Mytel မှ “Empower My Children” ဖောင်ဒေးရှင်းမှတစ်ဆင့် ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှုအတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီလှူဒါန်း

Mytel_Empower-1.jpg

မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ အနာဂတ်ဘဝသာယာလှပါစေရေး သက်သာဖူလုံစေရေးအတွက် ရည်ရွယ်ပြီး တည်ထောင်ထားသည့် “Empower My Children” ဖောင်ဒေးရှင်းမှတစ်ဆင့် မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် ၃၄ ဦးအား ခွဲစိတ်ကုသမှု အတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီပေးခဲ့ပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။ အနာဂတ်တွင် အဆိုပါ “Empower My Children” ဖောင်ဒေးရှင်းမှ တစ်ဆင့် မြန်မာနိုင်ငံကို အကျိုးပြုသည့် ခေါင်းဆောင်များဖြစ်လာမည့် ရင်သွေးငယ်များ၏ ဘဝများအား ကျန်းမာရေး ကဏ္ဍတွင်သာမက ပညာရေးကဏ္ဍတွင်ပါ တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးမြှင့်တင့်ပေးသွားရန် ရည်ရွယ်ထား ကြောင်းကိုလည်း အသိပေးကြေညာခဲ့သည်။

“Empower My Children” ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ကလေးငယ်များ၏ ဘဝများစွာ ကိုသာယာလှပစေမည့် Mytel ၏ ရေရှည်စီမံကိန်းကြီးမှ ပထမဦးဆုံး ခြေလှမ်းတစ်ခုလည်း ဖြစ်သည်။ ထို စီမံကိန်း၏ လှူဒါန်းကူညီမှုတိုင်းအတွက် ၁၀၀ ရာခိုင်နှုန်းအပြည့် ငွေကြေးထောက်ပံ့မှုများပြုလုပ်နေ ပြီး တစ်လလျှင် ကန်ဒေါ်လာ ၅၀,၀၀၀ အသုံးပြုမည့်ဖောင်ဒေးရှင်း တစ်ခု လည်းဖြစ်ပါသည်။

Mytel သည် ယခုကဲ့သို့ ကလေးငယ်များအား ကူညီပံ့ပိုးရန် ရည်ရွယ်ပြီး “Empower My Children” ဖောင်ဒေးရှင်းအား Mytel ၏ (၂)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဇွန်လ ၅ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် တရားဝင်စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။ “Empower My Children” ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာများအနက် ပထမဦးဆုံး ပေါ်ပေါက်လာသည့် ပရဟိတဖောင်ဒေးရှင်းလည်း ဖြစ်ပါသည်။ ဖောင်ဒေးရှင်းစတင်ချိန်မှ ယနေ့အချိန်အထိ မွေးရာပါနှလုံးရောဂါရှိသော ကလေးငယ် (၃၄) ဦးအား ခွဲစိတ်ကုသမှုအတွက်လိုအပ်သော ငွေကြေးများကို ထောက်ပံ့ကူညီ လှူဒါန်းခဲ့ပြီးပြီ ဖြစ်ရာ ယခုအခါတွင် စုစုပေါင်းလှူဒါန်းမှု ကျပ်သိန်း ၈၅၀ ထိ လှူဒါန်းခဲ့ပြီး ဖြစ်ပါသည်။ နောင်အနာဂတ်တွင်လည်း မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ပိုမိုတောက်ပသော အနာဂတ်များကို ရှေးရှုကာ ယခုကဲ့ သို့သော ထောက်ပံ့ကူညီလှူဒါန်းမှုများကို တစ်ဖက်တစ်လမ်းမှ ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း Mytel မှ ကတိကဝတ်ပြုခဲ့သည်။

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှု၍ ဆက်သွယ်ရေးဝန်ဆောင်မှုများကို ကုန်ကျစရိတ် သက်သာစွာ အသုံးပြုနိုင်ရန်အတွက် အကောင်းဆုံး အော်ပရေတာ Mytel သည် ယခုကဲ့သို့ ခက်ခဲကြပ်တည်းသော အချိန်ကာလအတွင်း ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သော အတွေ့အကြုံများ ပေးနိုင်ရန် တီထွင် ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် Mytel သည် သုံးစွဲသူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတတ်ရေးအတွက်လည်း တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနိုင်ရန်အတွက် လိုအပ်သော ဆန်းသစ်တီထွင်မှုများ နှင့် ဝန်ဆောင်မှုများအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် အစဉ်အမြဲကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top