နှစ်၁၀၀ နီးပါးအတွင်း အိမ်ကွင်းနိုင်ပွဲဆက်မှု အများဆုံးစံချိန် နီးစပ်နေတဲ့ မန်စီးတီး

Carabao-Cup-Semi-Final-First-Leg-Manchester-City-vs-Bristol-City.jpg

မန်စီးတီးအသင်းဟာ အင်္ဂါနေ့ ညပိုင်းက ကစားခဲ့တဲ့ ကာရာဘောင် ဖလား အကြိုဗိုလ်လုပွဲ ပထမအကျော့မှာ ဘရစ္စတိုးစီးတီးအသင်းကို အနိုင်ရခဲ့တာကြောင့်နှစ်ပေါင်း ၁၀၀ နီးပါး အိမ်ကွင်းနိုင်ပွဲဆက်မှု အများဆုံးစံချိန်သစ် တင်နိုင်ဖို့နီးစပ်နေပြီး ၁၉၂၀ – ၂၁ ခုနှစ်က အိမ်ကွင်း ပြိုင်ပွဲစုံ ၁၆ ပွဲ ဆက်တိုက် အနိုင်ရတဲ့စံချိန် နဲ့တူညီသွားခဲ့တယ်လို့သိရပါတယ်။

ပထမအကျော့မှာ ဘရစ္စတိုးစီးတီးကို အနိုင်ရခဲ့လို့ မန်စီးတီးပရိသတ်တွေက ဝင်ဘလေကွင်းမှာ ကစားမယ့် ကာရာဘောင်ဖလား ဗိုလ်လုပွဲ တက်ရောက်ဖို့မျှော်လင့်နေကြပါတယ်။ မန်စီးတီးဟာ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာချဲလ်ဆီး ဒါမှမဟုတ် အာဆင်နယ် နဲ့တွေ့ဆုံရဖွယ်ရှိနေပါတယ်။ နည်းပြ ဂွာဒီယိုလာ ရဲ့ မန်စီးတီးအသင်း ဟာ လက်ရှိရာသီမှာ စံချိန် တွေ ရယူနိုင်ခဲ့တဲ့ နှစ်တစ်နှစ်လည်းဖြစ်ခဲ့ပါတယ်။

မန်စီးတီးအသင်း က ကာရာဘောင်ဖလားအကြိုဗိုလ်လုပွဲ ပထမအကျော့မှာ အနိုင်ရခဲ့လို့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကိုနောက်ဆုံး ၄ နှစ် အတွင်း ၃ ကြိမ်မြောက်တက်ရောက်ဖို့အလားအလာများနေပါတယ်။ မန်စီးတီးအသင်းဟာ အခုရာသီမှာ လီဗာပူအသင်းကို ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့လို့ နှစ်ပေါင်း ၈၀ ကျော် အတွင်း လီဗာပူးအသင်းကို ဂိုးပြတ် အနိုင်ရတဲ့ စံချိန်ရယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း နိုင်ပွဲဆက်တိုက် အများဆုံး ရယူနိုင်တဲ့စံချိန် ရယူနိုင်ခဲ့သလို ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် နှစ်သစ်ကူးကာလ အမှတ်အများဆုံးဖြတ်နိုင်မှုနဲ့အတူ ၂၀၁၇ ခုနှစ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Goal : Man City on best home run in nearly 100 years

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top