VIU ရဲ့ပရီမီယမ်ဇာတ်လမ်းတွဲများကို သုံးစွဲသူများ အခမဲ့ကြည့်ရှုနိုင်ရန် Mytel နဲ့ VIU ပူးပေါင်း

Mytel-x-VIU.jpg

Mytel က MyID VIU Movie လို့ခေါ်တဲ့ အသစ်စက်စက် စိတ်ဝင်စားဖွယ် ဖျော်ဖြေရေးဝန်ဆောင်မှုကို MyID အက်ပလီကေးရှင်းတွင် မိတ်ဆက်ပေးခဲ့ပါတယ်။ Mytel က VIU နှင့် ပူးပေါင်းပြီး VIU ပလက်ဖောင်းကို MyID အက်ပလီကေးရှင်းရဲ့ ဝန်ဆောင်မှုတစ်ခုအဖြစ် ပေါင်းစပ်လိုက်ခြင်းဖြစ်ပါတယ်။ Mytel က MyID အသုံးပြုသူများအတွက် အခုဝန်ဆောင်မှုအသစ်ကို မိတ်ဆက်ပေးခဲ့ပြီး အကောင်းဆုံး ပရီမီယမ်ရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ အပြင် အခြားအခြားသော ဝန်ဆောင်မှုများကို ကြည့်ရှု့ခံစားရန်အတွက် တစ်ခြားအက်ပလီကေးရှင်းများကို ဒေါင်းလုတ်လုပ်ကာ လစဉ်ကြေးများ ထပ်မံပေးဆောင်ရန်မလိုပဲ အက်ပလီကေးရှင်းတစ်ခုထဲတွင် ရယူနိုင်မှာဖြစ်ပါတယ်။

အခုလို Mytel နဲ့ VIU တို့ပူးပေါင်းခြင်းဟာ MyID သုံးစွဲသူများအတွက် ရုပ်ရှင်ကြည့်ရှုသောအခါ အကောင်းဆုံး streaming အတွေ့အကြုံအား ပေးနိုင်ရန် ရည်ရွယ်ပါတယ်။ သုံးစွဲသူများအနေဖြင့် VIU ရဲ့ ပရီမီယမ်ဇာတ်လမ်းတွဲများကို ကြည့်ရှုရန် မိမိဖုန်းထဲတွင် အခြား အက်ပလီကေးရှင်းရှိရန်မလိုအပ်ပဲ MyID တွင် ထပ်မံထည့်သွင်းလိုက်သော MyID VIU ဝန်ဆောင်မှု မှ တစ်ဆင့် အလွယ်တကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အခုဝန်ဆောင်မှုသည် VIU အက်ပလီကေးရှင်းမှ ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ အားလုံးကို MyID မှတစ်ဆင့် ကြည့်ရှုနိုင်ဖို့ဖြစ်ပါတယ်။ ဒါ့အပြင် အထူးခံစားခွင့်တစ်ရပ်အနေဖြင့် Mytel သုံးစွဲသူများက VIU အက်ပလီကေးရှင်းတွင် သီးသန့်အနေဖြင့် ပရီမီယံဇာတ်လမ်းတွဲများကို အခမဲ့ ဒေါင်းလုပ်ရယူ၍ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူများသည် ဤ MyID VIU ဝန်ဆောင်မှု နှင့် ဂိမ်းများကို Google Play Store နှင့် App Store မှာ ဒေါင်းလုတ်လုပ်ပြီး ရယူနိုင်ပါတယ်။

မကြာသေးမီကပင် Mytel က MyID အက်ပလီကေးရှင်းတွင် သုံးစွဲသူများ စိတ်ဝင်စားအပျင်းပြေစေမည့် ဂိမ်းများဖြစ်သော ပျော်စရာတင်းနစ် ၊ ဝက်ဖိုက်တာ ၊ ဝက်ဘောလုံး ၊ သေနတ်ပစ်သမား နှင့် အအေးမိုင်းတွင်း အစရှိသည့် ဂိမ်း ၅မျိုးကို မိတ်ဆက်ခဲ့ပါသေးတယ်။ အသုံးပြုသူများက ဂိမ်းများကို အခမဲ့ကစားနိုင်သကဲ့သို့ ပြိုင်ဘက် အခြားကစားသမားများနှင့်လည်း လောင်းကြေးထပ်ကစားခြင်းဖြင့် အနိုင်ရရှိလျှင် ဂိမ်းဒင်္ဂါးများ၊ ချန်ပီယံရှစ်ရမှတ်များနှင့် အပတ်စဉ်နှင့်လစဉ်ဆုများ ရရှိနိုင်ရန် အခွင့်အလမ်းများကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဂိမ်းဒင်္ဂါးများကို သုံးစွဲသူများရဲ့လက်ကျန်ငွေကို အသုံးပြု၍ ဝယ်ယူနိုင်ပြီး Mytel ဒေတာ နှင့် On-net Voice များကိုလည်း ဂိမ်းဒင်္ဂါးများဖြင့် ပြန်လည် လဲလှယ်နိုင်မှာဖြစ်ပါတယ်။ ကစားသမားတိုင်းရဲ့ အနိုင်ရရှိထားသော ချန်ပီယံရှစ်အမှတ်စုစုပေါင်းကို ဂိမ်းရဲ့ မူလစာမျက်နှာပေါ်ရှိ အမှတ်ပေးဇယားမှာ ဖော်ပြနေမှာဖြစ်ပြီး မိမိရောက်ရှိနေသော အဆင့်ကို အပတ်စဉ် ပြန်လည်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ အမှတ်ပေးဇယားမှ အမှတ်အများဆုံးရရှိသူ ၁၀ ယောက်ကို အပတ်စဉ်အနိုင်ရရှိသူများအဖြစ် ရွေးချယ်သွားမှာ ဖြစ်ပြီး အဲဒီလူတွေကို အပတ်စဉ်ဆုကြေးအဖြစ် ငွေကျပ် ၅သိန်းတိတိအား MytelPay e-Money မှတစ်ဆင့် ပေးအပ်သွားမှာဖြစ်ပါတယ်။ လစဉ်အနိုင်ရရှိသူကို “Golden Pot ကံထူးရှင်” အဖြစ် ကျပန်းကျရွေးချယ်ကာ e-Money ဆုများ ထပ်မံပေးအပ်သွားမှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top