ကင်မရာတွေမှာ ပါဝင်တဲ့ megapixel ဆိုတာဘာလဲ။

megapixels-160rg02.jpg

စမတ်ဖုန်း ကင်မရာတွေ ရွေးချယ်မယ်ဆိုရင်၊ ကိုယ်ကလည်း နည်းပညာ ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ဘူးဆိုရင် Megapixel များတာက ပိုပြီး ကောင်းတယ်လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်။

ဒါဖြင့်ရင် Megapixel ဆိုတာဘာလဲ။

pixel ဆိုတာ တီဗီတွေ၊ ဖန်သားပြင်တွေမှာ ပုံရိပ်ထင်စေတဲ့ အစက်အပြောက်တွေကို ခေါ်တာပါ။  Pixel ဆိုတဲ့ ယူနစ်ကို ဓာတ်ပုံတွေမှာ ပါဝင်တဲ့ အစက်အပြောက်ကို ဖော်ပြတဲ့ နေရာအပြင်၊ ဒစ်ဂျစ်တယ် ကင်မရာတွေ၊ Screen တွေမှာ ရုပ်ပုံတစ်ခုကို ဘယ်လောက် Pixel နှုန်းနဲ့ ဖော်ပြနိုင်လဲဆိုတဲ့ နေရာမှာလည်း သုံးပါသေးတယ်။

Pixel ဆိုတဲ့ အင်္ဂလိပ်စကားလုံးကတော့ picture element ဆိုတဲ့ စကားကနေ တီထွင်ထားတာဖြစ်ပြီး Picture ဆိုတဲ့ စကားလုံးက Pics နဲ့ Element ဆိုတဲ့ စကားလုံးထဲကနေ El ဆိုတဲ့စကားကို ယူကာ Pixel လို့ခေါ်နေတာဖြစ်ပါတယ်။ Pixel ယူနစ်ဟာ Logical ဆိုင်ရာ (ယုတ္တိ) ယူနစ် တစ်ခုဖြစ်ပြီး Pixel တစ်စက်ရဲ့ အရွယ်အစားက ဘယ်လောက်ရှိလဲဆိုတာ သတ်မှတ်လို့ မရပါဘူး။ Pixel တစ်စက်ရဲ့ အရွယ်အစားက ပုံရိပ်တစ်ခုမှာ ပုံရိပ်ကွဲပြားမှု ဘယ်လောက်သတ်မှတ်ထားလဲဆိုတဲ့ အပေါ်သာ မူတည်ပါတယ်။

Pixel အကြောင်း ရှင်းအောင်ထပ်ပြောရမယ်ဆိုရင် 2048 x 1536 Pixel ရှိတဲ့ Image တစ်ခု ရှိတယ်ဆိုပါစို့။ 2048 နဲ့ 1536 မြှောက်ရင် 3,145,728 ရပါတယ်။ Megapixel ဆိုတာကတော့ pixel တစ်သန်းနဲ့ ညီပါတယ်။ Megapixel တစ်ခုမှာ တစ်သန်းရှိတဲ့အတွက် ဒီဓာတ်ပုံဟာ ၃.၂ Megapixel ခန့် ရှိတယ်လို့ ပြောလို့ရပါတယ်။

ဒစ်ဂျစ်တယ် ဓာတ်ပုံတွေဟာ ဒီ Pixel ဆိုတဲ့ အစက်လေးတွေ ထောင်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး Pixel အရေအတွက်များလေ ဓာတ်ပုံရဲ့ ပုံရိပ်ပြတ်သားမှု ပိုကောင်းလေပါပဲ။ Pixel နဲ့ ဓာတ်ပုံရဲ့ ကြည်လင်ပြတ်သားမှုဟာ တိုက်ရိုက်အချိုးကျနေပါတယ်။

ဓာတ်ပုံရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးသော အရာများ။

ရှုထောင့်တစ်ခုကပဲ ကြည့်မယ်ဆိုရင်တော့ megapixel ဟာ ဓာတ်ပုံရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံတစ်ပုံရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးတဲ့ တခြားအရာတွေရှိပါသေးတယ်။ အဲ့ဒါတွေကတော့ ကင်မရာ အာရုံခံကိရိယာ (camera sensor)၊ camera processor နဲ့ မှန်ဘီလူးရဲ့ optical quality တို့ကလည်း ဓာတ်ပုံရဲ့ အရည်အသွေးကို ဆုံးဖြတ်ပါသေးတယ်။ ကင်မရာနဲ့မဆိုင်ဘဲ တခြား ဓာတ်ပုံအရည်အသွေးကို ဆုံးဖြတ်ပေးတဲ့ အရာတွေကတော့ အလင်းမှောင်၊ focus နဲ့ exposure (ဓာတ်ပုံရိုက်ရာတွင် အလင်းရောင် ဖွင့်ပေးချိန်)၊ shutter speed၊ Camera လက်ငြိမ်ခြင်း၊ ကင်မရာ setting အမြင့်ဆုံးဖြင့် ရိုက်ကူးနိုင်ခြင်း စတာတွေပဲဖြစ်ပါတယ်။

ဒါကတော့ ၁.၄ Megapixel ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံပါ။ ဒီ ပုံရိပ်ပြတ်သားမှုလောက်နဲ့ဆို 4×6 လက်မ အကျယ်နဲ့ ပုံနှိပ်ဒီဇိုင်း ပြုလုပ်နိုင်ပါတယ်။

ပုံနှိပ်ဖို့နဲ့ ဓာတ်ပုံများကို ပြင်ဆင်ဖို့အတွက် Megapixel နည်းနည်းပဲပါတဲ့ ကင်မရာ ဝယ်မယ်ဆိုရင် ထွက်လာမယ့် ဓာတ်ပုံတွေက အရည်အသွေး ကျကုန်မှာပါ။ Megapixel ဘယ်လောက်များများ ပါတဲ့ camera ကို ဝယ်မလဲဆိုတာက ဘယ်လိုရည်ရွယ်ချက်နဲ့ သုံးမှာလဲဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ်။ အခုခေတ်မှာ Camera တစ်လုံး ရွေးချယ်မယ်ဆိုရင်တော့ 8 Megapixel ခန့်ရှိတဲ့ ကင်မရာကို ရွေးချယ်သင့်ပါတယ်။ ဓာတ်ပုံကို ပုံနှိပ်ချင်တယ်ဆိုရင် Megapixel များတဲ့  ကင်မရာကို ရွေးချယ်သင့်ပါတယ်။

Megapixel များတဲ့ ကင်မရာတွေကို ရွေးချယ်သင့်တဲ့ အကြောင်းရင်းကတော့ ပုံရိပ် ဖြတ်နိုင်ခြင်း (Crop) ပါပဲ။ Megapixel များများနဲ့ ဓာတ်ပုံတစ်ပုံဆိုရင် သင့်အနေနဲ့ Crop ရတာ ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ စမတ်ဖုန်းထုတ်တဲ့ ကုမ္ပဏီတွေက Megapixel များတဲ့ ကင်မရာတွေကို အပြိုင်အဆိုင် တပ်ဆင်လာကြပါတယ်။ အဓိက အကြောင်းရင်းကတော့ ရှင်းပါတယ်။ ပြီးခဲ့တဲ့ မော်ဒယ်လ်တွေထက် ဘယ်လောက် တိုးတက်သွားလဲဆိုတာကို ပြသတာပါပဲ။

အချုပ်ဆိုရမယ်ဆိုရင် Megapixel တွေဟာ တကယ်ကောင်းတဲ အရာတွေပါ။ Megapixel တွေဟာ ဓာတ်ပုံဆရာတွေကို Film Camera တွေနဲ့ ရိုက်တာထက် အများကြီး တိုးတက်သွားအောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပုံကောင်းကောင်းလိုချင်တာနဲ့ပဲ Megapixel များများပါတဲ့ ကင်မရာကိုတွေ လိုက်ဝယ်စရာ မလိုပါဘူး။ အဲ့ဒီအစား သင်က ဓာတ်ပုံရိုက်ပြီး ဘယ်နေရာတွေမှာ သုံးမှာလဲဆိုတာ စဉ်းစားပါ။ တကယ်လို့ ကင်မရာတစ်လုံး ဝယ်မယ်ဆိုရင်လည်း Megapixel များတာနဲ့ မဝယ်သင့်ဘဲ တခြား အချက်တွေကိုလည်း ထည့်သွင်း စဉ်းစားသင့်ပါတယ်။

အောက်က ဇယားလေးမှာတော့ ပုံနှိပ်မယ်ဆိုရင် ဘယ်လောက် Megapixel လိုအပ်လဲဆိုတာ ဖော်ပြထားပါတယ်။

အရည်သွေးကောင်းတဲ့ ပုံနှိပ်ဓာတ်ပုံများအတွက် အနည်းဆုံး Megapixel လိုအပ်ချက်

Printed at 300 dpi

Pirnt ထုတ်မယ့် အရွယ်အစား လိုအပ်တဲ့ အနည်းဆုံး MP ပုံရိပ်ပြတ်သားမှု။

4 x 6″                             2 megapixels                     1600 x 1200
5 x 7″                              3 megapixels                     2048 x 1536
8 x1 0″                             5 megapixels                     2560 x 1920
11 x 14″                             6 megapixels                     2816 x 2112
16 x 20″                             8 megapixels                     3264 x 2468
16 x 24″                             12 megapixels                   4200×2800

Ref : Tech :  a megapixel

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top