မန်စီးတီးအသင်း ဖလား ၄ လုံးရဖို့မျှော်မှန်းနေဆိုတဲ့ သတင်းတွေကို နည်းပြဂွာဒီယိုလာပယ်ချ

TELEMMGLPICT000149705142_trans_NvBQzQNjv4BqpfdAlaR4Ea_iSpZSotji0JxWLfs5mAvkbXYQqrLnBas.jpeg

မန်စီးတီးအသင်း ဖလား ၄ လုံးရယူနိုင်ဖို့ မျှော်လင့်နေတယ်ဆိုတဲ့ သတင်းတွေကို နည်းပြဂွာဒီယိုလာ ကပယ်ချလိုက်ပါတယ်။

မန်စီးတီးဟာ ကာရာဘောင်ဖလား(Carabao) ကွာတားဖိုင်နယ်မှာ လက်စတာစီးတီးအသင်းကို အနိုင်ရပြီးနောက် ဖလား ၄ လုံးရယူဖို့ မျှော်လင့်နေတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့မှုအပေါ် နည်းပြဂွာဒီယိုလာ ပယ်ချလိုက်တာပါ။

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ကာရာဘောင်နှင့် ပရီးမီယားလိဂ် ပြိုင်ပွဲတွင်ချန်ပီယံဆုများရယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ နည်းပြ ဂွာဒီယိုလာက “ဖလား ၄ လုံး ရယူနိုင်ဖို့ မျှော်လင့်နေတယ်ဆိုတာမဟုတ်ဘူး။ ဒီလိုမျိုးမျှော်လင့်ချက်မရှိပါဘူး။ ကျွန်တော်တို့အသင်း ဖလား ဘယ်နှစ်ခု ရယူမယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးမှာမဟုတ်ဘူး။ လတ်တလောမှာ နောက်ပွဲစဉ်အတွက်သာ ခြေစွမ်းပြနိုင်ဖို့ကိုသာ စဉ်းစားတယ်။ ကာရာဘောင် ကွာတားဖိုင်နယ်မှာ အနိုင်ရခဲ့လို့ပျော်ရွင်ပါတယ်။ ဖလား ၄ လုံးရယူနိုင်ဖို့ မျှော်လင့်တယ်ဆိုတာ မမှန်ပါဘူး။ ဖလား ၄ လုံးမျှော်လင့်ချက်ဆိုတာကို မေ့ထားရမယ် ” လို့ပြောခဲ့ပါတယ်။

မန်စီးတီးအသင်း ဟာ ဗုဒ္ဓဟူးနေ့ ညပိုင်းက ကစားခဲ့တဲ့ ကာရာဘောင်ဖလား ကွာတာဖိုင်နယ်မှာ လက်စတာနဲ့ ၁ ဂိုးစီသရေကျခဲ့ပေမယ့် ပယ်နယ်တီအဆုံးဖြတ်မှာ မန်စီးတီးက ၄ ဂိုး ၃ ဂိုး ဖြင့် အနိုင်ရခဲ့ပါတယ်။ မန်စီးတီး အသင်းဥက္ကဌ ကယ်ဒွန်အယ်မူဘာရက် (Khaldoon Al Mubarak ) ကတော့ မန်စီးတီးအသင်းဟာ ဖလား ၄ လုံး ရယူနိုင်ဖွယ်ရှိတယ်လို့ မေလတုန်းကပြောဆိုခဲ့ဖူးပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : ESPN : Cristiano Ronaldo becomes first to score in all six UCL group games

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top