အလုပ်သွားနေကြပြီး ကိုယ်ပိုင်ကားစီးသွားသူတွေက များပြားနေပါတယ်။ ဒါကြောင့်ပဲ တစ်နာရီကျော်ကျော်အချိန်နဲ့ နိုင်ငံရဲ့ အကျယ်အဝန်း တစ်ခုလုံးကို ဖြတ်သွားနိုင်နေတဲ့ လူဇင်ဘာ့ဂ်နိုင်ငံဟာ ကမ္ဘာ့ ယာဉ်ကြောပိတ်ဆို့မှု အဆိုးရွားဆုံးနိုင်ငံ တချို့ထဲမှာ ပါဝင်နေရတာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းကတော့ ဇေဗီးယား ဘက်တဲလ်ဦးဆောင်တဲ့ အစိုးရအဖွဲ့အသစ် ဟာ ကနဦး အစီအစဉ် တစ်ရပ်အနေနဲ့ အသက် ၂၀ အောက်ပြည်သူတွေအတွက် ခရီးတို စီးနင်းမှု အခမဲ့နဲ့ နိုင်ငံတစ်လျားစာလောက်ရှိတဲ့ နှစ်နာရီစာ ခရီးဝေးအတွက် ယာဉ်စီးခ ၂ ဒေါ်လာသာ ပေးချေစေတဲ့စနစ်ကို အစပျိုး ဆောင်ရွက်ထားခဲ့ပါတယ်။

ဒါပေမဲ့ အခုလိုမျိုး ယာဉ်စီးခ ပေးချေရမှု အပြီးတိုင်ပယ်ဖျက်မှုကို မသတ်မှတ်ခင်မှာ ပထမတန်းနဲ့ ဒုတိယတန်းစား ရထားတွဲတွေမှာ စီးနင်းတဲ့ ခရီးစဉ်တွေအတွက်ကိုတော့ ထည့်သွင်းစဉ်းစား ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

Ref: TIME “Luxembourg Is Set to Become the World’s First Country With Free Public Transport”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top