Mytel က ကျန်းမာရေးလုပ်ငန်းများကို ကူညီတဲ့အနေနဲ့ တယ်လီကွန်း နှင့် အင်တာနက်ဝန်ဆောင်မှုများကို ထောက်ပံ့ပေး

Mytel-offers-telco-services_Image_2.jpg

အကောင်းဆုံး အော်ပရေတာ Mytel က ကမ္ဘာ့ကပ်ရောဂါ Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းက ထောက်ပံ့ပေးရန် ရည်ရွယ်ကာ စတင်ခဲ့တဲ့ Fight Covid 19 ကမ်ပိန်းရဲ့လုပ်ဆောင်ချက်တစ်ခုအဖြစ် ဆေးရုံများ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်များနှင့် မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားတဲ့ quarantine ပြုလုပ်ထားတဲ့နေရာများမှာ Covid 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများအပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးနှင့် လူနာများကို တယ်လီကွန်းနှင့် အင်တာနက်ဝန်ဆောင်မှုများ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ကိုယ်ကျိုးစွန့်လျက် ရှေ့တန်းမှနေပြီး တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် Mytelက မိမိတတ်နိုင်သည့်ဘက်မှ ဒီကပ်ရောဂါကို အမြစ်ပြတ်သုတ်သင်နိုင်ရန် အစွမ်းကုန် ထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။

Mytel က ဆေးရုံများ၊ ဆက်စပ်ကျန်းမာရေးလုပ်ငန်းခွင်များနှင့် မြို့နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော quarantine ပြုလုပ်ထားတဲ့နေရာများတွင် နှာခေါင်းစည်းများ၊ ရေမလိုလက်သန့်ဆေးရည်များ၊ အခြားလိုအပ်တဲ့ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများနှင့်တကွ တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်များ၊ သူနာပြုများနှင့် အခြား ကျန်းမာရေးဝန်ထမ်းများအားလုံးအတွက် data 5 GB နှင့် Mytel အချင်းချင်း မိနစ် ၂၀၀ အခမဲ့ခေါ်ဆိုနိုင်မည့် ဝန်ဆောင်မှုများဖြင့် ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီထောက်ပံ့ကူညီခြင်းအစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒီအစီအစဉ်လုပ်ဆောင်ရခြင်းရည်ရွယ်ချက်မှာ Mytel သည် မိမိနိုင်ငံသားများကို တစ်ဦး နှင့်တစ်ဦး အဆက်အသွယ်မပြတ်ရှိနေစေရန်နှင့် ဒီကမ္ဘာလုံးဆိုင်ရာကပ်ရောဂါကိုတိုက်ဖျက်ရာ၌ ကျန်းမာရေးဝန်ထမ်းများကို တစ်ထောင့်တစ်နေရာမှ တတ်အားသရွေ့ ကူညီပံ့ပိုးရန် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

မကြာသေးမီကလည်း Mytel က “Safe Market” ဆိုတဲ့အစီအစဉ်ကို ပြည်တွင်းရောဂါထိန်းချုပ်ရေး နှင့်ကာကွယ်ရေးစင်တာများ နှင့် ပူးပေါင်းကာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ကုန်သည်၊ဈေးသည်များ အတွက် ဈေးအတွင်း social distancing အလေ့အကျင့်ကို လိုက်နာကျင့်သုံးရန် အားပေးသောအနေဖြင့် ရွင်ဖျင်ထီးများ လှူဒါန်းပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီလှူဒါန်းမှုအစီအစဉ်က လူမှုကွန်ယက်ပေါ်မှတစ်ဆင့် ပြည်သူလူထုရဲ့တစ်ခဲနက် အားပေးထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒီအစီအစဉ်များအပြင် Mytel က (၅၀% ငွေဖြည့်အပိုလက်ဆောင် + ၂၀၀% ဒေတာအပိုဆုရယူနိုင်မည့်) နှစ်ဆတိုးအပိုလက်ဆောင် အစီအစဉ် နှင့် ကိုရိုနာ ဗိုင်းရပ်စ် ၂၀၁၉ (COVID-19) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီသို့ SMS ဖြင့်လှူဒါန်းနိုင်မယ့် (111 သို့ CV19 ဟုပေးပို့ပြီး သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ လက်ကျန်ငွေမှ ၁,၀၀၀ ကျပ်ကို လှူဒါန်းနိုင်မည့်) အစီအစဉ်ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top