Mytel မှ မြန်မာလူထုအတွက် လိုအပ်သောထောက်ပံ့မှုကို COVID-19 ကပ်ရောဂါကျရောက်နေချိန်တွင် ပံ့ပိုးကူညီပေးလျက်ရှိ

Mytel-Together.jpg

ရန်ကုန်၊ မြန်မာ – ၁၆ ရက်၊ အောက်တိုဘာ၊ ၂၀၂၀ ခုနှစ် – မြန်မာနိုင်ငံအတွင်း၌ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့ပွားလျက်ရှိ‌သည်မှာ ယခုအခါ လပေါင်းအတန်ကြာခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytel သည် ဤကာလအတွင်းတွင် ပြည်သူများနှင့် တစ်သားတည်းအတူရှိကာ လူထုအကျိုးရှိစေမည့် လုပ်ဆောင်ချက်များ၊ လှူဒါန်းမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ ကပ်ရောဂါစတင်ဖြစ်ပွားသည့်အချိန်မှ စတင်၍ စဉ်ဆက်မပြတ် လှူဒါန်းမှုများ ပြုလုပ်နေခဲ့ကာ ယခုအခါ Mytel မှ ငွေကျပ်သိန်းပေါင်း ၂,၃၀၀ ခန့်ရှိသော လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ COVID 19 ကပ်ရောဂါ ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် Mytel အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်လည်း‌ကောင်း၊ တိုင်း/ပြည်နယ်ဒေသကြီးအစိုးရအဖွဲ့များနှင့်လည်းကောင်း၊ လူမှုရေးအဖွဲ့အစည်းများနှင့်လည်းကောင်းပူးပေါင်း၍ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ခဲ့သည်မှာ ကပ်ရောဂါစတင် ဖြစ်ပွားစဉ်ကတည်းကပင်ဖြစ်သည်။

Mytel သည် ၂၀၂၀ ဧပြီလ ၇ ရက်နေ့တွင် “Together We Fight COVID-19” ဟူသော ကမ်ပိန်းကို စတင်ခဲ့ပြီး ဤကမ်ပိန်းမှတဆင့် လှူဒါန်းမှုများစွာကို ပြုလုပ်ခဲ့ပါသည်။
“Together We Fight COVID-19” ဖြင့် Mytel မှ ငွေကြေးလှူဒါန်းခြင်းသာမက ခွဲစိတ်ခန်းသုံးမျက်နှာဖုံးများ၊ ဆေးရုံများ၊ ကွာရန်တင်း စင်တာများနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာရုံးများတွင် မြန်နှုန်းမြင့် အင်တာနက်လိုင်းများ၊ WIFI router များနှင့် တယ်လီကွန်းဝန်ဆောင်မှုများ တပ်ဆင်ခြင်း၊ နိုင်ငံတစ်ဝန်းရှိ ဈေးများတွင် social distancing ကျင့်သုံးနိုင်ရန် ရွက်ဖျင်ထီး လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထို့ပြင် ပြည်နယ်နှင့်တိုင်း‌ဒေသကြီးများရှိ Mytel ၏ ရုံးခွဲများမှလည်း ကွာရန်တင်းစင်တာများ တွင် အဆင်ပြေနိုင်စေရန်အတွက် အောက်စီဂျင်စက်များ၊ ဆန်အိတ်များ၊ ရေပုံးများနှင့် ယာယီတဲများကိုလည်း လှူဒါန်းခဲ့ပါသည်။ ထိုမျှမက Mytel သည် ပြည်သူလူထုများအတွက် အထောက်အကူ ဖြစ်စေရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကာ COVID-19 နှင့်ပတ်သတ်သော ကျန်းမာရေး အသိပညာများကို Facebook တွင် Live stream ထုတ်လွှင့်ခြင်းများ ပြုလုပ်ခဲ့သည်သာမက ပြည်သူများအနေဖြင့် COVID-19 နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို တစ်နေရာထဲတွင် အလွယ်သိရှိရယူနိုင်စေရန် MyID အက်ပလီကေးရှင်းတွင် COVID-19 icon ကိုလည်း ထည့်သွင်းပေးခဲ့ပါသည်။

ထို့ပြင် “Together We Fight COVID-19” ကမ်ပိန်းတွင် အထူးအစီအစဉ်တစ်ခုအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကို အများပြည်သူများက SMS မှတဆင့် ပါဝင်လှူဒါန်းနိုင်အောင်လည်း အခမဲ့ဝန်ဆောင်မှုများပြုလုပ်ပေး ခဲ့ပါသည်။ ထို SMS မှတဆင့် ပေးလှူသည့်အစီအစဉ်တွင် Mytel သုံးစွဲသူများစွာ မှပါဝင်လှူဒါန်းခဲ့ပြီး စုစုပေါင်း မြန်မာကျပ်ငွေ ၁၂,၀၀၀,၀၀၀ ကျပ်ကို လက်ခံရရှိခဲ့ပါသည်။ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် Mytel မှ တစ်တပ်တစ်အားပါဝင်နေသကဲ့သို့ Mytel ၏ ဝန်ထမ်းများကလည်း အားတက်သရော ပါဝင်လျက် ရှိပါသည်။ ဤကဲ့သို့ ပူးပေါင်းပါဝင်မှုတစ်စိတ်တစ်ဒေသအဖြစ် ရုံးချုပ်နှင့်ရုံးခွဲများတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများမှ အတူစုပေါင်း၍ မြန်မာကျပ်ငွေ ၆၀,၀၀၀,၀၀၀ ကျပ် ကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ သို့ လှူဒါန်းခဲ့ပါသည်။

Mytel အနေဖြင့် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို သိရှိနားလည်သည့်အတွက် တိုင်းပြည်၏ လိုအပ်သည့် နေရာများတွင် ကူညီပံ့ပိုးပေးရန် အသင့်ရှိနေပြီး ဤကပ်ရောဂါကြီးကို တိုက်ထုတ်ရာတွင် အတတ်နိုင်ဆုံး ပါဝင်ကူညီ အားဖြည့်ပေးသွားမည်ဖြစ်သည်။ Mytel သည် မြန်မာပြည်သူပြည်သားများ အတွက် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်နှင့် မြင့်မားသော လူနေမူဘဝရရှိရန် ဆန်းသစ်သောတီထွင်မှုများ၊ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးစွမ်းရင်း လူထု အတွက်အကျိုးရှိမည့် လူမှုအကျိုးပြုလုပ်ငန်းများကိုလည်း တစ်ဖက်တစ်လမ်းမှ ဆက်လက်ပံ့ပိုး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top