ပူပြင်းတဲ့ ရာသီကို ကာကွယ်ရင်း နိုင်ငံတစ်ဝှမ်း social distancing အလေ့အကျင့်ကို ကျင့်သုံးနိုင်ရန် Mytel က ထီးများနဲ့ ပံ့ပိုးကူညီ

mytel-covid01.jpg

တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ Covid 19 ကပ်ရောဂါကြောင့် နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက အစိုးရအသီးသီးနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက အပြင်ထွက်ရမယ်၊ လူထူထပ်တဲ့ နေရာတွေကို သွားရမယ်ဆိုရင် အနည်းဆုံး ၃ ပေအကွာမှာ နေဖို့ mask တပ်ဖို့ လက်ခဏခဏဆေးဖို့ကို ညွှန်ကြားထားပါတယ်။ အဲဒီလိုမဖြစ်မနေ သွားလာနေရတဲ့ နေရာတွေထဲမှာ အများပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ပစ္စည်းတွေဝယ်ဖို့ မဖြစ်မနေသွားရတဲ့ နေရာတွေထဲမှာ ဈေးလည်းအပါအဝင် ဖြစ်ပါတယ်။ ဈေးလို့ပြောလိုက်ရင် လူတွေ ပျားပန်းခပ်လှုပ်ရှား သွားလာအော်ဟစ်နေကြပြီး တိုးဝှေ့နေရတဲ့ နေရာဆိုတာ လူတိုင်းသိနေမှာပါ။ အဲဒီလိုနေရာကို မဖြစ်မနေသွားရတဲ့အခါမျိုးမှာ သူ့မှာများရောဂါရှိနေမလား ငါ့ကိုများကူးနေပြီလားဆိုပြီး စိုးရိမ် ကြောင့်ကြမှုတွေ ရှိနေကြမယ်ဆိုတာ မငြင်းနိုင်ပါဘူးနော်။

ဒီလိုပူပန်မှုမျိုးတွေ ရှိနေတာကို နားလည်တဲ့ အတွက် လုံခြုံတဲ့ဈေးဖြစ်နိုင်မဲ့ လက်တွေ့ကျတဲ့နည်းလမ်းကို ကြံဆပြီးတဲ့နောက်မှာ ဈေးသည်တွေကို အကွာအဝေးသတ်မှတ်နေရာသတ်မှတ်ပြီး ထင်သာမြင်သာ ရှိအောင်ရော ပူပြင်းတဲ့ရာသီဥတု ဒဏ်က ကာကွယ်ဖို့ အတွက်ပါ ထီးတွေကို Mytelက ထောက်ပံ့ပေးခဲ့ ပါတယ်။ သက်ဆိုင်ရာဒေသက ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနဲ့ Mytel တို့ ပူးပေါင်းပြီး အကောင်အထည် ဖော်ခဲ့တဲ့ ဒီလုပ်ရပ်ကို ဒေသခံတွေ သာမက လူမှုကွန်ယက်ပေါ်မှာပါ လူအများရဲ့ နှစ်သက်လက်ခံမှုကို ရရှိထားပါတယ်။ ပူပြင်းတဲ့ နေရောင်ခြည်အောက်မှာ ဝမ်းစာအတွက် ဈေးရောင်းချနေချရတဲ့ ဈေးသည် တွေဟာ Mytel က ပံ့ပိုးထားတဲ့ ရွက်ဖျင်ထီးအောက်မှာ အရိပ်ခိုရင်း ဈေးရောင်းချနေနိုင်တာကို တွေ့ရလို့ လည်း ကြည်နူးမိပါတယ်။


အဲဒီလိုဈေးမျိုးကို ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ စတင် ဖော်ဆောင်ခဲ့ပြီးတော့ အခြား ပြည်နယ်နဲ့ တိုင်းများမှာပါ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ဖို့ Mytel က ကြိုးစားနေပါတယ်။ ဒီလှုဒါန်းမှုသာမကပဲ Mytel ကနေ ဆေးရုံတွေမှာလို အပ်တဲ့ PPE ဝတ်စုံတွေ၊ နှာခေါင်းစည်းတွေ၊ ဒစ်ဂျစ်တယ် သာမိုမီတာတွေနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ ကို လှုဒါန်းခဲ့သလို Quarantine Centers တွေမှာ အခမဲ့ wifi ထောက်ပံ့ပေးခြင်းနဲ့ အခြားတိုင်းနဲ့ ပြည်နယ် တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်။ အဲဒီလိုခက်ခဲ နေတဲ့ကာလမျိုးမှာ မြန်မာပြည်ရဲ့ အကောင်းဆုံး operator Mytel ဟာ မြန်မာလူထုကို အမြဲဂရုစိုက်ပြီး အကောင်းဆုံးသော ဝန်ဆောင်မှုကို ပေးဖို့ ကြိုးစားနေပါတယ်။

Mytel က ဒီကပ်ရောဂါကြီးကိုတိုက်ဖျက်တဲ့နေရာမှာ တတပ်တအား ပါဝင်တဲ့အနေနဲ့ ပြုလုပ်နေတဲ့ #TogetherWeFightCovid19 အစီအစဉ်အောက်ကနေလည်း ဒီလိုလှုဒါန်းမှု အစီအစဉ်တွေအပြင် မြန်မာပြည်သူတွေအတွက် အကျိုးရှိမဲ့ အခြားသော အစီအစဉ်တွေကို ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့သိရပါတယ်။ ဒီ #TogetherWeFightCovid19 အစီအစဉ်မှာဆိုရင် Mytel ကနေ (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆု) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နဲ့ ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မယ့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေနဲ့ လက်ကျန်ငွေကနေ ၁,၀၀၀ ကျပ်ကို လှူဒါန်းခြင်း) အစီအစဉ်ကိုလဲ ပြုလုပ်ပေးလျက်ရှိပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top