အသက်အရွယ်နဲ့အမျှ အမြင်အာရုံ တစစပိုမိုယိုယွင်းလာခြင်း ရောဂါအတွက် ကုသနည်းအသစ် စမ်းသပ်အောင်မြင်

c0346997-armd_therapy.jpg

ဒီရောဂါမှာ နှစ်မျိုးနှစ်စား ရှိပါတယ်။ Dry form နဲ့ Wet Form ပါ။

“Dry” form ကြောင့် အမြင်အာရုံ ချို့တဲ့စေပုံက ဒီလိုပါ။ မျက်ကြောလွှာပေါ်က သဘာဝ စုပုံပစ္စည်းတွေကြောင့် အဓိက ဖြစ်လာတာဖြစ်ပြီး ဒီကနေတဆင့် မျက်စိအမြင် ကြည်လင်စေတဲ့ Retinal Pigment Epithelial ဆဲလ်တွေကို သတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

“Wet” form မှာတော့ မျက်လုံးကနေ အလင်းဓာတ်ကို ဖမ်းယူပေးဖို့ တာဝန်ယူထားတဲ့ အလင်း လက်ခံဆဲလ်တွေ ရှိပါတယ်။ ဒီဆဲလ်တွေကို အားဖြည့် ထောက်ပံ့ပေးနေတဲ့ Retinal Pigment Epithelial ဆဲလ်တွေကို သွေးကြောတွေက ထိခိုက် ပျက်စီးစေတဲ့အခါ အလင်းဓာတ်ကွယ်ခြင်းကို ခံစားရပါတော့တယ်။

အသက်အရွယ်နဲ့အမျှ အမြင်အာရုံ တစစကွယ်ပျောက်လာခြင်း ရောဂါမှာ အဓိက မင်းမူနေတာက Dry form ဖြစ်တယ်။ ရောဂါ ရဲ့ ၉၀ ရာနှုန်းက Dry Form ဒဏ် ခံနေရတဲ့သူတွေဖြစ်ပြီး အမေရိကန် လူဦးရေရဲ့ ၁.၇ သန်း အထိ ခံစားခဲ့ရပြီးပါပြီ။

ကုသမယ့်နည်းလမ်းက မျက်လုံးအကာ ထည့်သွင်း ကုသနည်းပါ။ မျက်လုံးရဲ့ အနောက်ဘက်မှာ မျက်လုံးအကာ တစ်ခုကို ထည့်သွင်းပေးမှာ ဖြစ်တယ်။ ထည့်သွင်းမယ့် မျက်လုံးအကာလေးကို ကနဦးဖြစ်တည်စ လူသား ပင်မဆဲလဲတွေကတစ်ဆင့် ပြုလုပ်ထားတဲ့ မျက်လုံးဆဲလ်တွေနဲ့ ပြုလုပ်ဖန်တီးထားတယ်။ ဒီ မျက်လုံးအကာကိုလည်း အဓိက အဖြစ်များတဲ့ Dry Form အတွက် ရည်ရွယ်ပြီး စမ်းသပ် ဖန်တီးထားတာပါ။ Wet form အတွက် စမ်းသပ်နေတုန်းပဲ ဖြစ်ပါတယ်။

စမ်းသပ်မှုအရ ဒီရောဂါ ခံစားနေသူ လေးယောက်တိတိဟာ ကုသမှုခံယူပြီးနောက် အမြင်စက္ခုအာရုံ သိသိသာသာ ပြန်လည် တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။ ဒီကုသမှုမှာ အသက် ၆၉ အရွယ် အဖွားတစ်ဦးဟာ မူလက အက္ခရာစဉ် လေးလုံးသာ တန်းစီဖတ်နိုင်ရာကနေ ၂၄ လုံးအထိ ဖတ်နိုင်လာခဲ့တယ်။ မျက်လုံးအမြင်အား ပိုတက်လာတယ်။

လော့စ်အန်ဂျလိမြို့၊ တောင်ကယ်လီဖိုးနီးယား တက္ကသိုလ်က အာမေးကာရှာနီနဲ့ တွဲဖက်အဖွဲ့ ဆရာဝန်တွေဟာ အလွန့်အလွန် သေးမျှင်တဲ့ ၄×၆ မီလီမီတာ အရွယ်အစားရှိ အဆိုပါ ပိုလီမာဒြပ်ပေါင်း မျက်လုံးအကာကို စမ်းသပ်လူနာ လေးယောက်ရဲ့ မျက်လုံးတစ်ဖက်စီကို ထည့်သွင်း ကုသပေးခဲ့တယ်။ ကျန် မျက်လုံး တစ်ဖက်စီကိုတော့ မကုသဘဲ ချန်ထားခဲ့တယ်။ တစ်နှစ်အကြာ စမ်းသပ် စောင့်ဆိုင်းပြီးချိန်မှာ ကုသမှုရရှိတဲ့ မျက်လုံးတွေဟာ ရောဂါကို ခုခံနိုင်ခဲ့ပြီး အမြင်အာရုံကို ကြည်လင်စွာ ပြန်လည်ရရှိလာခဲ့ပေမယ့် ကျန်မျက်လုံးတွေကတော့ အခြေအနေ ပိုမို ဆိုးရွားလာနေတာ တွေ့ခဲ့ရတယ်။ အာမေးရှာနီကာတို့အဖွဲ့ အတွက်တော့ ထင်သာမြင်သာ ရလဒ်ကောင်းတစ်ခု ထွက်ခဲ့တယ် ဆိုရမှာပါ။

အခုတော့ သူတို့အဖွဲ့ဟာ ဒီရောဂါခံစားရသူတွေရဲ့ ရောဂါ အစောပိုင်း အဆင့်မှာတင် ကုသမှု ခံယူစေနိုင်ဖို့ ပိုပြီးကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေဆီ ခြေလှမ်းလှမ်းနေပါပြီ။ ကြိုဆိုစရာပါပဲ။

Ref: newscientist.com

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top