D-A-T-A ၏ အရေးပါပုံကိုရှင်းလင်းသတ်မှတ်ပြီး ဆန်းသစ်သောဆက်သွယ်ရေးအော်ပရေတာတစ်ခု၏ ဆောင်ရွက်ချက်များကို Mytel က မီးမောင်းထိုးပြသ

https-_s3-ap-northeast-1.amazonaws.com_psh-ex-ftnikkei-3937bb4_images_4_3_4_5_15495434-1-eng-GB_20180831N-Mytel-outlet_Data.jpg

မြန်မာဆက်သွယ်ရေးအော်ပရေတာ Mytel သည် KANTAR ၏ မကြာသေးမီကပြုလုပ်ခဲ့သော လေ့လာချက်များအရ ဈေးကွက်တွင်းရှိဆက်သွယ်ရေးအော်ပရေတာ (၄) ခုအနက် သုံးစွဲသူများ၏စိတ်ကျေနပ်မှုအရရှိဆုံးကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းခံရသည်။ လွန်ခဲ့သောတစ်နှစ်နီးပါးခန့်က တရားဝင်မိတ်ဆက်ပွဲတွင် Mytel မှ D-A-T-A ၏ အဓိပ္ပာယ်အား ဒစ်ဂျစ်တယ်နှင့် ဝန်ဆောင်မှုသစ်များ၊ ခေတ်မီဆန်းသစ်သောနည်းပညာ၊ ယုံကြည်စိတ်ချရမှုနှင့်ဈေးနှုန်းသက်သာပြီး အမျိုးအစားစုံလင်မှုဟုဖွင့်ဆိုခဲ့ပြီး သုံးစွဲသူများ၏ စိတ်ကြိုက်အော်ပရေတာတစ်ခုဖြစ်လာရန်ရည်ရွယ်သည့် Mytel သည် အဆိုပါအချက်များ၏ အရေးပါပုံကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့ကြောင့် D-A-T-A သည် နည်းပညာထွန်းကားသောခေတ်တွင် Mytel မှ သုံးစွဲသူများကိုပေးအပ်သွားမည့် ဝန်ဆောင်မှုတန်ဖိုးများ၏ ရည်ညွန်းမှုအတိုကောက်ပင်ဖြစ်သည်။

Mytel အနေဖြင့် တီထွင်ဆန်းသစ်မှုများပိုမိုဖွံ့ဖြိုးလာစေရန် တိုးမြှင့်လုပ်ဆောင်ရုံသာမက ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးအတွက်လည်း နည်းဗျူဟာများဖန်တီးသွားမည်ဖြစ်ပြီး သုံးစွဲသူများကိုအတွေ့အကြုံကောင်းများ ပေးစွမ်းသွားနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ Mytel မှ ကွန်ရက်အခြေခံအဆောက်အဦများ ပိုမိုခိုင်ခံ့ ကောင်းမွန်လာစေရန် ရင်းနှီးမြုပ်နှံလျက်ရှိပြီး မြို့နယ်ပေါင်း (၃၃၀) နီးပါးတွင်လွှမ်းခြုံထားသော ၎င်း၏ 4G ကွန်ရက်ကြောင့် နိုင်ငံတွင်းဆက်သွယ်ချိတ်ဆက်မှုမှာ ပိုမိုလွယ်ကူမြန်ဆန်လာခဲ့သည်။ Mytel သည် ခေတ်မီသောလူမှုအသိုင်းအဝိုင်းတစ်ခုဖြစ်လာရန် အထောက်အကူပြုသော ဒစ်ဂျစ်တယ် ဖြေရှင်းချက်ဝန်ဆောင်မှုများဖြစ်သည့် Smart elecommunication Solutions၊ Smart City Solutions၊ Network Security Solutions စသည်တို့ကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ဒစ်ဂျစ်တယ်နှင့် ဝန်ဆောင်မှုအသစ်များကို ယူဆောင်လာပေးရန်ရည်ရွယ်ထားသောကြောင့် Mytel မှ ကျယ်ပြန့်ပြည့်စုံသော ဒစ်ဂျစ်တယ်ဂေဟစနစ်ဝန်ဆောင်မှုများဖြစ်သော IT မှအစ အကြောင်းအရာစုံစုံလင်လင်ကို ပေးစွမ်းပြီး သုံးစွဲသူများကို မြန်နှုန်းမြင့်နည်းပညာများ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ပြီးခဲ့သောဧပြီလတွင် Mytel မှ ဆက်သွယ်ရေးကဏ္ဍ၏ ကြီးမားသောတီထွင်မှုတစ်ခုဖြစ်သည့် eSIM ကို မြန်မာနိုင်ငံတွင် စတင်မိတ်ဆက်ပေးခဲ့သည်။ Mytel သည် e-SIM ကဲ့သို့ ခေတ်မီနည်းပညာကို ဈေးကွက်အတွင်း ယူဆောင်လာပေးခြင်းဖြင့် သုံးစွဲသူများသည် နည်းပညာ၏လုပ်ဆောင်နိုင်မှုများနှင့် အကောင်းဆုံးသော အတွေ့အကြုံများကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထိုမျှသာမက ပထမဆုံးလုပ်ငန်းစတင်သည့်ရက်မှစ၍ Mytel သည် ကြည်လင်ပြတ်သားသောအသံနှင့် မြန်ဆန်သောဖုန်းခေါ်ဆိုမှုအချိန်ကိုပေးစွမ်းနိုင်သည့် 4G VoLTE နည်းပညာကိုလည်း မိတ်ဆက်ပေးခဲ့သည်။ နည်းပညာသစ်များပိုင်ဆိုင်ထားသော ခေတ်မီအဆန်းသစ်ဆုံး ဆက်သွယ်ရေးအော်ပရေတာ Mytel သည် သုံးစွဲသူများအနေဖြင့် နေ့စဉ်လုပ်ငန်းများတွင် အထိရောက်ဆုံးလုပ်ဆောင်နိုင်စေမည့် အရည်အသွေးမြင့်ဝန်ဆောင်မှုများကိုလည်း ဆက်လက် ယူဆောင်ပေးသွားမည်ဖြစ်သည်။

Mytel သည် သုံးစွဲသူများထံမှ ယုံကြည်မှုရရှိရေးအတွက် ဝန်ဆောင်မှုများနှင့်စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လေ့ရှိသည်။ Mytel သည် သုံးစွဲသူများသာမက စီးပွားရေးမိတ်ဖက်အဖွဲ့အစည်းများနှင့်လည်း ပွင့်လင်းရိုးသားစွာ ဆက်သွယ်ပြောဆိုသည်။ Mytel သည် ထူးခြားဆန်းသစ်သော တစ်စက္ကန့်လျှင်တစ်စက္ကန့်အတွက်သာ ကောက်ခံသည့် 1s=1s ဖုန်းဘေလ် ကောက်ခံသည့်စနစ်ကိုကျင့်သုံးသည့် တစ်ခုတည်းသောအော်ပရေတာဖြစ်ပြီး adaptive video rate ဝန်ဆောင်မှု ကိုလည်း ယူဆောင်လာပေးသောကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းဘေလ်အများအပြားဖြတ်တောက်ခံရခြင်း အတွက် စိုးရိမ်ကြောင့်ကြမှုများကိုလည်း ဖယ်ရှားပေးသည်။ Mytel သည် ဝန်ဆောင်မှုအစီအစဉ်များနှင့် ပရိုမိုးရှင်းများကို ရှင်းလင်းပြတ်သားသောစည်းကမ်းချက်များဖြင့် မိတ်ဆက်ပြောဆိုခြင်းကြောင့် သုံးစွဲသူများမှလည်း မှန်ကန်သော သတင်းအချက်အလက်နှင့် ကောင်းမွန်ပြည့်ဝသော အတွေ့အကြုံများကို ရရှိခံစားနိုင်ကြသည်။

Mytel သည် သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် Shake ပရိုမိုးရှင်း၊ Lucky Load ပရိုမိုးရှင်းစသည့် စိတ်လှုပ်ရှားစရာကောင်းသော အစီအစဉ်များကိုလည်း မိတ်ဆက်ပေးခဲ့သည်။ ဆင်းမ်ကတ်တစ်ခုထဲဖြင့် သီချင်း၊ ရုပ်ရှင်၊ ဂိမ်းသစဖြင့် ဖျော်ဖြေရေးကဏ္ဍမျိုးစုံကိုလည်း တွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ပြည့်စုံသော ဒစ်ဂျစ်တယ်ဂေဟစနစ်တစ်ခုတွင်ပါဝင်သည့် မိုဘိုင်းလ်၊ fixed broadband၊ MytelPay၊ အပိုဆောင်းဝန်ဆောင်မှု များ၊ IT အက်ပလီကေးရှင်းများနှင့် အခြားသောဝန်ဆောင်မှုများကိုလည်း သုံးစွဲသူများအတွက် ပံ့ပိုးပေးသွားမည် ဖြစ်သည်။ စတုတ္ထမြောက်လိုင်စင်ရအော်ပရေတာအဖြစ် Mytel မြန်မာနိုင်ငံဈေးကွက်သို့ ဝင်လာခြင်းသည် နိုင်ငံတွင်း ဒုတိယအကြိမ်မြောက် ဆက်သွယ်ရေးဝန်ဆောင်မှု ပြောင်းလဲဖြစ်ပေါ်လာစေရန် တွန်းအားပေးလျက်ရှိသည်။ Mytel သည် နိုင်ငံပေါင်း (၁၁) နိုင်ငံတွင် အတွေ့အကြုံကြွယ်ဝစွာ လုပ်ငန်းဆောင်ရွက်လျက်ရှိသော မိတ်ဖက်အဖွဲ့အစည်း Viettel ၏ အကူအညီဖြင့်လည်း ဈေးနှုန်းအသက်သာဆုံးသော 4G ဆက်သွယ်ရေးဝန်ဆောင်မှုများကို ယူဆောင်လာပေးနိုင်ခြင်းဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သော ထုတ်ကုန်၊ ဝန်ဆောင်မှုများနှင့် ခေတ်မီနည်းပညာများကို အစဉ်အပြတ်တောင်းဆိုလာသည်နှင့်အမျှ Mytel အနေဖြင့်လည်း ပိုမိုခွန်အားစိုက်ထုတ်ပြီး တီထွင်ဆန်းသစ်သောဝန်ဆောင်မှုကို ဆက်လက်ပေးစွမ်းသွားနိုင်ရန် ကြိုးစားသွားမည်ဖြစ်သည်။ Mytel အနေဖြင့် သုံးစွဲသူများ၏ အနေအထား၊ အလေ့အကျင့်များနှင့် ဆက်သွယ်ရေးလောက၏ သဘောသဘာဝများကို လေ့လာသုံးသပ်ပြီး ကွန်ရက်ဆိုင်ရာအခြေခံအဆောက်အဦများကို အဆင့်မြှင့်တင်သွားမည့်အပြင် နည်းပညာသစ်များကိုအကောင်အထည်ဖော်ကာ ပိုမိုကောင်းမွန်သော လုပ်ဆောင်မှုစွမ်းအားနှင့် ထိရောက်မှုရှိရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top