တက္ကသိုလ်ဝင်တန်း မြန်မာဘာသာရပ် ဖြေဆိုရာမှာ သိထားသင့်တာတွေ

yyl-009.jpg
မနက်ဖြန်မှာ စာမေးပွဲစတင်ဖြေဆိုရမယ့် တက္ကသိုလ်ဝင်တန်းမြန်မာစာဘာသာရပ်အတွက်
သိထားသင့်တာလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
အရင်ဦးဆုံး စာမေးပွဲဖြေဆိုတော့မယ်ဆိုရင် မေးခွန်းကို မကျော်ပါနဲ့။ အစဉ်လိုက်ဖြေဆိုပါ။ လက်ရေးလက်သားကိုလည်း သပ်သပ်ရပ်ရပ်ဖြစ်ဖို့ ဂရုစိုက်ရပါမယ်။ မေးခွန်းနံပါတ်ကိုလည်း မှန်အောင်တပ်ရမယ်။ မှန်မမှန် ပြန်စစ်ဆေးဖို့လည်း မမေ့ပါနဲ့။ နာရီကိုလည်း ကြည့်ကြည့်ပေးပါ။ အချိန်လောက်အောင်ဖြေဆိုတတ်ရပါမယ်။

 မြန်မာသဒ္ဒါနဲ့ ဆိုင်တဲ့မေးခွန်းတွေ

ရွေးချယ်ဖြေဆိုရတာဖြစ်တဲ့အတွက် ကိုယ်အပိုင်နိုင်ဆုံး အပုဒ်ကို ရွေးချယ်ဖြေဆိုပေးဖို့လိုပါတယ်။ မပိုင်နိုင်ပဲ ဖြေဆိုမှုကိုတော့ လုံးဝမလုပ်ဆောင်သင့်ပါဘူး။ ရွေးချယ်ပြီးပြီဆိုတာနဲ့ ကိုယ်ဖြေရမယ့် စာကို မြန်မြန်ပြန်ရွတ်ကြည့်ပေးပါ။ ဒါမှ ကိုယ်ဖြေဆိုရမယ့်စာကို တကယ်ရ မရ သိမှပါ။

ဝေါဟာရ အဓိပ္ပာယ်

ဒီဖြေဆိုမှုကတော့ အမှားမခံပါဘူး။ အမှတ်ပြည့် ရနိုင်တဲ့မေးခွန်းဖြစ်သလို အမှားမခံတဲ့မေးခွန်းလည်းဖြစ်ပါတယ်။ ကိုယ်ဖြေရမယ့် ဝေါဟာရအဓိပ္ပာယ်ကို အစဉ်လိုက် ကိုယ်တကယ်ရမရ အရင်ဆုံးရွတ်ကြည့်ပေးပါ။ တကယ်ရတဲ့ ဝေါဟာရကိုတွေ့ရင် အမှန်လေးခြစ်ထားပေးလိုက်ပါ။ နောက်တစ်ခုကို ကြည့်ပြီး အရင်ဆုံးပြန်ရွတ်ကြည့်ပါ။ ဒီအတိုင်း အစဉ်လိုက်သွားပါ။ စာလုံးပေါင်း သတ်ပုံမှန်အောင် သေချာဂရုစိုက်ဖြေဆိုပေးပါ။

ကဗျာမေးခွန်းရှည်

ကိုယ်ဖြေဆိုရမယ့် ကဗျာရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို နားလည်ပါစေ။ မေးခွန်းကတောင်းဆိုထားတဲ့ ဆိုလိုရင်းက အကြောင်းအရာလား၊ အရေးအဖွဲ့လား၊ ခံစားချက်လား ၊ သင်ခန်းစာလား သိသာစွာ ခွဲတတ်ရပါမယ်။ စာလုံးပေါင်း သတ်ပုံဂရုစိုက်ဖြေဆိုရပါ့မယ်။ အချိန်ကို ဂရုစိုက်ဖြေပါ။ နာရီကြည့်ပေးပါ။

စကားပြေမေးခွန်းရှည်

စကားပြေကိုလည်း ကိုယ်ဖြေဆိုရမယ့် အကြောင်းအရာကို ကောင်းမွန်စွာသိရပါမယ်။ ကိုယ်နားလည်လားဆိုတာကို မေးခွန်းကိုဖတ်ကတည်းက ခေါင်းထဲမှာ စဉ်းစားထားရပါမယ်။ အကြောင်းအရာလား ၊ ခံစားချက်လား ဒါတွေကို သိသာစွာ ကွဲပြားရပါမယ်။ စာလုံးပေါင်းသတ်ပုံ သေချာဂရုစိုက်ဖြေဆိုပါ။ အချိန်ကို ဂရုစိုက်ဖြေဆိုပါ။

ရေသည်ပြဇာတ်စကားစပ်နဲ့ မေးခွန်းရှည်

ရေသည်ပြဇာတ်ဖြေဆိုမယ်ဆိုရင် (က၊ကို၊နေရာ၊ချိန်ခါ၊ကြောင်း) ဆိုတဲ့ အချက်ကလေးတွေကိုမမေ့ပါနဲ့။ ဘယ်သူက ဘယ်သူ့ကို ဘယ်နေရာ ဘယ်အချိန်မှာ ဘယ်လိုအကြောင်းအရာတွေပြောဆို ဖြစ်ပျက်သွားတာတွေကို ရှင်းရှင်းလင်းသိရပါမယ်။ရေသည်ပြဇာတ်မှာ ဝေါဟာရ အဓိပ္ပာယ်တွေပါတဲ့အတွက် ဒါတွေကိုလည်း အနက်အဓိပ္ပာယ်ဖွင့်ပြီး ဖြေဆိုပေးရပါမယ်။ဒါကိုလည်း ဂရုစိုက်ပေးပါ။ ရေသည်ပြဇာတ်ဟာ သည်၊၏ မလွဲဖြေဆိုရတဲ့စာမဟုတ်တဲ့အတွက် ဇာတ်လမ်းသဘောသိရင် ဖြေဆိုနိုင်ပါတယ်။ ဘယ်အကြောင်းအရာမေးမေး စိတ်ဓာတ်မကျပါနဲ့ ဖြေဆိုဖြစ်အောင် ဖြေဆိုခဲ့ပါ။

စာစီစာကုံး

ခေါင်းစဉ်ရွေးချယ်ဖြေဆိုရတာဖြစ်တဲ့အတွက် ကိုယ်ပိုင်ပိုင်နိုင်နိုင် ရေးသားခြယ်မှုန်းနိုင်တဲ့ အပုဒ်ကိုရွေးဖြေပါ။ စာစီစာကုံးဖြေမယ်ဆိုရင် လက်ရေးလက်သားကို အတတ်နိုင်ဆုံး ဂရုစိုက်ရပါမယ်။ စာ အရှည်ကြီးလည်းမဖြစ်ပါစေနဲ့ တိုတိုလေးလည်းမဖြစ်ပါစေနဲ့။ စကားလုံးထိထိမိမိနဲ့ ကျစ်ကျစ်လစ်လစ် ရေးရပါမယ်။ အချိန်ကို ကြည့်ပေးပါ။ ခုပြောပြတဲ့အချက်တွေက မြန်မာစာဖြေဆိုတော့မယ်ဆိုရင် ဂရုစိုက်ရမယ့် အချက်တွေပါ။ ဂရုစိုက်နိုင်ကြပါစေ။ တက္ကသိုလ်ဝင်တန်း မြန်မာစာဖြေဆိုရမယ့် ကျောင်းသား ကျောင်းသူအားလုံး ကောင်းမွန်စွာဖြေဆိုနိုင်ကြပါစေ။
Team_yyl
Ref : ကံ့ကော်ကောင်းကင်တက္ကသိုလ်ဝင်တန်းမြန်မာစာဦးသန့်ဇင်၏ လမ်းညွှန်ချက်အား ကိုးကားဖော်ပြပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top