၂၀၂၀ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူး (ကြွက်နှစ်) အတွက်ဆုတောင်းစကားများ

20.1.2020.jpg

၂၀၂၀ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူး (ကြွက်နှစ်) ပွဲတော်အခါမှာ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေကို ဆုတောင်းပေးနိုင်ဖို့ ဆုတောင်းစကားလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ကိုယ့်အနေနဲ့ဆိုရင်ကော ဘယ်ဆုတောင်းကို လိုချင်လဲ ပြောပြခဲ့လို့ ရပါတယ်။ အားလုံးပဲ သာယာကြည်နူးစရာ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနိုင်ကြပါစေ..။

1. 恭喜发财 (gōng xǐ fā cái)
ဥစ္စာဓနတိုးတက်ပါစေ။

2. 财源广进 (cái yuán guǎng jìn)
တိုးတက်ကြီးပွားပါစေ။

3. 新年快乐(xīn nián kuài lè)
နှစ်သစ်မှာပျော်ရွှင်ပါစေ။

4. 金玉滿堂 (jīn yù mǎn táng)
ရွှေငွေရတနာများဖြင့်ပြည့်စုံပါစေ။

5. 一本萬利 (yī běn wàn lì)
သေးငယ်သောလုပ်ငန်းမှ ကြီးမားသောအမြတ်အစွန်းရပါစေ။

6. 招財進寶 (zhāo cái jìn bǎo)
ဥစ္စာဓနနှင့်ရွှေငွေများစွာရှာဖွေနိုင်ပါစေ။

7. 財源滾滾 (cái yuán gǔn gǔn)
ဥစ္စာဓနများဝင်လာမစဲဖြစ်ပါစေ။

8. 大吉大利 (dà jí dà lì)
ကျက်သရေမင်္ဂလာလိုအင်ဆန္ဒများပြည့်စုံပါစေ။

9. 年年有餘 (nián nián yǒu yú)
နှစ်စဉ်နှစ်တိုင်းလုပ်သမျှအဆင်ပြေပါစေ။

10. 事业发达 (shì yè fā dá)
လုပ်ငန်းများအဆင်ပြေပါစေ။

11. 升官发财 (shēng guān fā cái)
ရာထူးတိုး လစာများတိုးပါစေ။

12. 生意兴隆 (shēng yì xīng lóng)
လုပ်ငန်းများအဆင်ပြေပါစေ။

13. 學業進步 (xué yè jìn bù)
ပညာရေးတိုးတက်အောင်မြင်ပါစေ။

14. 步步高升 (bù bù gāo shēng)
ခြေလှမ်းတိုင်းအောင်မြင်မှုရပါစေ။

15. 新年進步 (xīn nián jìn bù)
နှစ်သစ်မှာကံကောင်းခြင်းတွေဆောင်ယူနိုင်ပါစေ။

16. 心想事成 (xīn xiǎng shì chéng)
ရည်မှန်းချက်များအောင်မြင်ပါစေ။

17. 万事如意 (wàn shì rú yì)
အရာရာတိုင်းအောင်မြင်ပါစေ။

18. 笑口常開 (xiào kǒu cháng kāi)
အမြဲပြုံးပျော်ရွှင်ပါစေ။

19. 五福臨門 (wǔ fú lín mén)
ကံကောင်းခြင်းငါးပါးနှင့်ပြည့်စုံပါစေ။

20. 身体健康 (shēn tǐ jiàn kāng)
ကျန်းမာပါစေ။

21. 竹報平安 (zhú bào píng ān)
ကောင်းသတင်းများကြားရပါစေ။

22. 福壽雙全 (fú shòu shuāng quán)
အသက်ရှည်ခြင်းနှင့်ကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံပါစေ။

23. 岁岁平安 (suì suì píng ān)
အသက်ရွယ်တိုင်းအေးချမ်းစွာနေနိုင်ပါစေ။

24. 马到成功 ( Mǎ dào chéng gōng)
ချက်ချင်းလုပ် ချက်ချင်းအောင်မြင်ပါစေ။

25.一帆风顺 (Yīfān fēngshùn)
ဘဝချောမွေ့ပါစေ။

26. 阖家幸福 (Héjiā xìngfú)
မိသားစုအားလုံးပျော်ရွှင်ပါစေ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top