၂၀၁၈ ခုနှစ်ကို ကမ္ဘာ့စတုတ္ထမြောက်အပူနွေးဆုံးနှစ်အဖြစ် သိပ္ပံပညာရှင်တွေသတ်မှတ်

2018HeatReview_Map_en_title_lg.jpg

၂၀၁၈ ခုနှစ်ဟာ ၁၈၅၀ ခုနှစ်နောက်ပိုင်းနှစ်တွေထဲမှာတော့ ကမ္ဘာ့စတုတ္ထမြောက်အပူနွေးဆုံးနှစ်ဖြစ်တယ်လို့ လေ့လာစူးစမ်းမှုအသစ်တစ်ခုက ဆိုလိုက်ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တိုင်းတာရရှိတဲ့အပူချိန်တွေဟာ ၁၉ ရာစုနှောင်းပိုင်း (၁၈၅၀ ကနေ ၁၉၀၀ ခုနှစ်ထိ) ကပျမ်းမျှအပူချိန်ရဲ့ ၁.၁၆ ဒီဂရီလောက်ပိုများနေခဲ့ကြောင်း ကယ်လီဖိုးနီးယား (California) အခြေစိုက် သုတေသနအဖွဲ့အစည်း Berkeley Earth က သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့တာပါ။

၂၀၁၈ ခုနှစ်အတွင်းမှာ ကမ္ဘာ့မျက်နှာပြင်ရဲ့ ၈၅ % ဟာ ၁၉၅၂-၁၉၈၀ ခုနှစ်ကာလက ပျမ်းမျှအပူချိန်ထက်ပိုပူခဲ့ပြီး ၁၃ % ကတော့ အဲဒီကာလအပူချိန်နဲ့ တူညီနေခဲ့ကာ ၂.၄ % လောက်မှာသာ သိသိသာသာ ပိုအေးခဲ့တာကို တွေ့ရပါတယ်။။ ၂၀၁၈ ခုနှစ်ထက် ပိုပူနွေးခဲ့တဲ့နှစ်တွေက ၂၀၁၅၊ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေဖြစ်ကြပြီး ၂၀၁၆ ခုနှစ်ကတော့ လေ့လာမှုသမိုင်းတစ်လျှောက်မှာ ကမ္ဘာ့အပူနွေးဆုံးနှစ်အဖြစ် ဆက်လက်ရှိနေဆဲပါ။ ၂၀၁၅ ကနေ ၂၀၁၈ အထိကာလကတော့ ၁၈၅၀ ခုနှစ်အလွန်နှစ်တွေအားလုံးထက် သိသိသာသာကို ပူနွေးခဲ့ပြီး ဒီအဖြစ်က ကမ္ဘာလုံးဆိုင်ရာပူနွေးမှုကို ရေရှည်ဖြစ်ဖို့ ဦးတည်စေခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းခုနှစ်တွေထက် မဆိုသလောက်ပိုအေးတဲ့ဖြစ်စဉ်မျိုးရှိခဲ့ပေမဲ့လည်း ၂၀၁၈ ခုနှစ်ရဲ့အပူချိန်တွေက ကာလရှည်ပူနွေးနေနိုင်တဲ့အလားအလာကို ပြသနေခဲ့ပါတယ်။
ဒီလိုကာလရှည်ပူနွေးမှုအပြင် အယ်လ်နီညို (El Nino) နဲ့ လာနီညာ (La Nina) တို့လို ရာသီဥတုအပြောင်းအလဲဖြစ်စဉ်တွေကလည်း နှစ်အသီးသီးတိုင်းမှာ သက်ရောက်မှုရှိခဲ့တယ်လို့ လေ့လာမှုအစီရင်ခံစာတွေက ဆိုထားပါတယ်။

Ref: CGTN “New research finds 2018 4th warmest year on record”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top