Mytel က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီကို ကန်ဒေါ်လာ ၂၁,၀၀၀ တန်ဖိုးရှိတဲ့ လှူဒါန်းမှုများ ပြုလုပ်

1-3.jpg

အကောင်းဆုံး အော်ပရေတာ Mytel က အခုမနက် ၁၀ နာရီခန့်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ၂၀၁၉ (ကိုဗစ်-၁၉) ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီကို ကန်ဒေါ်လာ ၂၁,၀၀၀ တန်ဖိုးရှိတဲ့လှူဒါန်းမှုများကို လွှဲပြောင်းလှူဒါန်းခဲ့ပါတယ်။ ဒီလှူဒါန်းမှုပွဲအခမ်းအနားကို ရန်ကုန်မြို့ ကျန်းမာရေးဝန်ကြီးဌာနမှာ ကျင်းပခဲ့ပြီး Mytel ရဲ့ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင် မှ ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ Mytel က ယခုဖြစ်ပွားလျက်ရှိသော အခြေအနေနှင့်စပ်လျဉ်း၍ အစိုးရနှင့် ပြည်သူများ၏ စိုးရိမ်ပူပန်နေမှုများကို ကောင်းမွန်စွာနားလည်သည့်အတွက် တိုင်းပြည်ရဲ့ လိုအပ်သည့်နေရာများတွင် ကူညီပံ့ပိုးပေးရန် အသင့်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဦးစီး၍ အခုကမ္ဘာကပ်ရောဂါကြီးကို တိုက်ထုတ်ရာမှာ အတတ်နိုင်ဆုံး ပါဝင်ကူညီ အားဖြည့်ပေးသွားမှာဖြစ်ပါတယ်။

အခုလှူဒါန်းမှုက ဧပြီလအတွင်း Mytel ရဲ့ “Together we FIGHT COVID-19” ကမ်ပိန်းအောက်က စာတိုပေးပို့လှူဒါန်းခြင်းမှ ရရှိသောအလှူငွေ ၅,၆၀၀ USD၊ Mytel Mobile Legends Myanmar Covid-19 Charity Championship မှဆုကြေးငွေ ၁၀,၀၀၀ USD နှင့် ထပ်တိုးလှူဒါန်းသော နှာခေါင်းစည်း အခုတစ်သောင်း ရဲ့ တန်ဖိုးငွေ ၅,၆၀၀ USD တို့ကိုစုပေါင်းပြီး လှူဒါန်းခြင်းဖြစ်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ အကျိုးနှင့် သက်သာချောင်ချိရေးအား ဂရုစိုက်သော ရှေ့ပြေးတီထွင်သူအော်ပရေတာ Mytel က အထူးသဖြင့် အခုလိုခက်ခဲကျပ်တည်းသောကာလများမှာ မိမိနိုင်ငံကို အကူအညီဖြစ်စေနိုင်မယ့် ဝန်ဆောင်မှုများနှင့် ပိုမိုကောင်းမွန်သောအတွေ့အကြုံများ ပေးနိုင်ရန် ဆက်လက်တီထွင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Mytel က ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်ပြီး ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top