COVID-19 ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် Mytel က အသုံးပြုသူတွေကို ဖုန်းငွေဖြည့်ရာမှာ အပိုလက်ဆောင် ၅၀ရာခိုင်နှုန်းအထိ ပေးအပ်

1.jpg

မြန်မာနိုင်ငံရဲ့အကောင်းဆုံး အော်ပရေတာ Mytel က ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေမှုကြောင့် Mytel အသုံးပြုသူများအတွက် ငွေဖြည့်ရာမှာ ဖြည့်သွင်းလိုက်တဲ့ ငွေပမာဏရဲ့ ၅၀ရာခိုင်နှုန်းကို အပိုလက်ဆောင်အဖြစ်ပေးအပ်မယ့်အစီအစဉ်ကို သုံးလကြာ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ဒီကနေ့မှာ ကြေညာလိုက်ပါပြီ။ Mytel က အခုဖြစ်ပွားလျက်ရှိတဲ့ အခြေအနေနှင့်စပ်လျဉ်းပြီး အစိုးရနှင့် ပြည်သူတွေရဲ့ စိုးရိမ်ပူပန်နေမှုတွေကို ကောင်းမွန်စွာနားလည်တဲ့အတွက် တိုင်းပြည်ရဲ့ လိုအပ်တဲ့နေရာတွေမှာ ကူညီပံ့ပိုးပေးရန် အသင့်ရှိပါတယ်။ အခုလို ရောဂါမပျံနှံ့အောင် ကာကွယ်တားဆီးနေသောကာလအတွင်းမှာ အိမ်ကနေ အဆင်ပြေစွာအလုပ်လုပ်နိုင်ရန်၊ နောက်ဆုံးပေါ် သတင်းများကိုသိနိုင်ရန်၊ မိမိချစ်ခင်ရသော မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ရန် အတွက် မရှိမဖြစ်လိုအပ်တဲ့ ဆက်သွယ်ရေးနှင့် အင်တာနက် ထောက်ပံ့မှုတွေကို Mytelက အကောင်းဆုံးဖြစ်အောင် ပံ့ပိုးသွားမှာဖြစ်ပါတယ်။

ဒီပရိုမိုရှင်းအစီအစဉ်ကို ၂၀၂၀၊ မတ်လ ၃၁ ရက်နေ့ မှစတင်ပြီး၂၀၂၀၊ ဇွန်လ ၃၀ ရက်နေ့ အထိ လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ပရိုမိုရှင်းကာလအတွင်း ငွေဖြည့်လိုက်တိုင်းရရှိတဲ့ ၅၀ရာခိုင်နှုန်း အပိုလက်ဆောင်ဆုကြေးကို Mytel အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS ပို့ခြင်းနှင့် ဒေတာအသုံးပြုခြင်းများ အတွက် သုံးသလောက်ပေး အစီအစဉ်အတွက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

အခုရင်ဆိုင်နေရသောအခက်အခဲများအားလုံးကို ကျော်လွှားနိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာရောဂါပျံ့နှံ့မှုကို အတူတကွတိုက်ဖျက်နိုင်ရန်အတွက် Mytel အနေဖြင့် မိမိတို့ရဲ့ သုံးစွဲသူတွေနဲ့ အစိုးရကို တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသရွေ့ ကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။ Mytelက အထူးသဖြင့် အခုလိုခက်ခဲကျပ်တည်းသောကာလတွေမှာ မိမိနိုင်ငံကို အကူအညီဖြစ်စေနိုင်မယ့် ဝန်ဆောင်မှုတွေနဲ့ ပိုမိုကောင်းမွန်သောအတွေ့အကြုံများပေးနိုင်ရန် ဆက်လက်တီထွင်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင်Mytel က ဆန်းသစ်သောတီထွင်မှုများ နှင့် ဝန်ဆောင်မှုတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအာရုံစိုက်လျက်ပြီး မြန်မာပြည်သူတို့အတွက် ကောင်းမွန်သောအနာဂတ်ကို ဖန်တီးပေးနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top