၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ဆုရရှိတဲ့ မြန်မာ့အားကစားသမားများကို Mytel က ဆုချီးမြှင့်

yyl-001-7.jpg

ဆက်သွယ်ရေးအော်ပရေတာ Mytel က ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုရရှိသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများအား ဆုချီးမြင့်သည့်အခမ်းအနားကို Park Royal ဟိုတယ်တွင်ကျင်းပခဲ့သည်။ ဆီးဂိမ်းပြိုင်ပွဲ၌ အားကစားနည်းပေါင်း ၂၁ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုအသီးသီးရရှိခဲ့ကြသူ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများအား Mytel မှ မြန်မာကျပ်ငွေ ၅၇၃ သိန်းအထိ ချီးမြင့်ပေးခဲ့ပါသည်။

“နိုင်ငံ့ကိုယ်စား သွားရောက်ယှဉ်ပြိုင်ပေးတဲ့သူတွေနဲ့ ဆုတံဆိပ်တွေပြန်လည်ယူဆောင်လာပေးနိုင်တဲ့ သူတွေကို ကျေးဇူးတုံ့ပြန်ချင်လို့ အခုလိုချီးမြှင့်တာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာအားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်တာက မျိုးချစ်စိတ်ပြင်းပြမှုကို ပြသတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်အနေနဲ့ အားကစားသမားတိုင်းကို ဆက်လက်ကြိုးစားပါလို့လည်း ပြောချင်ပါတယ်။ နောက်နှစ်တွေမှာလည်း အခုလို ရှေ့ဆက်ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့အောင်မြင်မှုတွေပိုရရှိပြီး ဆုတံဆိပ်တွေပိုရမယ်လို့ ထင်ပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ်ဖြစ်သူ ဦးဇော်မင်းဦးမှ ပြောကြားခဲ့ပါသည်။

(၃၀) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၄ဆု၊ ငွေတံဆိပ် ၁၈ဆုနှင့် ကြေးတံဆိပ် ၅၂ဆု စုစုပေါင်း ရရှိခဲ့သည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအားကစားသမားများမှ အားကစားအမျိုးအစားပေါင်း ၂၁ခု ဖြစ်သော အမျိုးသား ဘောလုံး၊ အမျိုးသမီးဘောလုံး၊ ဘိလိယက်နှင့်စနူကာ၊ အားနစ်၊ လှေလှော် (ရိုးရာလှေ)၊ ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာလှေ၊ မြှားပစ်၊ ဂျူဒို၊ ဝူရှူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ တိုက်ကွမ်ဒို၊ နပန်း၊ Kurash၊ စစ်တုရင်၊ ဟော်ကီ၊ ကရာတေး၊ ပီတန်း၊ ရွက်လှေ စသည့်အားကစားများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ထိုသို့ဆုတံဆိပ်ရရှိခြင်းအတွက် အမျိုးသား ဘောလုံးအသင်းသို့ ကျပ် သိန်းသုံးရာ၊ အမျိုးသမီး ဘောလုံးအသင်းသို့ ကျပ် သိန်းတစ်ရာ့ငါးဆယ် နှင့် အခြားအားကစားအဖွဲ့များသို့ ကျပ်တစ်ရာနှစ်ဆယ့်သုံးသိန်း ဆုငွေများ ချီးမြှင့်ခဲ့သည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top