မန်စီးတီးအသင်းက နည်းပြဂွာဒီယိုလာကို ကာလရှည် စာချုပ်တိုးမြင့်လိုနေ

Sheikh-Mansour-bin-Zayed-Al-Nahyan.jpg

မန်စီးတီးအသင်းဟာ ရာသီကုန်ချိန်မှာ အသင်းနည်းပြဂွာဒီယိုလာကို စာချုပ်သစ် ချုပ်ဆိုရေး ဆွေးနွေးဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အဘူဒာဘီမှ အသင်းပိုင်ရှင်တွေဟာ နည်းပြဟောင်းဖာဂူဆန် မန်ယူကို တည်ဆောက်ခဲ့တဲ့ပုံစံအတိုင်း နည်းပြဂွာဒီယိုလာကို မန်စီးတီး အသင်းတည်ဆောက်စေဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။

မန်စီးတီးအသင်းဟာ စနေ့နေ့ ကစားခဲ့တဲ့ပွဲမှာ စပါး ကို ၄ ဂိုး ၁ ဂိုး နဲ့ အနိုင်ရခဲ့လို့ ပရီးမီယားလိဂ် ပြိုင်ပွဲမှာ ၁၆ ပွဲ ဆက်တိုက်အနိုင်ရမှုကို ရရှိခဲ့ပါတယ်။ နည်းပြဂွာဒီယိုလာ ဟာ မန်စီးတီးအသင်းမှာ တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀ ရစေတဲ့သုံးနှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး အဲဒီစာချုပ်ဟာ သက်တမ်းတစ်ဝက်ကျော်သွားပြီဖြစ်ပါတယ်။

မန်စီးတီးအသင်းပိုင်ရှင် ဟာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာနဲ့ စာချုပ်သက်တမ်းတိုးရေးဆွေးနွေးဖို့ သဘောတူညီထားပါတယ်။ အစောပိုင်းက နည်းပြ ဂွာဒီယိုလာဟာ အသင်းနဲ့တစ်နှစ်စာချုပ်သာ သက်တမ်းတိုးဖွယ်ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် အသင်းပိုင်ရှင်ဟာနည်းပြ ဂွာဒီယိုလာကို ကာလရှည်စာချုပ် ချုပ်ဆိုဖို့ လိုလားနေတယ်လို့သိရပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : Telegraph : Pep Guardiola to be offered long-term contract

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top