Mytel မှ သုံးစွဲသူတွေကို လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားလူကြိုက်များနေတဲ့ ‘မီမီအက’ ယှဉ်ပြိုင်မှုမှာ ပါဝင်ကြရန်တိုက်တွန်း

Mi-Mi-Challenge-Picture.jpg

မြန်မာနိုင်ငံရဲ့ ခေတ်မီအဆန်းသစ်ဆုံးနဲ့ ဂရုအစိုက်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytelက တစ်စက္ကန့်ဖုန်းပြောရင် တစ်စက္ကန့်သာ ကောက်ခံသောစနစ် (1s=1s) ကို မြန်မာနိုင်ငံအတွင်း မိတ်ဆက်အသုံးပြုတဲ့ ပထမဆုံး အော်ပရေတာဖြစ်ပါတယ်။ အဲဒီ 1s=1s အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ‘မီမီအက’ ယှဉ်ပြိုင်မှုအစီအစဉ်ကို Mytel မှ စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။

‘မီမီအက’ ဗီဒီယိုကို Mytel ရဲ့အမှတ်တံဆိပ်သံတမန်ဖြစ်သူ ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီများရှင် ကိုနေတိုးမှ အကောင်းဆုံးသရုပ်ဖော်ထားပြီး လူမှုကွန်ရက်ပေါ်တွင် အထူးလူသိများခဲ့တာကြောင့် မြန်မာနိုင်ငံရှိသုံးစွဲသူတွေ ပါဝင်ယှဉ်ပြိုင်ပြီး ဆုမဲများရယူနိုင်စေရန် တရားဝင်စတင်လိုက်တာဖြစ်ပါတယ်။ Mytel Myanmar Official Tiktok page က မီမီတီးလုံးနှင့်အတူ မိမိတစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ လိုက်ကထားတဲ့ ဗီဒီယိုကို ပါဝင်ယှဉ်ပြိုင်သူရဲ့ Facebook စာမျက်နှာမှာ Public နဲ့ hashtag (#MytelMimiChallenge နဲ့ #MytelMimiChampions) ကိုသုံးပြီး တင်ပေးရမှာဖြစ်ပါတယ်။

‘မီမီအက’ ယှဉ်ပြိုင်မှုအစီအစဉ်ကို မတ်လ (၁၈) ရက်နေ့မှ ဧပြီလ (၅) ရက်နေ့၊ ၂၀၁၉ ခုနှစ်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး မီမီချန်ပီယံ (၃) ဦးရွေးချယ်ကာ ဆုမဲများအနေနဲ့ ပထမဆု ငွေကျပ်သိန်း (၁၀၀)၊ ဒုတိယဆု ငွေကျပ်သိန်း (၅၀) နှင့် တတိယဆု ငွေကျပ် (၁၀) သိန်းတိတိ ဂုဏ်ပြုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ ဆုရွေးချယ်ရာမှာ votingရဲ့ (၈၀) ရာခိုင်နှုန်းကို အများကပေးမယ့် reactions နဲ့ share၊ ကျန် (၂၀) ရာခိုင်နှုန်းကို အကောင်းဆုံးဖျော်ဖြေတင်ဆက်မှုပေါ် မူတည်ပြီးရွေးချယ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှ voting အများဆုံးရရှိနေသူ (၁၀) ဦးကို Mytel Myanmar မှ အပတ်စဉ်ကြေညာပေးသွားမှာဖြစ်ပြီး နောက်ဆုံးကျန်ရှိနေတဲ့ voting အများဆုံးရသူ (၃) ဦးကို ဆုတွေ ချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Mytel Mimi Challenge အတွက် လိုက်နာရန် နှင့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်တွေကို Mytel Myanmar Facebook စာမျက်နှာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top