Mytel က Viber အသုံးပြုမှု များအတွက် Captain Data Pack မှာ Zero Data Usage ကိုထည့်သွင်း

Untitled-1-1.png

သန်းပေါင်းများစွာသော အလုပ်အကိုင်များအတွက် နေအိမ်မှ အလုပ်လုပ်ကိုင်ကြခြင်းက ပုံမှန်အခြေအနေအသစ်တစ်ခု ဖြစ်လာပြီး Covid-19 ရောဂါ အခြေအနေကြောင့် messaging apps များမှတစ်ဆင့် ပြည်သူများက သူတို့ရဲ့လုပ်ဖော်ကိုင်ဖက်များ၊ ချစ်ခင်သူများနှင့် အဆက်အသွယ်မပြတ် နေထိုင်တဲ့အလေ့အထမှာ ခေတ်စားလာခဲ့ပါတယ်။ လက်ရှိ အသုံးပြုမှုစာရင်းများအရ မြန်မာနိုင်ငံတွင် Viber မှ အဖွဲ့လိုက် ဖုန်းခေါ်ဆိုခြင်း လုပ်ဆောင်ချက်ကို အသုံးပြုမှု အရေအတွက်က အရင်ထက် ၁၀ ဆနီးပါး မြင့်တက်လာခဲ့ပြီး Community သို့ ဝင်ရောက်ကြည့်ရှုသူ အရေအတွက်ကလည်း ၆၇% ခန့် မြင့်တက်လာခဲ့ပါတယ်။ အဲဒီလို မြင့်တက်လာတဲ့ Viberက Mytel နှင့်ပူးပေါင်းပြီး Viber အသုံးပြုမှုများအတွက် Zero Data Usage ကို Mytelရဲ့Captain Data Pack မှာ အသုံးပြုနိုင်အောင် လုပ်ဆောင်ခဲ့ပါတယ်။

Captain Data Pack က Mytel ရဲ့ မြန်နှုန်းမြင့် အင်တာနက်ဒေတာ နှင့်အတူ Rakuten Viber ရဲ့ ဆန်းသစ်ဖန်တီးထားသော လုပ်ဆောင်ချက်များကို ပေးအပ်သွားမှာဖြစ်ပါတယ်။ အသုံးပြုသူများအနေဖြင့် ၂,၄၀၀ ကျပ်၊ ၂,၅၀၀ ကျပ်၊ ၇,၀၀၀ ကျပ်၊ ၁၃,၅၀၀ ကျပ် နှင့် ၂၀,၀၀၀ ကျပ် စတဲ့ data pack ငါးမျိုးမှ နှစ်သက်ရာကို ရွေးချယ်နိုင်မှာဖြစ်ပြီး Mytel အသုံးပြုသူများက ရိုးရိုးဒေတာနှင့် Night Data နှစ်မျိုးကိုရယူကာ အကန့်အသတ်မရှိ အခမဲ့ Viber အသုံးပြုခွင့်ကို ရက် ၃၀ မှ ၉၀ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။

Rakuten Viber က မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး messaging app တစ်ခုဖြစ်ပြီး Covid-19 ဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်တဲ့ WHO Chatbot, ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြုလုပ်သည့် Covid-19 Viber Community တို့အပြင် အဓိကလုပ်ဆောင်ချက်များစွာတို့ရဲ့အရည်အသွေးကိုလည်း မြှင့်တင်ပေးခဲ့ပါတယ်။ Mytel က အသစ်ပေးအပ်လိုက်သော Captain Data Pack မှာ အသုံးပြုသူများက စာတိုနှင့် ဓာတ်ပုံများပေးပို့ခြင်း၊ ဖုန်းခေါ်ဆိုခြင်းနှင့် ဗွီဒီယိုဖြင့် ဖုန်းခေါ်ဆိုခြင်း၊ ဖိုင်ဆိုဒ်အကြီးများ ပေးပို့ခြင်း အစရှိတဲ့ ကျယ်ပြန့်သော လုပ်ဆောင်ချက်များကို အခမဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top