မီဂန် ယန်ကင်းစ် (Meghan Jenkins) ကို နိုင်ငံတကာရေးရာဒုတိယဥက္ကဋ္ဌ အဖြစ် ONE Championship က အားဖြည့်

imgpsh_fullsize-1.jpg

အာရှအခြေစိုက် ကိုယ်ခံပညာ အဖွဲ့အစည်းကြီး တစ်ခုဖြစ်သော ONE Championship သည် NBA (National Basketball Association) တွင် တာဝန်ထမ်းဆောင်ဖူးသည့် Meghan Jenkins ကို နိုင်ငံတကာရေးရာ ဒုတိယဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်။

Meghan သည် ONE Championship ၏ လုပ်ငန်းပိုင်းဆိုင်ရာများကို နိုင်ငံတကာတွင် ပိုမိုဖွံဖြိုးတိုးတက်လာကာ ဈေးကွက်သစ်များရရှိရေးကို မဟာဗျူဟာကျကျ စီမံဆောင်ရွက်သွားရန် ရည်ရွယ်ထားသည်။ ၎င်းသည် ကမ္ဘာ့ထိပ်တန်းဘက်စကတ်ဘောလိဂ်ဖြစ်သည့် NBA ၏ ဌာနချုပ်နှင့် အာရှအခြေစိုက်ရုံးချုပ်တို့တွင် ၁ဝ နှစ်ကြာ တာဝန်ထမ်းဆောင်ဖူးသူဖြစ်သည်။ Meghan သည် လာမည့်မတ်လတွင် ONE Championship နှင့် ကဏ္ဍသစ်တစ်ရပ်ကို စတင်တော့မည်ဖြစ်သည်။

“ONE Championship ရဲ့ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ထဲမှာ နိုင်ငံတကာရေးရာဒုတိယဥက္ကဋ္ဌအဖြစ် Meghan Jenkins ပါဝင်လာတာကို ကြေညာရတာ အလွန်ဝမ်းသာစရာကောင်းလှပါတယ်။ ခေါင်းဆောင်မှုပိုင်းမှာ အတွေ့အကြုံရင့်ကျက်တဲ့ Meghan ဟာ ကျွန်တော်အပါအဝင် အုပ်ချုပ်မှုအဖွဲ့နှင့်အတူ ONE Championship ကို အာရှသမိုင်းမှာ ပထမဆုံး အမေရိကန်ဒေါ်လာ ဘီလီယံချီတန်ကြေးရှိတဲ့ အကြီးမားဆုံးကမ္ဘာ့အဆင့်ကိုယ်ခံပညာပြိုင်ပွဲတွေကို ကျင်းပေးနေတဲ့ အဖွဲ့အစည်းဖြစ်လာဖို့ အတိုင်းအတာတစ်ခုထိ ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်။ သူက လက်ရှိဈေးကွက်ကို မဟာဗျူဟာကျကျအစပျိုးပြီး ဈေးကွက်သစ်တွေရှာဖွေပေးမယ့်အပြင် TAM (Total Addressable Market) ကို ချဲ့ထွင်ပြီး ONE Championship ကို နိုင်ငံတကာမှာ ဒီထက်ဖွံ့ဖြိုးလာအောင်ကြီးကြပ်ပါလိမ့်မယ်။ အခုလို မီဂန်က ကျွန်တော်တို့ အဖွဲ့ဝင်ဖြစ်လာတဲ့အတွက် ONE Championship ဟာ အာရှတိုက်ရဲ့ အားကစားမီဒီယာကဏ္ဍမှာ ဝါရင့်အတွေ့အကြုံရှိ ကမ္ဘာ့အဆင့်အုပ်ချုပ်မှုအဖွဲ့ကို ပိုင်ဆိုင်ထားပါပြီ” လို့ ONE Championship ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Chatri Sityodtong က ပြောပြသည်။

“ONE Championship နဲ့ လက်တွဲခွင့်ရတာ အရမ်းကို စိတ်လှုပ်ရှားရပါတယ်။ NBA ကို ကမ္ဘာ့အားကစားလောကမှာ ထိပ်တန်းနေရာရပ်တည်နိုင်ခဲ့အောင် ၁ဝ စုနှစ်နီးပါးလုပ်ခဲ့တာဟာ တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတွေဖြစ်ပါတယ်။ ဒါကို အသုံးချပြီး ONE Championship ကို နောက်ထပ်အဆင့်တစ်ခုအထိ တိုးတက်လာအောင်လုပ်ဆောင်မှာပါ။ ကျွန်မဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အာရှပစိဖိတ်ဒေသတွင်းမှာ ဈေးကွက်အခွင့်အလမ်းကောင်းတစ်ချို့ ရှိနေတာကို ဖော်ထုတ်ဖို့ အာရုံစူးစိုက်မိခဲ့တယ်။ အာရှဈေးကွက်ဟာ အလားအလာကောင်းတွေရှိပြီး အားကစားမီဒီယာကဏ္ဍဟာလည်း အလွန်ကိုဖွံ့ဖြိုးလာပါတယ်။ ONE Championship ဟာ အာရှဈေးကွက်ကို ပြိုင်ဘက်ကင်းစွာနဲ့ အများဆုံးသိမ်းပိုက်ထားနိုင်ပါတယ်။ ONE Championship မှာ ပါဝင်ပြီး ဥက္ကဋ္ဌ Chatri အုပ်ချုပ်မှုအဖွဲ့နဲ့အတူ ပူးပေါင်းပြီး ONE Championship ပြိုင်ပွဲကြီးကို ကမ္ဘာ့အင်အားကြီး အားကစားလောကမှာ ထိပ်တန်းနေရာဝင်အောင် တည်ဆောက်ရမှာမို့ ကျေနပ်မိပါတယ်”ဟု ၎င်းကဆိုသည်။

Meghan Jenkins သည် ဟောင်ကောင်တွင်ရှိသော NBA အာရှ အခြေစိုက်ရုံး မဟာဗျူဟာပိုင်းဌာန၌ ဒုတိယဥက္ကဋ္ဌရာထူးဖြင့် အကြီးတန်း စီမံခန့်ခွဲမှုအဖွဲ့တွင် ၂ဝ၁၅ ခုနှစ်မှ စတင်ပြီး လုပ်ကိုင်ခဲ့သည်။

Jenkins သည် NBA စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို အာရှပစိဖိတ်ဒေသတွင် ဈေးကွက်ဖြန့်ကျက်ဖြင်း၊ မဟာဗျူဟာမြောက်သော မိတ်ဖက်စီးပွားရေးပုံစံဖွံ့ဖြိုးစေခြင်း၊ လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာချမှတ်ခြင်း၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ စီမံခန့်ခွဲမှု အစရှိသောတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ဂျပန်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့တွင် ပြုလုပ်သည့် Media ပိုင်းဆိုင်ရာ သဘောတူညီမှု အချို့တွင် ပါဝင်လုပ်ဆောင်ခဲ့ပြီး Digital Media Platforms နှင့် eSports ပိုင်းဆိုင်ရာတို့ကို အုတ်မြစ်ချလုပ်ဆောင်ပေးခဲ့ပါသည်။

Jenkins သည် အာရှသို့ မပြောင်းရွှေ့မီအချိန်က နယူးယောက်မြို့ရှိ NBA ရုံးချုပ်တွင် ကော်ပိုရိတ်မဟာဗျူဟာချမှတ်ခြင်း၊ နိုင်ငံတကာဈေးကွက်ချဲ့ထွင်မှုနှင့် မဟာဗျူဟာကျကျ မိတ်ဖက်နှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းဆိုင်ရာကဏ္ဍများတွင် ၇ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top