Mytel က ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်တွေကို အသိပေးကြေညာ

10-3-2020-yyl058.jpg

မြန်မာနိုင်ငံရဲ့ အော်ပရေတာ Mytelက ဆင်းကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်တွေကို အသိပေးကြေညာတဲ့ပွဲကို ဒီကနေ့ မတ်လ ၁၀ ရက်နေ့ Novotel Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Mytel အနေနဲ့ သုံးစွဲသူတွေအတွက် မှတ်ပုံတင်နိုင်မယ့်နည်းလမ်းတွေ၊ မှတ်ပုံတင်ရန်လိုအပ်ချက်တွေ၊ မှတ်ပုံတင်ပြီးသားဆင်းကတ် အချက်အလက်စစ်ဆေးနည်းတွေ၊ မှတ်ပုံတင်နိုင်မယ့် ဆင်းကတ်အရေအတွက် သတ်မှတ်ချက်တွေ အစရှိတဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းရှင်းလင်းလင်းသိရှိစေဖို့နဲ့ Mytelရဲ့ ဝန်ဆောင်မှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

Mytel သုံးစွဲသူတွေအနေနဲ့က မိမိတို့ရဲ့ဆင်းကတ်ကို မှတ်ပုံတင်ချင်ရင်ပဲဖြစ်ဖြစ် အချက်အလက်တွေကို ပြင်ဆင်ပြောင်းလဲချင်ရင် (ဒါမှမဟုတ်) အချက်အလက်တွေကို စစ်ဆေးချင်ရင်ဖြစ်ဖြစ် နည်းလမ်း ၄ မျိုးနဲ့ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

၁ Mytelရဲ့ အရောင်းပြခန်းတွေနဲ့ POS Channel စတိုးဆိုင်တွေ

Myel ဆင်းကတ်ကို မှတ်ပုံတင်ချင်ရင် Mytel အရောင်းပြခန်းနဲ့ ကိုယ်စားလှယ်ဆိုင်ပေါင်း ၁၃၇ ဆိုင်နဲ့ POS ဆိုင်ပေါင်း ၅၀၀၀ ကျော်တွေမှာ မှတ်ပုံတင်လို့ရပါတယ်။ မိမိရဲ့မှတ်ပုံတင်ကို ပြသပြီးတော့လည်း ပြုပြင်ပြောင်းလဲပြီး စစ်ဆေးလို့ရပါတယ်။

၂ Mytelရဲ့ MyID အပ်ပလီကေးရှင်း

MyID အပ်ပလီကေးရှင်းမှာ ‘Info Update’ ကို နှိပ်ပြီး အချက်အလက်တွေ ရိုက်ထည့်ရုံနဲ့ ဆင်းကတ်မှတ်ပုံတင်လို့ရပါတယ်။

၃ Mytelရဲ့ Website (account.mytel.com.mm)

Mytel ဝက်ဘ်ဆိုက်ဝင်ရောက်ပြီး ဆင်းကတ်နံပါတ်ရိုက်ထည့်ပြီး မှတ်ပုံတင်လို့ရပါတယ်။

၄ Mytelရဲ့ Call Center ကိုခေါ်ဆိုခြင်း

Mytelရဲ့ Call Center 966 ကိုခေါ်ဆိုပြီး မိမိရဲ့မှတ်ပုံတင် (ရှေ့နဲ့နောက်ကျောပုံ) နဲ့ အချက်အလက်အမှန်ကို OTT အပ်ပလီးကေးရှင်းအသုံးပြုပြီး ပေးပို့ကာ မှတ်ပုံတင်လို့ရပါတယ်။ (Mytelရဲ့ USSD code *966*6# ကိုခေါ်ဆို၊ နံပါတ် ၂ ကို ရိုက်ထည့်ပြီး မိမိရဲ့မှတ်ပုံတင်ထားတဲ့ အချက်အလက်ကို စစ်ဆေးလို့ရပါတယ်)

Mytel က ဆန်းသစ်တီထွင်မှုတွေနဲ့ ဝန်ဆောင်မှုတွေရဲ့ ဖွံဖြိုးတိုးတက်ရေးကို အထူးအာရုံစိုက်နေပြီး မြန်မာပြည်သူတွေအတွက် ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top