နောက်လိုက်ကနေ ခေါင်းဆောင်ဖြစ်ဖို့ သည်လိုအရည်အချင်းတွေလိုအပ်တယ်

charismatic-leader-positive-leadership.jpg

(၁) မခိုင်းဘဲ လုပ်တတ်အောင် ကြိုးစား။

(၂) တာဝန်ပေးတဲ့အလုပ်ကို တာဝန်ကျေစွာလုပ်။

(၃) ဆင်ခြေမပေးတတ်ဖို့ကလည်း အရေးကြီးတယ်။

(၄) အလုပ်ကို စိတ်ဝင်စားမူအပြည့်နဲ့ လုပ်ပါ။

(၅) တစ်ခုခိုင်းမှ တစ်ခုလုပ်တတ်တဲ့ အကျင့်မျိုးရှိရင် ဖျောက်။

(၆) အလုပ်များများခိုင်းလို့ ညည်းတွားခြင်း မလုပ်နဲ့။

(၇) ခေါင်းဆောင်ကောင်းဖြစ်ဖို့ တပည့်ကောင်းဖြစ်အောင် ကြိုးစား။

(၈) သိတဲ့ တတ်တဲ့သူများက ပြောရင်နားထောင်၊ လိုက်နာ။

(၉) သူများပြောချင်တာကို အရင်နားထောင်ပြီးမှ ကိုယ်ပြောချင်တာကို ပြော။

(၁၀) ဘယ်တော့မှ ကတိပျက်တဲ့သူမျိုး မဖြစ်စေနဲ့။

(၁၁) ကိုယ့်ကိုပညာသင်ပေးသူအပေါ်မှာ မပုန်ကန်မိစေနဲ့။

(၁၂) ပညာလေးတတ်ပြီဆိုရင် ဆရာကြီးဒီဇိုင်းမဖမ်းမိအောင် ကြိုးစားပါ။

(၁၃) မိမိရဲ့ ဘဝကို ဘယ်တော့မှမမေ့နဲ့။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top