COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေကြတဲ့ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို Mytel က telecom နဲ့ internet ဝန်ဆောင်မှုများဖြင့် ထောက်ပံ့

1-4.jpg

WHO က မတ်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ကြေညာခဲ့တဲ့ COVID-19 ကူးစက်ရောဂါကို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသာမက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပက နိုင်ငံတွေမှာပါထိန်းချုပ်နိုင်အောင် အစွမ်းကုန်ကြိုးစားနေကြရပါတယ်။ မြန်မာနိုင်ငံမှာလည်း COVID-19 ကို ထိန်းချုပ်၊ ကာကွယ်၊ ကုသနိုင်ဖို့အတွက် လူအမြောက်အများက ရှေ့တန်းကနေ ပူးပေါင်းပါဝင်နေကြပါတယ်။ ဒီလိုပါဝင်နေကြတဲ့သူတွေထဲမှာ ရောဂါပိုးကူးစက်ခံထားရသူတွေကို ဖော်ထုတ်ပေးနေတဲ့၊ ကုသပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ ကျရာတာဝန်ထမ်းနေကြတဲ့ ကျန်းမာရေးလုပ်ငန်းဆိုင်ရာ အသိပညာရှင်အတတ်ပညာရှင်တွေ ပါဝင်ကြပါတယ်။ ဒီလိုရှေ့တန်းက ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်နေကြတဲ့ သူတို့တွေရဲ့အခန်းကဏ္ဍဟာ အလွန်ပဲအရေးကြီးလှပါတယ်။

အဲဒီလို ရှေ့တန်းကပါဝင်နေကြတဲ့သူတွေဟာ တွယ်တာရမဲ့သူ၊ချစ်ခင်ရမဲ့သူတွေမရှိနေတာမဟုတ်ပါဘူး။ သူတို့ဟာ သူတို့ချစ်ခင်ရတဲ့ မိသားစုတွေ မိတ်ဆွေသူငယ်ချင်းတွေကို နောက်တန်းမှာချန်ထားခဲ့ပြီးမြန်မာနိုင်ငံသားတစ်ရပ်လုံးအတွက် အားသွန်ခွန်စိုက်လုပ်ဆောင်နေကြတာပါ။ ရောဂါပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့နဲ့ သူတို့ ချစ်ရတဲ့သူတွေ အန္တရာယ်ကင်းဖို့ သူတို့ချစ်ရတဲ့သူတွေဆီ မပြန်ပဲ ခွဲနေနေကြရပါတယ်။ သူတို့ ချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်မပြတ်တောက်စေဖို့ တစ်ခုတည်းသောနည်းလမ်းက ဖုန်းကနေတဆင့် အင်တာနက်ကနေတဆင့် စာပို့တာ၊ စကားပြောတာနဲ့ video call ခေါ်တာတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီလိုခွဲနေရတဲ့ အခိုက်အတန့်မှာ သူတို့ မိသားစုဝင်တွေနဲ့ ချစ်ခင်ရတဲ့သူတွေ ဘာလုပ်နေသလဲ၊ ဘာတွေဖြစ်နေသလဲ ဆိုတာကို လူမှုကွန်ယက်ကနေသာ သူတို့သိမြင်နိုင်ကြတာ ဖြစ်ပါတယ်။

အဲဒီလိုအခြေအနေတွေကို နားလည်တဲ့အတွက် Mytel ကနေ ဆေးရုံများ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်များနှင့် မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားတဲ့ quarantine နေရာများမှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ဆရာဝန်များ၊ သူနာပြုများနှင့် အခြားကျန်းမာရေးဝန်ထမ်းများအားလုံးအတွက် 5 GB data နှင့် Mytel အချင်းချင်း မိနစ် ၂၀၀ အခမဲ့ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒါ့အပြင် masks တွေ၊ hand sanitizers တွေနဲ့ အခြားလိုအပ်တဲ့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းတွေကိုလည်း လှုဒါန်းခဲ့ပါသေးတယ်။

Mytel ဟာ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးမှာ တတပ်တအားပူးပေါင်းပါဝင်နေပြီး ထောက်ပံ့မှုတွေလှုဒါန်းမှုတွေ ပြုလုပ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း “Safe Market” အစီအစဉ်ကိုဒေသဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးဌာနဲ့ ပူးပေါင်းပြီး စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ social distancing အလေ့အကျင့်ကို ကျင့်သုံးဖို့အတွက်ရော နေပူဒဏ်ကာကွယ်ဖို့အတွက်ပါ ရည်ရွယ်ပြီး ဈေးသည်တွေအတွက် ရွက်ဖျင်ထီးတွေ လှူဒါန်းခဲ့ပါသေးတယ်။ ဒါ့အပြင် Mytel က (၅၀%ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မယ့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ်၊ ကိုရိုနာဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မည့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေဖြင့် သူတို့ရဲ့ လက်ကျန်ငွေမှ ၁,၀၀၀ ကျပ်ကို လှူဒါန်းနိုင်မယ့်) အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top