MytelPay မှ ဥုံဖွ ဥုံဖွပရိုမိုးရှင်းအစီအစဉ်၏ ရွှေရောင် Suzuki ကားကံထူးရှင်ထံ လွှဲပြောင်းပေးအပ်

MytelPay-Swosh1.jpg

မြန်မာနိုင်ငံ၏ လုံခြုံစိတ်အချရဆုံးနှင့် အဆင်ပြေ အလွယ်ကူဆုံး ငွေလွှဲဝန်ဆောင်မှုဖြစ်သော MytelPay သည် အသုံးပြုသူများအတွက် ငွေလွှဲရင်း ရွှေရောင် Suzuki ကား(၂)စီး၊ ၄၉ လက်မ Sony Smart TV များ ၊ Realme 6Pro Smartphone များ၊ E-money ဆုများ နှင့် Mytel ၏ အခြားဆက်သွယ် ရေးဝန်ဆောင်မှု ဆုလက်ဆောင်များ ရရှိနိုင်မည့် ဥုံဖွ ဥုံဖွပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၅ ရက် နေ့မှ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤပရိုမိုးရှင်းအစီအစဉ်၏ Grand Prize ဖြစ်သည့် ရွှေရောင် Suzuki ကား ဒုတိယမြောက် ပိုင်ရှင် လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ဇန်နဝါရီလ ၉ရက်နေ့က မန္တလေးမြို့ရှိ Mytel ရုံးခွဲတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်သည့် ဒုတိယမြောက် ကံထူးရှင် ဦးမင်းမင်းထွန်းအား MytelPay ၏ တာဝန်ရှိသူများမှ ရွှေရောင် Suzuki ကားကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

MytelPay က လုံခြုံစိတ်ချမှုရှိသော ငွေကြေးဝန်ဆောင်မှုများအပြင် အသုံးပြုသူများကို အကျိုးရှိစေမည့် ခေတ်အမီဆုံးနှင့် အကောင်းဆုံးသော စိတ်ဝင်စားစရာကောင်းသည့် အစီအစဉ်သစ်များကို ပြုလုပ်ပေးနိုင်အောင် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါသည်။ ယခုကဲ့သို့ ဆုလက်ဆောင်များကို ရယူရန်နှင့် အဆင်ပြေလွယ်ကူ၍ စိတ်ချရသော ငွေလွှဲ ဝန်ဆောင်မှုများ၊ ငွေပေးချေမှုများကို ပြုလုပ်နိုင်ရန်အတွက် အသုံးပြုသူများသည် onelink.to/mytelpay လင့်ခ် (သို့) Apple App Store (သို့) Google Play Store တို့မှ ဒေါင်းလုဒ်ပြုလုပ်ကာ MytelPay အက်ပလီကေးရှင်းအား ရယူသုံးစွဲနိုင်ပါသည်။

MytelPay ကို ယခင်နှစ် ဇွန်လတွင် စတင်မိတ်ဆက်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ အသုံးပြုသူများကို ဝန်ဆောင်မှုပေးနေသည့် အရောင်းကိုယ်စားလှယ်ပေါင်း ၂၅,၀၀၀ ကျော် ရှိနေပြီဖြစ်ပါသည်။ MytelPay ငွေလွှဲဝန်ဆောင်မှုကို မည်သည့် မိုဘိုင်းကွန်ရက် အသုံးပြုသူမဆို အသုံးပြုနိုင်မည်ဖြစ်သည်။ MytelPay အသုံးပြုသူများသည် မည်သည့် အော်ပရေတာ ကိုမဆို ဖုန်းငွေဖြည့်နိုင်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း MytelPay Application ကို အသုံးပြုကာ ဘေလ်များပေးဆောင်ခြင်းများ၊ iTunes ကတ်၊ Game ကတ်များဝယ်ယူနိုင်ခြင်းတို့အပြင် online shopping များ အပြင် Digital Payment ဝန်ဆောင်မှု များလည်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top