ချဲလ်ဆီးအဓိက ကွင်းလယ်လူဟာဇက်ကို မန်ယူအသင်း ပေါင် ၉၀ သန်းနဲ့ခေါ်ဖို့ စီစဉ်

1744.jpg

မန်ယူအသင်းဟာ ချဲလ်ဆီးအသင်းရဲ့အဓိက ကွင်းလယ်လူဟာဇက်ကို ပြောင်းရွေကြေးပေါင် ၉၀ သန်းပေးကာခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘယ်လ်ဂျီကွင်းလယ်တောင်ပံလူ ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ၂ နှစ်ခွဲ ကျန်သေး ပြီး ချဲလ်ဆီးအသင်းက တစ်ပတ်လုပ်ခပေါင် ၃ သိန်းပေးကာ စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းမှုကိုလည်း ပယ်ချထားတယ်လို့သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ဟာဇက်ဟာ ၂၀၁၂ ခုနှစ် ပြင်သစ်လိုင်လီက ချဲလ်ဆီးအသင်းကိုပြောင်းခဲ့ပြီး လက်ရှိမန်ယူနည်းပြအဖြစ်တာဝန်ယူနေတဲ့ နည်းပြမော်ရင်ဟိုလက်အောက်မှာ ၂ နှစ်ခွဲကြာကစားခဲ့ကာ ပရီးမီယားလိဂ် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့ပါတယ်။ ဟာဇက်ဟာ နည်းပြ မော်ရင်ဟို မန်ယူကိုမပြောင်းခင်က အချင်းများရန်ဖြစ်မူတွေရှိခဲ့ပေမယ့်လက်ရှိမှာ သူတို့နှစ်ဦး ဆက်ဆံရေးဟာ ကောင်းမွန်နေပါတယ်။

ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းကလည်းခေါ်ယူဖို့ လိုလားနေတာကြောင့် မန်ယူအသင်း ဟာ ပြိုင်ဘက်ရီးရဲမက်ဒရစ်ကို အသာယူနိုင်ဖို့ ငွေကြေးသုံးစွဲဖွယ်ရှိနေပါတယ်။ ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းကလည်း သူအနေနဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဟာဇက်ကို နှစ်သက်တဲ့အကြောင်း လူသိရှင်ကြားပြောဆိုထားပြီးဖြစ်ပါတယ်။ မန်ယူအသင်းဟာ ရီးရဲမက်ဒရစ်ကို ယှဉ်ပြိုင်နိုင်ဖို့ ဟာဇက် အတွက်ပြောင်းရွေကြေး ပေါင် ၉၀ သန်းသုံးစွဲဖွယ်ရှိတယ်လို့ ဗြိတိန်သတင်းစာတွေကဖော်ပြပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Metro : Manchester United plot £90m move for Eden Hazard

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top