Mytel က မွန်မြတ်တဲ့လှုဒါန်းမှုများ ပြုလုပ်ပြီး ၂ နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် ကျင်းပ

2nd-Year-Anni-CSR-Campaign_Image1.jpg

Mytel က ဒုတိယအကြိမ်မြောက် “Empower My Children” လှူဒါန်းမှုအစီအစဉ်ကို ၎င်းတို့ရဲ့နှစ်နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ရန်ကင်းကလေးဆေးရုံ၌ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားကို Mytel က ခွဲစိတ်ခန်းသုံးမျက်နှာဖုံး အခု ၂၀,၀၀၀ နှင့် ခွဲစိတ်ကုသမှု ခံယူရန်လိုအပ်နေသော နှလုံးသွေးကြောဆိုင်ရာရောဂါသည် ကလေးငယ် ၂၂ ဦး အတွက် ငွေကြေးအထောက်အပံ့နှင့် အခြား အထောက်အပံ့များကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒီလှူဒါန်းမှုအခမ်းအနားသို့ ဆေးရုံအုပ်ကြီးနှင့်တကွ တာဝန်ရှိဆရာ ဆရာမများ၊ Mytel ရဲ့ Chief Financial Officer နှင့်အတူ အခြားတာဝန်ရှိသူများလည်း တက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားတွင် Mytel က ခွဲစိတ်ခန်းသုံးမျက်နှာဖုံး ၂၀,၀၀၀ ကျော်နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ ဝေဒနာရှင် ၂၂ ဦး အတွက် တစ်ဦးလျှင် ခန့်မှန်းခြေကျပ် ၂၅ သိန်းခန့် ထောက်ပံ့မှုများကို ပေးအပ်သွားမှာဖြစ်ပြီး လှူဒါန်းငွေစုစုပေါင်း ကျပ်သိန်း ၅၅၀ ကို Mytel ရဲ့ Chief Financial Officer ဖြစ်သူ ဦးသိန်းအောင်မှ ဒေါက်တာဒေါ်မြင့်မြင့်ခိုင်သို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top