Mytel က သီတင်းကျွတ်အချိန်အခါသမယမှာ သုံးစွဲသူတွေအတွက် မေတ္တာလက်ဆောင်တွေရယူနိုင်မယ့် My Garawa အစီအစဉ် မိတ်ဆက်

My-Garawa.jpg

Mytel က သီတင်းကျွတ်အခါသမယမှာ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်သောအနေနဲ့ “My Garawa” ပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလိုမင်္ဂလာရှိတဲ့ သီတင်းကျွတ်အချိန်အခါသမယမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှုနဲ့ ပေးကမ်းမျှဝေကြတဲ့အချိန်အခါဖြစ်တဲ့အတွက် Mytel ကလည်း ဂါရဝတရားရှေ့ထားကာ သုံးစွဲသူတွေအတွက် သီတင်းကျွတ်မေတ္တာလက်ဆောင်တွေရယူနိုင်မယ့် ပရိုမိုးရှင်း အစီအစဉ် အပြင် ပျော်ရွှင်စရာ “My Garawa” ဂိမ်းကို MyID အက်ပလီကေးရှင်းမှာ အသစ်ထပ်မံထည့်သွင်းမိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။

ဒီပရိုမိုးရှင်းအစီအစဉ်က ၂၀၂၀၊ စက်တင်ဘာလ ၁၆ ရက်နေ့ ကနေ ၂၀၂၀၊ ဒီဇင်ဘာလ ၉ ရက်နေ့အထိဖြစ်ပြီး အခုအစီအစဉ်မှာ ပါဝင်နိုင်မယ့် နည်းလမ်း ၃ မျိုးကတော့
၁။ သုံးစွဲသူများက USSD 966 ၊ Infinity Plan နှင့် Mytel Pay မှတစ်ဆင့် Mytel ပတ်ကေ့ချ်များ (၂၀၀ကျပ်နှင့်အထက်) ကိုဝယ်ယူခြင်း(သို့) အခြားသူတစ်ဦးထံမေတ္တာလက်ဆောင်အဖြစ်ပေးပို့ခြင်း၊
၂။ ၁,၀၀၀ကျပ်နှင့်အထက် ဖုန်းငွေဖြည့်သွင်းခြင်းနှင့်
၃။ Mytel FTTH ပတ်ကေ့ချ်များအတွက် လစဉ်ကြေးပေးဆောင်ခြင်းတို့ပါပဲ။

အထက်ပါ လုပ်ဆောင်ချက်တစ်ခုခုကိုပြုလုပ်တိုင်း အထူးဆုကြီးကိုကံစမ်းနိုင်မယ့် Lucky ကုဒ်တစ်ခု၊ တယ်လီကွန်း ဆုကြီးတွေ လက်ငင်းရရှိနိုင်မယ့် အခွင့်အရေးနဲ့ “My Garawa” ဂိမ်းကို ကစားနိုင်မယ့် အကြိမ်ရေတွေကို ရရှိမှာဖြစ်ပါတယ်။ My Garawa ဂိမ်းကစားပြီး ဆင်းမ်ကဒ်တွေစုဆောင်းခြင်းဖြင့် အထူးဆုကြီးတွေဖြစ်တဲ့ Hyundai Grand i10 ကား(၁၀)စီး၊ Honda Scoopy မော်တော်ဆိုင်ကယ်အစီး (၂၀) နဲ့ အခြားဆုကြီးပေါင်းများစွာ ကိုကံစမ်းပိုင် ဆိုင်နိုင်မှာဖြစ်ပါတယ်။ ဂိမ်းထဲမှာ S1 ကနေ S10 အထိ ဆင်းမ်ကဒ်တွေကို စုဆောင်းရမှာဖြစ်ပြီး တစ်ကြိမ်ကစားပြီးတိုင်းမှာလည်း Mytel ဒေတာတွေ၊ MytelPay E-money ဆုတွေနဲ့ Loyalty ပွိုင့်လို တယ်လီကွန်းဆုကြီးတွေကိုလည်း ချက်ချင်း ရရှိနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူတွေက သီတင်းကျွတ်အခါသမယကို “My Garawa” ပရိုမိုးရှင်းနဲ့ မိမိချစ်ခင်သူတွေနဲ့ ပျော်ရွင်ကြည်နူးစွာဖြတ်သန်းနိုင်မယ်လို့ မျှော်လင့်မိပါတယ်နော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top