Mytel ‘၂’ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် သုံးစွဲသူများကို မေတ္တာလက်ဆောင်များ ပေးအပ်

2nd-Year-Anni-SMS-Campaign_Image1.jpg

မြန်မာနိုင်ငံရဲ့ အော်ပရေတာ Mytel က သုံးစွဲသူများကို ‘966’ သို့ ‘HBD’ လို့ စာတိုပေးပို့ရုံဖြင့် ဒေတာ ၂ GB အထိ နဲ့ Mytel အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၂၀၀ အထိ လက်ဆောင်များပေးအပ်မယ့် ပျော်ရွှင်ဖွယ်အစီအစဉ်ကို ဇွန်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခု အစီအစဉ်က မြန်မာနိုင်ငံမှာ Mytel ကပြည်သူများကိုဝန်ဆောင်မှုပေးတဲ့ သက်တမ်း ၂ နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် သုံးစွဲသူများကို Mytel က လက်ဆောင်ပေးအပ်ခြင်းဖြစ်ပါတယ်။

ဒီပရိုမိုရှင်းကို ၂၀၂၀၊ ဇွန်လ ၃ ရက်နေ့ မှ ၂၀၂၀၊ ဇွန်လ ၉ ရက်နေ့အတွင်း Mytel သုံးစွဲသူများက “966” သို့ HBD၊ HPBD သို့မဟုတ် HAPPYBIRTHDAY လို့ SMS ပေးပို့ကာ ဆုများရယူနိုင်မှာဖြစ်ပါတယ်။ ဒေတာလက်ဆောင်များမှာ ၁၀၀ MB၊ ၂၀၀ MB၊ ၅၀၀ MB နှင့် ၁ GB မှစတင်ကာ အများဆုံး ၂ GB အထိ ရရှိနိုင်ပြီးဖြစ်ပြီး on-net ဖုန်းခေါ်ဆိုမှုအတွက်လည်း ၁၀ မိနစ်၊ မိနစ် ၂၀၊ မိနစ် ၅၀၊ မိနစ် ၁၀၀ နှင့် အများဆုံး မိနစ် ၂၀၀ အထိ လက်ဆောင် ရရှိနိုင်မှာဖြစ်ပါတယ်။ ဒီဆုလက်ဆောင်များရဲ့သက်တမ်းမှာ ၇ ရက်ဖြစ်ပြီး Mytel ဖုန်းနံပါတ်တစ်ခုလျှင် တစ်ကြိမ်သာ ဒီပရိုမိုးရှင်းကာလအတွင်း ဆုခံစားခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ အကျိုးနှင့် သက်သာစွာ အသုံးပြုနိုင်ရန်အတွက် Mytel က အထူးသဖြင့် အခုလို ခက်ခဲကျပ်တည်းသောကာလများမှာ မိမိနိုင်ငံကို အကူအညီဖြစ်စေနိုင်မည့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Mytel က ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်ပြီး ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top