နောက်ဆုံးပွဲစဉ် အထိ မန်စီးတီးကို အမီလိုက်ဖို့ ကြိုးပမ်းမယ့်မန်ယူအသင်း

hi-res-fc0fb5a05681753fb0906241027b1800_crop_north.jpg

မန်ယူအသင်းနည်းပြမော်ရင်ဟိုက မန်ယူအသင်းအနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မန်စီးတီးအသင်းဆီ လက်လွတ်ဆုံးရှုံးခံဖို့ အဆင့်သင့်မဖြစ်သေးဘဲ ပရီးမီယားလိဂ်နောက်ဆုံးပွဲစဉ် အထိ အမီလိုက်သွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မန်ယူအသင်းဟာ တနင်္ဂနွေ့က ကစားခဲ့တဲ့ပရီးမီယားလိဂ်ပြိုင်ပွဲမှာ ဝက်ဘရွန်းကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက မန်စီးတီး နဲ့ ၁၁ မှတ် အကွာ ဒုတိယနေရာမှာရှိနေခဲ့ပါတယ်။ မန်ယူနည်းပြမော်ရင်ဟိုက ” ကျွန်တော်တို့ ဟာ နိုင်ပွဲရအောင်ကြိုးစားခဲ့ပြီး နိုင်ပွဲရချိန်မှာပျော်ရွင်မှုဖြစ်ရတယ်။ ရှုံးနိမ့်တယ်ဆိုရင် ဝမ်းနည်းရပါတယ်။  ပရီးမီယားလိဂ်ပြိုင်ပွဲမှာ နောက်ဆုံးကစားရမယ့် ဝက်ဖိုဒ့်နဲ့ပွဲစဉ်အထိ မန်စီးတီးအသင်းကို အမိလိုက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ပွဲတိုင်းကိုအနိုင်ရအောင်ကြိုးစားသွားမှာဖြစ်တယ်။ ကျွန်တော်တို့ဟာ အားလပ်ရပ်ကို မလိုလားဘဲ နောက်ဆုံးပွဲစဉ်အထိ ဆက်လက်ကစားသွားလိုတယ်၊ ” လို့ပြောပါတယ်။

ဒါ့အပြင် မန်ယူအသင်းနည်းပြမော်ရင်ဟိုက ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိရေးမျှော်လင့်ချက်ကိုလည်း စွန့်လွတ်မှာမဟုတ်သေးဘူးလို့ ပြောခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : ESPN : Man United will chase Man City

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top