အမ်မီနမ် (Eminem) နဲ့ ချစ်သူတွေဖြစ်နေပြီလို့ ထင်ရတဲ့ နစ်ကီ မင်နာခ်ျ့ (Nicki Minaj)

636628441593814517-Untitled-1.jpg

နစ်ကီ မင်နာခ်ျ့ (Nicki Minaj) ကတော့ သူ(မ)ရဲ့ပရိတ်သတ်တွေကို ရက်ပ်ဘုရင် အမ်မီနမ် (Eminem) နဲ့ဒိတ်လုပ်နေပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ ပရိတ်သတ်တစ်ဦးက သူ(မ)ရဲ့ အင်စတာဂရမ်ပိုစ့်အောက်မှာ “အမ်မီနမ်နဲ့ တွဲနေတာလား” လို့မေးမြန်းခဲ့တဲ့မေးခွန်းအပေါ် “ဟုတ်ပါတယ်” ဆိုပြီး ရိုးရိုးလေးပြန်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။

နစ်ကီ မင်နာခ်ျ့ဟာ မကြာသေးမီက ဝိုင်ဂျီ (YG)၊ 2 ချိန်း (2 Chainz)၊ ဘစ် ရှမ်လ် (Big Sean) တို့နဲ့အတူ သီဆိုထားတဲ့ Big Bank ဆိုတဲ့သီချင်းမှာ အမ်မီနမ်ကို ထည့်သွင်းသီဆိုခဲ့ပါတယ်။ အမ်မီနမ်ဆိုပြီး တိုက်ရိုက်အသုံးပြုခဲ့တာမဟုတ်ပဲ Slim Shady ဆိုတဲ့ အမ်မီနမ်ဆိုခဲ့ဖူးတဲ့ သီချင်းအမည်ကို ထည့်သွင်းသီဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်တုန်းကတော့ နစ်ကီ မင်နာ့ခ်ျဟာ အလ်လန် ဒီဂျီနလ် (Ellen DeGeneres) ကို သူ(မ)ယောက်ျားတွေနဲ့ ကင်းကင်းနေနေကြောင်း ယခုလိုပြောခဲ့ဖူးပါတယ်။ “ကျွန်မအခု အေးဆေးလေး နေနေတာပါ။ အိမ်ထောင်လည်း မပြုပါဘူး။ တစ်နှစ်လောက် ဘယ်သူနဲ့မှ မတွဲပဲနေချင်တယ်။ ယောက်ျားတွေကိုလည်း မုန်းတယ်။ ဘာလို့ သူတို့ကိုလက်မခံနိုင်လဲဆိုတဲ့ ချွင်းချက်မရှိပညတ်ချက်တွေလည်း ကျွန်မမှာရှိပါတယ်” လို့ပြောကြားခဲ့ဖူးပါတယ်။

တစ်ဘက်မှာဆိုရင်လည်း အမ်မီနမ်တစ်ယောက် မိန်းကလေးတော်တော်များများနဲ့ အတွဲခုတ်နေတယ်ဆိုပြီး ကောလဟာလတွေထွက်ခဲ့ပေမယ့် သူ့ရဲ့ဇနီးဟောင်း Kimberly Scott နဲ့ ကွာရှင်းပြတ်စဲပြီးထဲက ဘယ်သူနဲ့တွဲနေပါတယ်ဆိုပြီး အတည်ပြုပြောကြားခြင်း မရှိခဲ့ပါဘူး။ သို့ပေမယ့်လည်း သူက Rolling Stone ကိုတော့ အချစ်သစ်ရှာဖို့ အစီအစဉ်ရှိတယ်ဆိုပြီး ပြောကြားထားဖူးပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အမ်မီနမ်ရော၊ နစ်ကီ မင်နာ့ခ်ျရောဟာ ရက်ပ်ဂီတလောကမှာသာမက ကမ္ဘာတစ်လွှားမှာ နာမည်ကြီးကြသူတွေ ဖြစ်ပါတယ်။၎င်းတို့နှစ်ယောက်လုံးအတွက် နှစ်ကိုယ်တူကမ္ဘာတစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်ရပြီး သူတို့ရဲ့ပရိတ်သတ်တွေကတော့ နှစ်ယောက်ပေါင်း အယ်လ်ဘမ်လေးတစ်ခုလောက် ထွက်ဖို့ကိုပါ မျှော်လင့်နေလောက်ပါတယ်။

Ref: lad bible “Nicki Minaj Confirms Relationship With Eminem”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top