မာရီလင်မွန်ရိုးရဲ့ ရှားပါးဂန္တဝင်ဓာတ်ပုံများ

1.jpg

ဒီဓာတ်ပုံဟာ ၁၉၅၃ ခုနှစ်အောက်တိုဘာလမှာ Look မဂ္ဂဇင်းအတွက် ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး “The Essential Marilyn Monroe” ဓာတ်ပုံစာအုပ်ရဲ့ Cover လည်းဖြစ်ပါတယ်။

ဟောလိဝုဒ်ရွှေခေတ်ကာလမှာ ထင်ရှားခဲ့တဲ့ မင်းသမီးတွေရဲ့ အလှဓာတ်ပုံတွေကို ရိုက်ကူးခဲ့သူ မီလ်တန် အိတ်ခ်ျ ဂရီနီ (Milton H. Greene) လက်ရာများအနက် မာရီလင် မွန်ရိုးရဲ့ ဓာတ်ပုံများက နာမည်အကြီးဆုံးဖြစ်ပါတယ်။ “မွန်ရိုးဟာ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ရှင်သန်နေသူပါ ” လို့ မီတန်လ်ရဲ့ သားဖြစ်သူ ဂျောရူဝါ ကဆိုပါတယ်။ လတ်တလောမှာတော့ ဂျောရှုဝါဟာ သူ့ရဲ့ဖခင်ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံစာအုပ်ဖြစ်တဲ့ “The Essential Marilyn Monroe” စာအုပ်မှ ဓာတ်ပုံများကို ပြန်လည်ပြင်ဆင်ပြီး စာအုပ်အဖြစ် ထုတ်ဝေခဲ့ပါတယ်။ ဒီဓာတ်ပုံစာအုပ်မှာ ဓတ်ပုံ ၂၈၄ ပုံတိတိပါဝင်ပြီး ဒီအထဲက ၁၇၆ ပုံဟာ ဒီဘက်ခေတ်မှာ ဘယ်သူမှမမြင်ဖူးသေးတဲ့ မာရီလင် မွန်ရိုးရဲ့ဓာတ်ပုံတွေ ဖြစ်တယ်လို့ ဂျောရှုဝါက ဆိုပါတယ်။

ဒီဓာတ်ပုံတွေဟာ နှစ်များစွာ ကြာမြင့်မှုကြောင့် ပျက်ဆီးနေပြီး ဖခင်ဖြစ်သူ မီလ်တန်ကတော့ သူ့လက်ရာတွေ အကုန်ပျက်ဆီးကုန်ပြီဆိုတဲ့ စိတ်နဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဒါပေမဲ့ တိုးတက်လာတဲ့ ဓာတ်ပုံနည်းပညာသစ်ကြောင့် ဒီဓာတ်ပုံများကို နာရီပေါင်းများစွာ အချိန်ပေးပြီး ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ဒီဓာတ်ပုံတွေကို တစ်ခါမှ ပုံနှိပ်ခဲ့ခြင်း မရှိဘဲ “The Essential Marilyn Monroe” စာအုပ်မှာ ပါတဲ့ ဓာတ်ပုံတွေဟာ ၁၉၅၃ ခုနှစ် အောက်တိုဘာလမှာ Look မဂ္ဂဇင်းအတွက် ရိုက်ကူးခဲ့တဲ့ ပုံတွေ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာ မီလ်တန်ဂရီနီနဲ့ မွန်ရိုးတို့ဟာ ၁၉၅၃ ခုနှစ်မှာ Look မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးရင်း စတင်တွေ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်ဟာ ရင်းနှီးသွားခဲ့ပြီး ဓာတ်ပုံရိုက်ကူးရေးတွေကို အတူတူလုပ်ကိုင်ခဲ့ကြပါတယ်။ သူတို့ နှစ်ယောက်ဟာ ဓာတ်ပုံထောင်ပေါင်းများစွာ ရိုက်ကူးခဲ့ပြီး စာအုပ်ထဲမှာ ပါဝင်တဲ့ ဓာတ်ပုံ ၅၀ ခန့်ဟာ မွန်ရိုးပရိတ်သတ်များရင်းနှီးတဲ့ ဓာတ်ပုံများဖြစ်ပေမဲ့ တော်တော်များများကိုတော့ ဘယ်သူမှ မမြင်ဖူးသေးဘူး လို့သိရပါတယ်။

မာရီလင် မွန်ရိုးဟာ ၁၉၂၆ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ အမေရိကန် သရုပ်ဆောင်၊ မော်ဒယ်လ်နဲ့ အဆိုတော် ဖြစ်ပြီး ၁၉၅၀ ခုနှစ်တစ်ဝိုက်မှာ ဆွဲဆောင်မှု အရှိဆုံး မင်းသမီးတစ်ယောက်ဖြစ်ခဲ့သူ တစ်ယောက်ပါ။ သို့ပေမဲ့ ၁၉၆၂ ဩဂတ်လ ၅ ရက်နေ့မှာ စိတ်ငြိမ်ဆေး အလွန်အကျွံသုံးစွဲမှုကြောင့် မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

မီတန် အိတ်ခ်ျ ဂရီနီ ရိုက်ကူးခဲ့တဲ့ Marilyn Monroe  ရဲ့ ဓာတ်ပုံစာအုပ်ဖြစ်တဲ့ “The Essential Marilyn Monroe” ကို အခုချိန်မှာ စာအုပ်အဖြစ် ထွက်ရှိထားတယ် လို့သိရပါတယ်။

Ref : CNN Entertainment : never-before-seen photos of Marilyn Monroe

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top