ဘဝကိုအရှုံးမပေးခဲ့တဲ့ ကာယဗလမောင်

yyl-010.jpg

နယူးယောက်မြို့မှာနေထိုင်သူ Diego Hernandezဟာ အသက်၁၀နှစ်အရွယ်တုန်းက ဗို့အားပြင်းလျှပ်စစ်ဓာတ်လိုက်ခံခဲ့ရပြီး

ခန္ဓာကိုယ်ရဲ့ ၇၅ရာခိုင်နှုန်းလောက်အထိ လောင်ကျွမ်းခဲ့တဲ့အပြင် ဘယ်ဘက်လက်ဖျံ ၃ပုံ ၂ပုံ ဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီမတော်တဆဖြစ်ရပ်ကြောင့် အိပ်ရာထဲမှာ ကိုလ်မာ(coma) နဲ့၆လကျော်ကြာနေထိုင်ခဲ့ရပါတယ်။

Diegoဟာ စိတ်ဓာတ်ကျဘဲ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်လေ့ကျင့်ခန်းတွေကို လေ့ကျင့်ခဲ့ပြီး အခု အသက် ၂၄နှစ်မှာ လက်အတုအကူအညီနဲ့ ၃၃၀ပေါင်အလေးချိန်ရှိတဲ့ အလေးတုံးများကို ကောင်းကောင်းမနိုင်နေပြီ ဖြစ်ပါတယ်။

Diegoက သူ့ရဲ့မတော်တဆဖြစ်ရပ်ဆိုးနဲ့ပတ်သတ်ပြီးတော့ “အဲ့ဒီအချိန်တုန်းကဆိုရင် လမ်းပြန်လျှောက်ဖို့တောင် မနဲပြန်လေ့ကျင့်ခဲ့ရတယ်။ ၁၀နှစ်အရွယ် ကလေးတစ်ယောက်က ဒီလိုအဖြစ်ဆိုးကြီးကို ဘယ်လိုကျော်ဖြတ်ခဲ့သလဲ ဆိုတာ ကျွန်တော် ပြန်မတွေးတတ်လောက်အောင်ပါပဲ”လို့ဆိုခဲ့ပါတယ်။

သူက “ကျွန်တော့် ဘဝစားဝတ်နေရေးအတွက် အလုပ်တွေရှာဖွေခဲ့တယ်။ အလုပ်ရှင်တွေက ကျွန်တော့်ကိုတွေ့ပြီး အချိန်ခဏလောက်စောင့်ပေးပါ။ ပြီးရင် အလုပ်ခန့်မယ်လို့ ပြောခဲ့ပေမယ့် တကယ်တမ်းတော့ ကျွန်တော့်အခြေအနေကြောင့် ဘယ်အလုပ်ရှင်မှ အလုပ်မခန့်ခဲ့ပါဘူး။အဲ့ဒီနောက်မှာ ကျွန်တော် အားကစားနည်းတွေနဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခန်းတွေကို အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ မိသားစုနဲ့ သူငယ်ချင်းများကလည်း ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။
ကျွန်တော့်ရဲ့ ကြိုးစားမှုရဲ့ရလဒ်အဖြစ် အခုချိန်မှာ ကျွန်တော် ၃၃၀ပေါင်အလေးချိန်ရှိတဲ့ အလေးတုံးတွေကို ပုံစံမျိုးစံနဲ့ ကောင်းကောင်းမနိုင်ပါပြီ။ ဘဝက တကယ့်ကိုတိုတိုလေးပါ။ အဲ့အချိန်ခဏလေးမှာ ဘယ်အရာတွေက ကိုယ့်ကို ပျော်ရွှင်စေသလဲ ဆိုတာ ရှာဖွေပြီး လုပ်ကြည့်ပါ။ စိတ်ဓာတ်ကျမှုတွေ၊ နာကျင်မှုတွေကြုံလာတဲ့အခါ ဘဝကို အရှုံးမပေးဘဲ အားတင်းထားပါ။ ကျွန်တော်တောင်ဖြစ်နိုင်သေးတာပဲ ခင်ဗျားတို့လည်း ဘာလို့မဖြစ်နိုင်ရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

Paradise(ရိုးရာလေး)
Ref: Dailymail.co.uk

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top