YouTube မှာ လူကြည့်အများဆုံး Despacito သီချင်း အဟက်ခံရ

de.jpg

စပိန်ဘာသာနဲ့ သီဆိုထားတဲ့ Despacito သီချင်းဟာ ကြည့်ရှုသူဦးရေ ငါးဘီလီယံနဲ့ စံချိန်ချိုးခဲ့တာပါ။ အခုတော့ လူးဝစ်ဖွန်စီရဲ့ စံချိန်ချိုးခဲ့တဲ့ ဒီသီချင်းဟာ Vevo အကောင့်ငယ်များစွာ အဟက်ခံရပြီးနောက်မှာ YouTube ကနေ ယာယီ အဖျက်ခံထားရပါတယ်။ ဒက်ဒီရန်ကီး ပါဝင်တဲ့ ဒီသီချင်းဟာ လွှင့်တင်ပြီး ၅ရက်တည်းနဲ့ YouTube မှာ ကြည့်ရှုသူဦးရေ ၅ဘီလီယံအထိ ရရှိခဲ့တဲ့ ပထမဆုံး YouTube Music Video တစ်ခုဖြစ်ခဲ့ပေမဲ့ အခုတော့ အဖျက်ခံထားရပါတယ်။ ကြည့်ရှုသူတွေက play ခလုတ်ကိုနှိပ်တဲ့အခါ သီချင်းဟာ ဆက်ပေါ်မလာဘဲ unavailable ဖြစ်နေတယ်လို့ ဆိုပါတယ်။ သီချင်းဟာ မူလနေရာကိုပဲ ပြန်ရောက်သွားပြီး ကြည့်ရှုသူအရေအတွက်ကိုလည်း အရင်လိုပဲ ပြနေပါတယ်။

ရှာကီရာ၊ ဆယ်လီနာဂိုမက်၊ တေလာဆွစ်ဖ်နဲ့ ဒဲရက်ခ်တို့လို အနုပညာရှင်တွေလည်း ဒီလိုမျိုး တွေ့ကြုံခဲ့ကြရဖူးပါတယ်။ Original music video ကို Vevo ကနေ တင်ခဲ့တာ ဖစ်ပါတယ်။ Prosox နဲ့ Kuroi’sh လို့ခေါ်ကြတဲ့ ဟက်ကာများဟာ ဗီဒီယိုရဲ့အောက်ခြေမှာ “Free Palestine” လို့ ရေးသားထားခဲ့ပါတယ်။

Despacito သီချင်းကို ၂ဝ၁၇ခုနှစ် ဇန်နဝါရီလက ထုတ်လွှင့်ခဲ့ပြီး ကြည့်ရှုသူအရေအတွက် စံချိန်ချိုးခဲ့ပြီး အမေရိကန်နိုင်ငံမှာ ၁၆ပတ်ဆက်တိုက် နံပါတ်တစ် ကြည့်ရှုသူအများဆုံးသီချင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ကြည့်ရှုသူ ၄.၆ဘီလီယံ ရရှိပြီးနောက်မှာ ကမ္ဘာမှာ ကြည့်ရှုသူအများဆုံး သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။ ဂျက်စတင်ဘီဘာ ပါဝင်သီဆိုထားတဲ့ သီချင်းကိုလည်း လူကြိုက်များ ပေါ်ပြူလာ ဖြစ်ခဲ့ပါသေးတယ်။

ဟက်ကာတစ်ဦးရဲ့ တွစ်တာအကောင့်မှာ တင်ထားတဲ့ပို့စ်မှာ “အပျော်သက်သက်လုပ်လိုက်တာပါ။ youtube က ဗီဒီယိုသီချင်းခေါင်းစဉ်ပြောင်းလဲလိုက်တယ်ဆိုတဲ့ စကားကို သုံးပြီး ဟက်လိုက်ပါတယ်” လို့ ရေးသားထားကြောင်း BBC ကနေ ကြေငြာထားပါတယ်။

“ဒီရက်ပိုင်းမှာ သီချင်းဗီဒီယိုများစွာ လုံခြုံရေးပိုင်း ချိုးဖောက်ခံနေရပါတယ်။ ကျွန်တော်တို့ ဒီဗီဒီယိုတွေအားလုံးကို မူလအတိုင်းဖြစ်အောင် ပြန်လည်လုပ်ဆောင်နေပါတယ်။ ဒီချိုးဖောက်မှုရဲ့ အရင်းအမြစ်ကိုလည်း ဆက်လက် ရှာဖွေစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ Vevo channels တွေမှာ မူမှန်မဟုတ်တဲ့ ဗီဒီယိုတွေ တင်လာတာကို သတိထားမိတော့ ဒီလိုဗီဒီယိုတွေ ဝင်ရောက်တင်ခြင်း မပြုလုပ်နိုင်အောင် တားမြစ်ထားပါတယ်” လို့ Vevo ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

Ref : Independent.com.uk

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top