Mytel က စာတိုတစ်စောင်ပေးပို့ခြင်းဖြင့် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေကို လှူဒါန်းပံ့ပိုးနိုင်မယ့် အစီအစဉ်မိတ်ဆက်

SMS-Donation-Image_1.jpg

မြန်မာနိုင်ငံရဲ့အကောင်းဆုံး အော်ပရေတာ Mytel က ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း Mytel အသုံးပြုသူတွေစာတိုပေးပို့ခြင်းဖြင့် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို လှူဒါန်းပံ့ပိုးနိုင်မယ့် အစီအစဉ်ကို မိတ်ဆက် ကြေငြာလိုက်ပါပြီ။ Mytel ကကမ္ဘာလုံးဆိုင်ရာရောဂါပျံ့နှံ့မှုကို တိုက်ဖျက်နိုင်ရန်အတွက် တိုင်းပြည်နှင့် ပြည်သူတွေရဲ့အခြေအနေကို ကောင်းကောင်းနားလည်ပြီး ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေရဲ့ လိုအပ်တဲ့နေရာတွေမှာ တတ်စွမ်းသရွေ့ ကူညီပံ့ပိုးနေပြီး Mytel အသုံးပြုသူတွေအနေဖြင့်လည်း တစ်ထောင့်တစ်နေရာကနေ အတူတကွ ဝိုင်းဝန်းပါဝင်ကူညီနိုင်ရန် အခုအစီအစဉ်ကို စတင်လိုက်တာဖြစ်ပါတယ်။

အခုလှူဒါန်းမှုအစီအစဉ်ကို Mytel အသုံးပြုသူ မည်သူမဆိုပါဝင်နိုင်မှာဖြစ်ပါတယ်။ ပါဝင်လှူဒါန်းလိုသူတွေအနေဖြင့် “111” သို့ “CV19” ဟု စာတိုတစ်စောင်ပေးပို့ခြင်းအားဖြင့် တစ်စောင်လျှင် ငွေကျပ် ၁၀၀၀ ပါဝင်လှူဒါန်းနိုင်မှာဖြစ်ပါတယ်။ လှူဒါန်းမှုများမှ ရရှိလာသော အလှူငွေတွေကို Mytel က COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဒီလှူဒါန်းမှုအစီအစဉ်က ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်အတွင်း အသုံးပြုသူများနှင့် အစိုးရကို တတ်စွမ်းတဲ့ဘက်မှ အကောင်းဆုံးကူညီပံ့ပိုးပေးရန်နှင့် ရောဂါပျံ့ပွားမှု ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ တစ်တပ်တစ်အားပါဝင်ရန်ဖော်ဆောင်ထားတဲ့အစီအစဉ်ဖြစ်ပြီး ပြည်သူပြည်သားများအားလုံး စည်းလုံးညီညွတ်စွာ ပါဝင်နိုင်တဲ့ Mytelရဲ့ #TogetherWeFightCovid19 စီမံကိန်းတွေထဲကတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top