ကိုဗစ်စည်းမျဉ်းချိုးဖောက်ပြီး မိုင် ၁၀၀ အဝေးကို သွားခဲ့လို့ဒဏ်ရိုက်ခံရတဲ့အမျိုးသား

19-1-2021-yyl-05.jpg

အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ သူ့ရဲ့မြို့မှာ McDonald’s ဆိုင်မရှိတဲ့အတွက် မိုင် (၁၀၀) အဝေးမှာရှိတဲ့ အဲဒီဆိုင်ကို ကားမောင်းပြီးသွားတဲ့နောက်မှာတော့ ကိုဗစ်စည်းမျဉ်းချိုးဖောက်တဲ့အတွက် ဒဏ်ရိုက်ခံခဲ့ရပါတယ်။ သတိပေးစာလက်ခံရရှိခဲ့တဲ့ အဲဒီအမျိုးသားဟာ ဇန်နဝါရီ ၁၄ ရက်နေ့မှာ Luton မြို့လေးကနေ Devizes မြို့လေးကို သွားခဲ့တာပါ။

Devizes ကို ရောက်ဖို့ ကောင်တီတော်တော်များများကို ဖြတ်သွားရတဲ့အကွာအဝေးက လက်ရှိချမှတ်ထားတဲ့ စည်းမျဉ်းကို ကျူးလွန်တာဖြစ်တယ်လို့ Wiltshire Police က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမျိုးသားက ဒဏ်ကြေးအဖြစ် ပေါင် ၂၀၀ ပေးဆောင်ခဲ့ရသလို ကားကိုလည်း အာမခံမရှိတဲ့အတွက် ရဲတွေက သိမ်းခဲ့ပါတယ်။

ပြည်သူတွေကို စည်းမျဉ်းသေသေချာချာနားလည်ဖို့အတွက် အစိုးရက ထုတ်ပြန်ထားတဲ့လမ်းညွှန်ချက်တွေကို ပေ့ချ်ကို လာပြီး ကြည့်ဖို့ တိုက်တွန်းထားကြောင်း၊ လူအများစုက တာဝန်သိစွာနဲ့ လိုက်နာကြတဲ့အတွက်လည်း ကျေးဇူးတင်ကြောင်း၊ အစိုးရစည်းမျဉ်းကိုချိုးဖောက်နေတဲ့တစ်စုံတစ်ယောက်တွေ့ရင်လည်း အွန်လိုင်းကနေ တဆင့် တိုင်ကြားနိုင်ကြောင်း Wiltshire Police က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီအမျိုးသားမတိုင်ခင်ကလည်း Lincolnshire ကောင်တီက အမျိုးသမီးတစ်ယောက်ကလည်း အခုလိုပဲ စည်းမျဉ်းချိုးဖောက်ခဲ့လို့ North Yorkshire Police က ဒဏ်ရိုက်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးသွားမယ့်နေရာကို ရိုက်ဖို့ ကောင်တီ (၃) ခုလောက် ဖြတ်ပြီးမောင်းရတာဖြစ်ပါတယ်။ North Yorkshire ကောင်တီက လူအများစုဟာ ကိုဗစ်ပျံံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့ တကယ်ကို ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။

Ref: Ladbible “Man Travelled 100 Miles ‘For A McDonald’s’ Despite Town Not Having One”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top