အခွန်အခတွေကို MytelPay နဲ့ အိမ်ကနေ ပေးဆောင်နိုင်တော့မယ်

mytelpay01.jpg

အခုလို Covid-19 ဖြစ်နေတဲ့ကာလမှာ နိုင်ငံတော်အစိုးရကနေ မြန်မာ့စီးပွားရေးကုစားစီမံကိန်း တစ်ခုချမှတ်ပြီး တကယ်လိုအပ်နေတဲ့လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်အောင်နဲ့ COVID-19 ကြောင့် မြန်မာ့စီးပွားရေး ထိခိုက်မှုနည်းနိုင်သမျှ လျှော့နည်းစေဖို့ ပန်းတိုင် ၇ ခုကို ချမှတ်ခဲ့ပါတယ်။ အဲဒီ (၇) ချက်ထဲမှာ e-commerce ရဲ့ အသုံးဝင်မှုကို မြှင့်တင်ဖို့နဲ့ မိုဘိုင်းငွေပေးချေမှုတွေကို ပိုပြီး အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်ပန်းတိုင်လည်းပါဝင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်က စတင်အသုံးပြုနေပေမယ့် ဘေလ်ပေးဆောင်တာတွေ ပစ္စည်းဝယ်ယူတာတွေမှာတော့ ငွေကြေးကိုပဲ အဓိကထားအသုံးပြုနေကြပါသေးတယ်။ ဒါပေမဲ့ အခုလို အစိုးရကနေ စီမံကိန်းရဲ့ ပန်းတိုင်တစ်ခုအနေနဲ့ထားပြီး ဆောင်ရွက်မယ်ဆိုရင်တော့ အနာဂတ်မှာ ပြည်သူတွေအနေနဲ့ လွယ်လွယ်ကူကူ ငွေပေးချေမှုတွေလုပ်လာနိုင်တော့မယ်လို့ မျှော်လင့်နိုင်ပါတယ်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေရဲ့ အသုံးပြုမှု မြင့်တက်လာလေ ပိုက်ဆံကို ကိုင်တွယ်ပြီး သုံးရတာနည်းလာလေလေ ပိုက်ဆံကတစ်ဆင့် ရောဂါပိုးကူးစက်တဲ့ နှုန်းလည်း ပိုနည်းလာမှာပါ။

မြန်မာနိုင်ငံရဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုတွေထဲက တစ်ခုဖြစ်တဲ့ MytelPay ကလည်း အဲဒီလို နိုင်ငံတော် လမ်းညွှန်ချက်ကို အထောက်အပံ့ပေးနိုင်ဖို့နဲ့ သုံးစွဲသူ အများပြည်သူအတွက် အဆင်ပြေလွယ်ကူတဲ့ ဝန်ဆောင်မှုမျိုးပေးနိုင်အောင် အမြဲကြံဆနေပါတယ်။ ဒါကြောင့်လည်း မေလ ၄ ရက် ၂၀၂၀ ရက်နေ့မှာတော့ MytelPay ကတဆင့် စည်ပင်အခွန် အမျိုးမျိုးကို အလွယ်တကူပေးဆောင်နိုင်အောင် Mytel နဲ့ ရန်ကုန်မြို့တော်ဘဏ်တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီသဘောတူလက်မှတ်ရေးထိုးပွဲကိုတော့ ရန်ကုန်မြို့တော်ဘဏ်မှာ ကျင်းပခဲ့ပြီး Mytel ရဲ့ CEO – Mr. Hoang Trung Thanh နဲ့ ရန်ကုန်မြို့တော်ဘဏ်ရဲ့ အထွေထွေမန်နေဂျာ ဦးကျော်ဝင်း တို့က လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီအခွန်ဆောင်တဲ့ ဝန်ဆောင်မှုကို မေလထဲမှာ သုံးစွဲသူတွေအနေနဲ့ စတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုပြီး မြေခွန်၊ ပစ္စည်းခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ကို MytelPay ကနေတစ်ဆင့် လွယ်ကူစွာ ပေးသွင်းနိုင်မှာဖြစ်ပါတယ်။

Mytel က ဒီအစီအစဉ်အပြင် အခြားအသုံးဝင်တဲ့ ဝန်ဆောင်မှုတွေကိုလည်း တိုးချဲ့ပေးအပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါ့အပြင် Mytel FTTH အတွက် ကျသင့်တဲ့ လစဉ်ကြေး (ဘေလ်) ကို MytelPay ကတဆင့်ပေးသွင်းမယ်ဆိုရင် ၅ ရာခိုင်နှုန်းလျော့ပေးမယ့် အစီအစဉ်ကိုလည်း ပြုလုပ်ထား ပါတယ်။ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့အတွက် social distancing လုပ်ဖို့ အရေးကြီးတဲ့အချိန်မှာ MytelPay ကိုအသုံးပြုပြီး စည်ပင်ခွန်တွေ ဘေလ် တွေကို အိမ်ထဲကနေ အိမ်ပြင်မထွက်ပဲ ပေးနိုင်မှာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ လူအများနှင့် ထိတွေ့မှု ကို လျှော့ချပြီး အဆင်ပြေပြေငွေပေးချေနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top