သစ်ပင်ကိုမဖျက်ဆီးဘဲ ဖောက်ထားတဲ့လမ်းများ

tree4.jpg

သစ်ပင်တွေကို မဖျက်ဆီးဘဲဖောက်ထားတဲ့အတွက် သစ်ပင်တွေ မပျက်စီးရတော့ပါဘူး။ ဒါပေမဲ့ လမ်းအတွက်လိုအပ်သလောက်ကိုတော့ သစ်ပင်ကို ထွင်းသင့်ရင်ထွင်ထားပါတယ်။ တစ်ပင်လုံးခုတ်ထစ်ထားတာမျိုး၊ တစ်ပင်လုံးလှဲပစ်လိုက်တာမျိုးမရှိဘဲ လမ်းဖြစ်အောင်ဖောက်လုပ်ထားတာကတော့ အတော်လေးအတုယူသင့်ပါတယ်။

အဲဒါထက်ထူးဆန်းတာက သဘာဝအလျောက်လဲနေတဲ့ သစ်ပင်ကိုတောင် ဖယ်ရှားမပစ်ဘဲ ထွင်းပြီးတော့ လမ်းကိုဖောက်ထားတာ ဖြစ်ပါတယ်။ သစ်ပင်တွေကို တန်ဖိုးထားတယ်လို့ ဆိုရမှာပါ။ တချို့အပင်တွေက အရိပ်ရ အလှပင်တွေဖြစ်ပြီး တချို့အပင်တွေကတော့ အိုနေတဲ့ ရှေးဟောင်းအပင်တွေ ဖြစ်ပါတယ်။

ဒီလို လမ်းရယ်၊ သစ်ပင်ရယ် နှစ်ခုစလုံး အဆင်ပြေအောင် ပြုလုပ်ထားတော့မြင်ရသူတွေအဖို့ အတော်လေးကြည်နူးစရာ ဖြစ်နေပါတယ်။ အသေးစိတ်ကို ပုံတွေမှာကြည့်ပြီး အတုယူနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top