ခေတ်ဆန်တာကြိုက်လား၊ ဆွဲဆောင်မှုရှိတာကို ကြိုက်တာလား။

OPPO-F5-RED-4.jpg

လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို အကြိုက်တွေလည်း ကွာကြမှာပါ။

ဆယ်ကျော်သက် လူငယ်တွေဆို အကြိုက်တွေ ပိုမတူနေနိုင်ပါသေးတယ်။ တချို့က ခေတ်ဆန်ကြသလို တချို့ကျတော့ ဟော့ဟော့ဒိုင်းဒိုင်းလို့ပဲပြောပြော အများအမြင်မှာ ဆွဲဆောင်မှု အပြည့်ညှို့ချက်တွေနဲ့ အများရဲ့ အာရုံတွေကို ဖမ်းစား သိမ်းယူနိုင်တာကို အလေးထားကြတယ်။ ဒါဆိုရင် ခေတ်ဆန်တယ်ဆိုတာနဲ့ ညှို့ချက်အပြည့်နဲ့ ဆွဲဆောင်မှုရှိဆိုတဲ့ အုပ်စု ၂စု ခွဲကြည့်လိုက်မယ်ဆိုရင် သင်က ဘယ်အုပ်စုထဲမှာ ပါနေနိုင်မလဲ။ ခဏလောက် အချိန်ပေးပြီး အဖြေကိုစဉ်းစားကြည့်လိုက်ပါ။

Trendy နဲ့ Sexy အတွက် အဖြေထွက်ကြပြီလား၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုးရဖို့အတွက် နောက်ထပ် သဲလွန်စ hint တစ်ခု ပေးပါမယ်။ “အသွင်တူရင် ကြင်သူတောင် ဖြစ်လို့ရတယ်” ဆိုတဲ့ သဲလွန်စလေးပါ။ အသွင်တူတဲ့ သူငယ်ချင်းတွေအားလုံးကို mention ခေါ်ပြီး အင်အားတောင့်အောင်လုပ်ဖို့ သင့်မှာ အခွင့်အရေး ရှိနေပါတယ်။ “Oh, My God!” ဆိုတဲ့ အာမေဍိတ်သံနဲ့ သင်ဘယ်ဘက်ကို ပိုကြိုက်လဲဆိုတာတော့ သိသွားပြီလား။ အခုဆိုရင် Trendy ဘက်ကိုရောက်သွားတဲ့သူတွေရော Sexy ဘက်မှာ ခြေချပစ်လိုက်တဲ့သူတွေရော တစ်စုစီ ရှိနေကြမယ်လို့ထင်ပါတယ်။ ခေတ်ရဲ့ အသွားအလာအရ Trendy ဖြစ်တိုင်းလည်း Sexy မကျပါဘူး။ Sexy ကျတိုင်းလည်း Trendy မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် ဒီလိုကွဲနေတဲ့ တစ်ဖွဲ့စီကို တစ်ပြိုင်တည်း ဆွဲခေါ်ဖို့အတွက် တစ်ခုတည်းသောအရာ ရှိနေပါတယ်။ အဲ့ဒါဟာဘာဖြစ်မယ်ထင်ပါသလဲ။

Trendy ပဲဖြစ်ဖြစ် Sexy ပဲဖြစ်ဖြစ် အားလုံးကို သိမ်းကြုံ ခေါ်ဆောင်သွားမယ့်အရာက OPPO F5 RED ပါပဲ။ သင့်မှာ ဘယ်လိုအကြိုက် ဘယ်လိုစရိုက်တွေ ရှိနေပါစေ OPPO F5 RED ကတော့ အားလုံးအတွက် ထပ်တူကျစေမယ့် ရွေးချယ်မှုတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ဈေးနှုန်းဘယ်လောက်လဲ၊ ဘယ်တော့ရမလဲဆိုတဲ့ သူငယ်ချင်တို့အတွက် ဆက်လက်အသိပေးသွားပါ့မယ်။

ခဏလေးပဲစောင့်ဆိုင်းပေးပါဦး။ #အကြည့်တွေကြားမှာ သတိတွေထားခံရပြီး အမြင်တွေကြားမှာ အသွင်တွေပါပြောင်းသွားစေမယ့် OPPO F5 RED

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top