Mytel ၏ ရွှေ ၂၂ ကျပ်သားကံထူးရှင် ဖြစ်နိုင်ရန်နောက်ဆုံးအခွင့်အရေးတစ်ခုသာ ကျန်ရှိ

Untitled-2.png

မြန်မာနိုင်ငံ၏ အကောင်းဆုံး အော်ပရေတာ Mytelသည် နှစ်နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ရွှေ ၂၂ ကျပ်သား၊ ငွေကျပ် ၂၂၂,၂၂၂ အပြင် နေ့စဉ်ဒေတာ၊ ဖုန်းခေါ်ဆိုခွင့်များသာမက အပတ်စဉ် MytelPay e-money ဆုများ ရရှိနိုင်မည့် “Fight COVID-19 Together” အမည်ရှိ မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်ကို မကြာသေးမီက မိတ်ဆက်ပေးခဲ့ပြီး ထိုအစီအစဉ်မှ ဆုကြီးတစ်ခုဖြစ်သည့် ရွှေ ၂၂ ကျပ်သားကံထူးရှင် ဖြစ်လာနိုင်ရန် နောက်ဆုံးအခွင့်အရေးတစ်ခုသာ ကျန်ရှိတော့ကြောင်း Mytel အား အသုံးပြုနေသော ပြည်သူများသို့ အသိပေးခဲ့ပါသည်။

ယခုအခါတွင် ဤ မွေးနေ့ကံစမ်းမဲ ဂိမ်းအစီအစဉ်၏ ရွှေ ၂၂ ကျပ်သားကံထူးရှင် သုံးဦးပေါ်ထွက်လာခဲ့ပြီဖြစ်ပြီး ကံထူးရှင်သုံးဦးအနက် ပထမကံထူးရှင်မှာ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှ ကိုဟိန်းထက်နှင့် ဒုတိယကံထူးရှင်မှာ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှ ကိုရန်ပိုင်ဦး ဖြစ်ပြီး တတိယကံထူးရှင်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိင်လင်မြို့မှ ကိုစိုင်းစံဟိုက် ဖြစ်သည်။ ပရိုမိုးရှင်းကာလအား ၂၀၂၀ ခုနှစ် ဩဂုတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးလိုက်ပြီဖြစ်၍ သုံးစွဲသူများသည် ရွှေ ၂၂ ကျပ်သားကို ကံစမ်းနိုင်ရန် ဂိမ်းဆော့ရင်း I-L-O-V-E-M-Y-T-E-L ဟူသည့် စာလုံးများကို အောင်မြင်စွာ စုဆောင်းရမည်ဖြစ်သည်။

ထို့အပြင်နေ့စဉ်ကံစမ်းနိုင်သည့်အစီအစဉ်ကိုလည်းပြုလုပ်ထားပြီး ရရှိနိုင်သည့် အမြင့်ဆုံး နေ့စဉ်ဆုများမှာ MytelPay မှ E-money ၂၂၂,၂၂၂ ကျပ်အထိ၊ ၂,၂၂၂,၂၂၂ MB အထိ၊ ၂၂,၂၂၂ မိနစ်အထိ ၊ ဂိမ်းပွိုင့် ၅ ပွိုင့် တို့ဖြစ်ပါသည်။ အမှတ်ပေးဇယား၏ ထိပ်ဆုံးကစားသမား ၁၀ ဦးမှာ အပတ်စဉ်ပေးသည့် ဆုငွေ ၂၂,၂၂၂ ကျပ် ကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ ကစားသမား တစ်ဦးသည် တစ်နေ့လျှင် အများဆုံး အကြိမ် ၃၀ အထိဝင်ရောက် ကစားနိုင်မည် ဖြစ်ပြီး Mytel သုံးစွဲသူများအနေဖြင့် နေ့စဉ် အခမဲ့ကစားခွင့်သုံးကြိမ်ရရှိမည်ဖြစ်ပါသည်။

Mytel သုံးစွဲသူ ပြည်သူတို့၏ ကောင်းကျိုးနှင့် ဈေးနှုန်းချိုသာစွာ အသုံးပြုနိုင်ရန်အတွက် အကောင်းဆုံး အော်ပရေတာ Mytel သည် ယခုကဲ့သို့ ခက်ခဲကျပ်တည်းနေသော အချိန်ကာလများတွင် ခေတ်မီဆန်းသစ်သော နည်းပညာများဖြင့် မိမိနိုင်ငံအား အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးအပ်နိုင်ရန် အလေးအနက်ထား၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် Mytel အသုံးပြုသူတို့၏ နေ့စဉ်လူမှုဘဝ ဖွံ့ဖြိုးတိုးတတ်ရေးအတွက်လည်း ဆက်လက်ပံ့ပိုးနိုင်ရန်အတွက် ဆန်းသစ်သောတီထွင်မှုများနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများအား အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက်ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်ရန် အထူးအလေးပေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top