စိတ်လှုပ်ရှား အံ့အားသင့်စရာကောင်းလွန်းနေတဲ့ Mytel ရဲ့ ‘A YAN MITE TAL’ ပရိုမိုးရှင်းအစီအစဉ်သစ်

Mytel.jpg

ဆက်သွယ်စရာနည်းလမ်းအမျိုးမျိုးနဲ့ ဆန်းသစ်တဲ့နည်းပညာတွေအပြည့်ရှိနေတဲ့ ဟောဒီကမ္ဘာမှာ သင်က ဘယ်လိုပုံစံမျိုးနဲ့ နေထိုင်နေတဲ့သူပါလဲ..။အချိန်ပြည့် အွန်လိုင်းမှာရှိနေတတ်တဲ့ ဒေတာအများအပြား သုံးစွဲတတ်သူတစ်ယောက်လား … ဒါမှမဟုတ်

ဖုန်းခေါ်ဆိုမှုတွေအများအပြားလုပ်နေရတတ်တဲ့ ပြောနိုင်စိန်တစ်ယောက်လား … ဒါမှမဟုတ်ရင် စာတိုတွေပို့ပြီး ဆက်သွယ်ရတာကိုပဲ သဘောကျနှစ်ခြိုက်သူတစ်ယောက်လား..။

အပေါ်မှာမေးခဲ့တဲ့ ပုံစံအားလုံးအတွက်ကို အဆင်ပြေစေမယ့် စိတ်လှုပ်ရှားစရာအစီအစဉ်တစ်ခု ရှိနေတယ်ဆိုရင်ကော…အရမ်း စိတ်ဝင်စားပြီး သိချင်နေပြီလို့ ထင်ပါတယ်…။ အစတုန်းကတော့ “မိုက်တယ်” လို့ ခေါ်ပြီး အခု “အရမ်းမိုက်တယ်” လို့ ခေါ်တဲ့ အစီအစဉ်အသစ်တစ်ခုကို Mytel က မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီအစီအစဉ်သစ်က နာမည်နဲ့ လိုက်အောင်လည်း အရမ်းမိုက်နေတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

အဲ…ခဏလေး…သင်က အရင်ကတည်းက Mytel ကိုသုံးနေခဲ့သူဆိုရင် Mytel ရဲ့ အံ့အားသင့်စရာ ပရိုမိုးရှင်း အစီအစဉ်တွေကို တွေ့ကြုံခံစားရပြီး ဖြစ်မှာပါ။
ဒါပေမဲ့ ခုမှစသုံးမယ့် သုံးစွဲသူအသစ်ဆိုရင်တော့ စိတ်လှုပ်ရှားစရာတွေက သင့်ဆီကိုရောက်လာပါတော့မယ်။ Mytel ဆင်းကတ်ကို စပြီးသုံးပြီဆိုတာနဲ့ ရက် ၃၀ သုံးစွဲနိုင်မယ့် ဒေတာ 1 GB နဲ့ Mytel အချင်းချင်း ဖုန်းပြောဖို့ မိနစ် ၅၀ စာ ကို ရမှာပါတဲ့။ ဒါ့အပြင်ကို ခေါ်ဆိုသူက ပြန်လည်နားဆင်နိုင်တဲ့ တေးသီချင်းသံ စနစ်ကိုလည်း ရက် ၆၀ စာ အခမဲ့ သုံးခွင့်ရပါဦးမယ်။
အရမ်းမိုက်တယ် အစီအစဉ်ကလည်း သင့်ကို ငွေဖြည့်တိုင်း ငွေဖြည့်အပိုဆု ၁၂၀ % ပြန်ပေးဦးမှာ ဖြစ်ပါတယ်။ အံ့ဩသွားလို့ ဒီစာကြောင်းကို နှစ်ခါပြန်ဖတ်မိသွားမလား…ဒါက တကယ်ကိုဟုတ်ပါတယ်။ ၅၀% အပိုဆု တောင်ရဖို့ ခက်ခဲလှတဲ့ အနေအထားတွေကြားမှာ အခု သင်က ဘယ်နေ့ရက် ဘယ်အချိန်မှာမဆို ဖုန်းငွေ ဘယ်လောက်ဖြည့်ဖြည့် ၁၂၀% ငွေဖြည့်အပိုဆုကို ရနိုင်တော့မှာပါ။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး…ကျန်ပါသေးတယ်။ ကိုယ်ဝယ်ယူလိုက်တဲ့ ပက်ကေ့ဂ်ျဈေးနဲ့ ညီမျှတဲ့ အခမဲ့ စာတိုအရေအတွက်ကိုလည်းရဦးမှာပါ။ ၄၀၀၀ တန် ပက်ကေ့ဂ်ျကိုဝယ်ရင် အခမဲ့စာတို ၄၀၀၀ အပြင် အပို ဒေတာနဲ့ ဖုန်းပြောဖို့မိနစ်တွေလည်း ရနိုင်မှာ ဖြစ်ပါတယ်။ Mytel ရဲ့ နောက်ထပ်ပက်ကေ့ဂ်ျတစ်ခုဖြစ်တဲ့ “Best inTown” ဆိုတဲ့ ပက်ကေ့ဂ်ျကလည်း သဘောကျစရာကောင်းနေပါတယ်။ ၉၆၈ ကျပ်တည်းပေးဝယ်ရုံနဲ့ ဒေတာ 1024 MB နဲ့ အခမဲ့စာတို 1024 စောင်ရနိုင်မှာ ဖြစ်လို့ပါ။

ဒီလိုဆိုတော့ ဒေတာတွေကို ချွေတာပြီး စာတိုလေးတွေနဲ့ ပိုလို့ဆက်သွယ်နိုင်ပြီပေါ့…။ ကိုယ်ချစ်ရတဲ့သူ၊ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေဆီကို စာတိုတွေ တဝကြီးသာ ပို့လိုက်ပါတော့။ စာတိုတွေအတွက်ချွေတာထားလိုက်တဲ့ ဒေတာပမာဏတွေကို ဂိမ်းဆော့မယ်၊ ရုပ်ရှင်တွေကြည့်မယ်၊ တခြား Live Streaming တွေ ကြည့်ကြမယ်လေ…။

ဒီအစီအစဉ်သတင်းတွေကို သင် အခုမှ ဖတ်မိတာလား…ဒါဆိုလည်း နောက်ကျသွားမှာ ဘာ ညာ ဘာမှ စိတ်ပူနေစရာတော့မရှိပါဘူး…ဒီပရိုမိုးရှင်းအစီအစဉ်က စက်တင်ဘာ 1 ရက်နေ့က စတင်လိုက်တာဖြစ်ပြီး နိုဝင်ဘာ 30 ရက်အထိ ရှိနေမှာပါ။ ကဲ..အရမ်းမိုက်တယ် ကတော့ အရမ်းတွေမိုက်နေပါပြီ။ အရမ်းမိုက်တဲ့ စိတ်လှုပ်ရှားစရာ အစီအစဉ်တွေကို ကိုယ်တိုင် သုံးစွဲပြီး ခံစားကြည့်လိုက်ပါ။

Team (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top