Mytel မှ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ E-Government စနစ်ဖော်ဆောင်ရန် လိုအပ်သည့် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းခဲ့

31.jpg

ရန်ကုန်၊ မြန်မာ – ၁၈ ရက်နေ့ ဩဂုတ်လ၊ ၂၀၂၀ ခုနှစ် – မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytelသည် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအတွက် E-Government စနစ် အကောင်အထည်ဖော်ဆောင်ရာတွင် အသုံးပြုရန် laptop ကွန်ပျူတာများ ၊ Video Conferencing System နှင့် အင်တာနက်တပ်ဆင်ခြင်းများပြုလုပ်ကာ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သတ်သော ပစ္စည်းများကို လွှဲပြောင်း လှူဒါန်းခဲ့ပါသည်။

ဤလွှဲပြောင်းလှူဒါန်းပွဲအခမ်းအနားကို နေပြည်တော်ရှိ ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ Mytel၏ အမှုဆောင်အဖွဲ့ဥက္ကဌ ဦးခင်မောင်စိုးနှင့် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။ ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် မြန်မာနိုင်ငံသားများအတွက် ပိုမိုသာလွန်ကောင်းမွန်သော ဆက်သွယ်ရေး နည်းပညာများနှင့် ဆန်းသစ်ပြီ အဖိုးနှုန်းချိုသာသော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို စဉ်ဆက်မပျက် ပေးလျှက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံနဲ့ ပြည်သူလူထုအတွက် အကျိုးရှိစေမည့် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိပါသည်။

“Mytelဟာ သုံးစွဲသူများ၏နေစဉ်လူနေမူဘဝ လိုအပ်ချက်တွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်ရန် လူမှုအကျိုးပြု လုပ်ငန်းတွေကို ရေရှည်စီမံကိန်းချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ ဒီနေ့ပြုလုပ်တဲ့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကို E-government ဖော်ဆောင်ဖို့ လိုအပ်တဲ့ ဆက်သွယ်ရေး ဝန်ဆောင်မှုနဲ့ ဆက်စပ်ပစ္စည်းတွေ လွှဲပြောင်း လှူဒါန်းတာမျိုးဟာလည်း လူမှုအကျိုးပြုလုပ်ငန်းများထဲက တစ်ခုအပါဝင် ဖြစ်ပါတယ်။ အခုလို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ E-government စနစ်

အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်မှာ Mytel အနေနဲ့ တစ်ဖက်တစ်လမ်းကပါဝင် အားဖြည့်ပံ့ပိုးပေးနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူရသလို အခုလိုလက်တွဲလုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း အထူးကျေးဇူးတင်မိပါတယ်။ နောက်နောင် တွင်လည်း Mytel က နိုင်ငံနဲ့ ပြည်သူလူထု အတွက် အကျိုးရှိမယ့် လူမှုအကျိုးပြု လုပ်ငန်းတွေကို မိမိတို့ တတ်စွမ်းသ၍ လုပ်ဆောင်ပေးသွားမှာပါ။” ဟု Mytel ၏ အမှုဆောင်အဖွဲ့ ဥက္ကဌ ဦးခင်မောင်စိုးက အခမ်းအနားတွင် ပြောကြားသွားခဲ့ပါသည်။

ဆက်လက်၍ ဦးခင်မောင်စိုးက “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဟာ အမျိုးဘာသာသာသနာထိန်းသိမ်း စောင့်ရှောက်ရေးလုပ်ငန်းတွေ၊ သာသနာထွန်းကားပြန့်ပွားရေး ဆိုင်ရာလုပ်ငန်းတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ထိန်းသိမ်းမှု လုပ်ငန်းတွေနဲ့ ယဉ်ကျေးမှု အသိပညာပြန့်ပွားရေးဆိုင်ရာလုပ်ငန်းတွေကို အဓိကထားဆောင်ရွက်နေတဲ့ ဝန်ကြီးဌာန တစ်ခု ဖြစ်ပါတယ်။ ဒီကြောင့် အခုလို အရေးကြီးတဲ့လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တစ်ဖက်တလမ်းမှ အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပြီး လှူဒါန်းရခြင်းဖြစ်ပါတယ်။” ဟုပြောဆိုခဲ့ပါသည်။

ယနေ့ပြုလုပ်သော အခမ်းအနားတွင် Mytel မှ စုစုပေါင်း ကာလတန်ဖိုးကျပ် (၂,၀၃၅) သိန်း တန်ဖိုးရှိသော computer laptop အလုံး (၅၀)၊ Video Conferencing System (၆)ခု နှင့် Fiber Optic Cable အသုံးပြုထားသော မြန်နှုန်းမြင့် အင်တာနက် (၁၆၀) Mbps (၃) နှစ်စာအခမဲ့အင်တာနက်တပ်ဆင်ခြင်းများကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ E-Government ဖော်ဆောင်ရေး လုပ်ငန်းစဉ်အတွက် လှူဒါန်းခဲ့ပါသည်။ Mytel သည် Fiber Optic Cable သုံး မြန်နှုန်းမြင့် အင်တာနက်ကို ရန်ကုန်နှင့် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ရုံးချုပ် (၃) နေရာ၊ မန္တလေးရှိ နိုင်ငံ​တော်ပရိယတ္တိ သာသနာ့တက္ကသိုလ်၊ ရန်ကုန်နှင့် မန္တလေးရှိ အနုပညာနှင့် ယဉ်ကျေးမှုတက္ကသိုလ်အစရှိသည့် နေရာ (၆) နေရာတွင် တပ်ဆင်ပေးသွားမည်ဖြစ်သည်။

Mytel သည် စတင်ထူထောင်ခဲ့ချိန်မှစ၍ ယနေ့အထိ လူမှုအကျိုးပြုလုပ်ငန်းများစွာကို အလေးပေး လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် Mytel သည် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးရုံးများ နှင့် အခြားသော အဖွဲ့အစည်းတို့အတွက် နေရာပေါင်း (၄၄၆) နေရာတွင်အင်တာနက် တပ်ဆင်ခြင်းများကို ပြုလုပ်ပေး ခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် အမရပူရဒေသမှ ရေဘေး ဒုက္ခသည်များကို စားသောက်ကုန်များထောက်ပံ့ခြင်း၊ Covid 19 ကပ်ရောဂါ စတင်ဖြစ်ပွားသည့် အချိန်ကစပြီး ယခုအချိန်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် လူထုအတွက်အကျိုးရှိစေမည့် လှုဒါန်းခြင်းများကို စဉ်ဆက်မပြတ်ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် Mytel သည် လူမူဘဝ အခက်အခဲကြုံနေရသည့် မိသားစုများမှ ကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးအတွက် ထောက်ပံ့မှုများ ပြုလုပ်ရန် Empower My Children ဖောင်ဒေးရှင်းကိုလည်း ထူထောင်ထားရှိပြီဖြစ်ပါသည်။ လက်ရှိတွင် ဤဖောင်ဒေးရှင်းသည် ရန်ကင်းကလေးဆေးရုံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ခွဲစိတ်မှုခံယူရန်အခက်အခဲရှိ/ နေ သော မွေးရာပါ နှလုံးရောဂါသည်ကလေးငယ်များအတွက် လိုအပ်သော ထောက်ပံ့မှုများ ပြုလုပ်ပေးလျက် ရှိသည်။

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော အကောင်းဆုံး အော်ပရေတာ Mytel သည်
ခေတ်မီဆန်းသစ်သော နည်းပညာများကိုအသုံးပြုပြီ အဖိုးနှုန်းသက်သာသည့် သုံးစွဲသူများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေမည့် ဆက်သွယ်ရေး ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးစား ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာပြည်သူ ပြည်သားများအတွက်ဖွံ့ ဖြိုးတိုးတက်သော အနာဂတ်နှင့် မြင့်မာသော လူနေမူဘဝရရှိရန် Mytel သည် ဆန်းသစ်သောတီထွင်မှုများ၊ ကောင်းမွန်သော ဝန်ဆောင်မှုများပေးရင်း လူထုအတွက်အကျိုးရှိမည့် လူမှုအကျိုးပြုလုပ်ငန်းများကို လည်းတစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top