Mytel မှ တန်ဆောင်တိုင် အထူးကံစမ်းမဲအစီအစဉ်၏ ကံထူးရှင်များထံ iPhone 12 မိုဘိုင်းဖုန်းများ လွှဲပြောင်းပေးအပ်

Mytel-Tazaungdaing-MG-Campaign-3.jpg

မြန်မာနိုင်ငံ၏ ဂရုအစိုက်ဆုံး အော်ပရေတာ Mytel သည် သုံးစွဲသူများကိုကျေးဇူးတုံ့ပြန်သည့်အနေဖြင့် တန်ဆောင်တိုင်ကာလတွင် “တန်ဆောင်တိုင် MG” အထူးကံစမ်းမဲ အစီအစဉ်ကို နိုဝင်ဘာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်ပြီး Mytel Myanmar ၏ လူမှုစာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ကာ ကံထူးရှင်များကို ရွေးချယ်ပေးခဲ့ပါသည်။ ဤအစီအစဥ်သည် တန်ဆောင်တိုင်ကာလတွင် Mytel အသုံးပြုခြင်းဖြင့် လက်ဆောင်များ ရယူနိုင်အောင် ပြုလုပ်ပေးထားသည့် အထူးအစီအစဥ်တစ်ခု ဖြစ်ပြီး အထူးဆုအဖြစ် နောက်ဆုံးပေါ် iPhone 12 (၄) လုံးနှင့်အတူ အခြားသော တယ်လီကွန်းဆုများကို မဲဖောက်ပေးခဲ့သည်။

တန်ဆောင်တိုင်ပိတ်ရက်များတွင် တိုက်ရိုက်ထုတ်လွှင့်ကျင်းပခဲ့သော ယင်းအစီအစဉ်ကို Mytel သုံးစွဲသူများသည် 966 သို့ MG ဟုပေးပို့ကာ ပါဝင်ခဲ့ကြပြီး အထူးဆု iPhone 12 (၄) လုံးနှင့် အခြားတယ်လီကွန်းဆုများကို ကံစမ်းခဲ့ကြသည်။

ဤကံစမ်းမဲအစီအစဉ်၏ အထူးဆု ဖြစ်သည့် iPhone 12 (၄) လုံးကို ကံထူးရှင်များဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်မှ မဝါဝါလွင်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှ ကိုဇေယျာဟန်၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ကိုစိုးထက်အောင် နှင့် ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်မှ ကိုစိုင်းမောင်မောင်တို့ထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလက သက်ဆိုင်ရာ Mytel ရုံးခွဲများတွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

Mytel သည် တစ်မူထူးခြားစွာဖြင့် ယခုကဲ့သို့ “တန်ဆောင်တိုင် MG” အထူးကံစမ်းမဲ အစီအစဉ်ကို တန်ဆောင်တိုင် အစိုးရရုံးပိတ်ရက်များတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောင်အနာဂတ်များတွင်လည်း သုံးစွဲသူများအတွက် ယခုကဲ့သို့သော အထူးအစီအစဥ်များကို ပြုလုပ်ပေးသွားနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာလူမျိုးတို့၏ အကျိုးစီးပွားကိုရှေးရှုသော ဂရုအစိုက်ဆုံးအော်ပရေတာ Mytel သည် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် သုံးစွဲသူများအား အထောက်အပံ့ ဖြစ်စေနိုင်မည့် အတွေ့အကြုံကောင်းများကို ပေးစွမ်းနိုင်ပြီး မြန်မာလူမျိုးတို့၏ သုံးစွဲမှုအလေ့အထနှင့် ကိုက်ညီသည့် အရည်အသွေးပြည့်မီကောင်းမွန်သော ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ Mytel သည် အသုံးပြုသူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဆန်းသစ် တီထွင်မှုများနှင့် ဝန်ဆောင်မှုများအား ပံ့ပိုးပေးနိုင်ရန် အထူးအာရုံစိုက်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top