Mytel က မြန်မာ့နှစ်သစ်ကူးကို “OK, Mytel” နှင့် “Infinity Plan” ဖြင့် ကြိုဆို

OK-Mytel_image-11.jpg

မြန်မာနိုင်ငံရဲ့ အကောင်းဆုံးအော်ပရေတာ Mytel က မြန်မာ့ နှစ်သစ်ကူးကို ဂုဏ်ပြုဆင်နွဲသည့်အနေနဲ့ ကံစမ်းမဲအစီအစဉ်သစ်တစ်ခုဖြစ်တဲ့ “OK, Mytel!” ကို MyID ရဲ့လုပ်ဆောင်မှုအသစ်တစ်ခုဖြစ်တဲ့ သုံးစွဲသူများ မိမိစိတ်တိုင်းကျ package ကို ဖန်တီးဝယ်ယူနိုင်မယ့် Infinity Planနဲ့ အတူ မိတ်ဆက်လိုက်ပါပြီ။ “OK, Mytel!” အသုံးပြုပြီး Captain Data, Voice, Bundle pack များ ဝယ်ယူလျှင်သော်လည်းကောင်း၊ MyID မှတဆင့် Infinity Plan ကိုအသုံးပြုကာ မိမိအတွက်ဖြစ်စေ အခြားသူများကို လက်ဆောင်ပေးရန်ဖြစ်စေ စိတ်တိုင်းကျ ဖန်တီးထားသော package များဝယ်ယူလျှင်သော်လည်းကောင်း သုံးစွဲသူများအနေဖြင့် လက်ဆောင်များကို ချက်ချင်းလက်ငင်းရရှိနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေက ဝယ်ယူထားတဲ့ packageရဲ့ အဆ ၁,၀၀၀၊ MyID, Joox, Mobile Legends, PUBG တွေမှာ အသုံးပြုနိုင်မယ့် ၁,၀၀၀ GB နှင့် Mytelpay Emoney အတွက် ၁,၀၀၀ ကျပ်ကို ကံစမ်းနိုင်မယ့် အခွင့်အရေးလည်း ရရှိနိုင်မှာဖြစ်ပါတယ်။

Mytel အသုံးပြုသူများသည် ကြိုက်နှစ်သက်ရာ Captain ဒေတာများ၊ ဖုန်းခေါ်ဆိုမှုအစီအစဉ်များ (သို့မဟုတ်) Infinity ပတ်ကေ့ချ်များကို USSD *9662# ကို ခေါ်ဆို၍လည်းကောင်း ၊ *9663# ကို ခေါ်ဆို၍လည်းကောင်း ၊ စာတိုပေးပို့၍လည်းကောင်း (သို့မဟုတ်) MyID Application မှတစ်ဆင့် ဝယ်ယူကာ OK Mytel ဆုများကို ကံစမ်းနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ အသုံးပြုသူများအနေဖြင့် ကံထူးခဲ့မည်ဆိုပါက MyID မှတစ်ဆင့် ဆုရယူရမည့်နည်းလမ်းများ ကို ကံထူးသူရဲ့ SMS သို့ ပေးပို့သွားမှာဖြစ်ပါတယ်။ ကံထူးခဲ့သောဆုမဲတွေကို ၇ ရက်အတွင်း ထုတ်ယူနိုင်မည်ဖြစ်ပြီး အသုံးပြုသူတွေက MyID Application ရဲ့ ပင်မစာမျက်နှာရှိ “OK, Mytel!” ဟူသော ခေါင်းစီးကို နိုပ်၍သော်လည်းကောင်း “OK, Mytel!” ဟူသော နေရာကို နှိပ်၍သော်လည်းကောင်း ဆုများကို ရယူနိုင်မှာဖြစ်ပါတယ်။

OK Mytel မှ ချီးမြင့်မည့်ဆုအသေးစိတ်အချက်အလက်များမှာ –

(၁) ဝယ်ယူလိုက်သော ပတ်ကေ့ချ်၏ အဆ ၁ဆ၊ ၁၀ဆ၊ ၁၀၀ဆ၊ ၁၀၀၀ဆ နှင့်ညီမျှသော ဒေတာပတ်ကေ့ချ် ၊ Mytel အချင်းချင်းဖုန်းခေါ်ဆိုမှုအစီအစဉ်များ ကို ရရှိမှာဖြစ်ပါတယ်။

(၂) Mobile Legends Application တွင် အသုံးပြုနိုင်မည့် ၁ GB ၊ ၁၀ GB ၊ ၁၀၀ GB ၊ ၁၀၀၀ GB

(၃) PUBG Mobile Application တွင် အသုံးပြုနိုင်မည့် ဒေတာ ၁ GB ၊ ၁၀ GB ၊ ၁၀၀ GB ၊ ၁၀၀၀ GB

(၄) MyID Application တွင်အသုံးပြုနိုင်မည့် ဒေတာ ၁ GB ၊ ၁၀ GB ၊ ၁၀၀ GB ၊ ၁၀၀၀ GB

(၅) JOOX Music တွင်အသုံးပြုနိုင်မည့် ဒေတာ ၁ GB ၊ ၁၀ GB ၊ ၁၀၀ GB ၊ ၁၀၀၀ GB

(၆) MytelPay Emoney ၁,၀၀၀ ကျပ် (တစ်ရက်လျှင် Emoney ဆုပေါင်း ၁,၀၀၀ ချီးမြင့်သွားမည်)

Mytel က ပတ်ကေ့ချ်အသစ်တစ်ခုကို ဝယ်ယူသည့်အခါတိုင်း အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အသစ်စက်စက်“ Infinity Plan” ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ Mytelရဲ့ Infinity Plan က အသုံးပြုသူတွေကို မိမိတို့ အလိုရှိသည့်အတိုင်း လွတ်လပ်စွာ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အသုံးပြုသူတွေက ပတ်ကေ့ချ်ထဲမှာ ရွေးချယ်နိုင်တဲ့ ဒေတာ၊ ဖုန်းခေါ်ဆိုမှုနှင့် ပတ်ကေ့ချ်သက်တမ်းပမာဏတို့ကို“ဖော်ပြထားသော ပမာဏကို လက်ဖြင့် ဆွဲ၍ ရွေးချယ်နိုင်သကဲ့သို့၊ မိမိ ကြိုက်နှစ်သက်သော ပမာဏကို ရိုက်ထည့်ကာ” ကန့်သတ်ချက်မရှိပဲ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေအနေဖြင့်လည်း စိတ်ကြိုက်ရွေးချယ်ထားတဲ့ ပတ်ကေ့ချ်များကို အခမဲ့မှတ်စုတိုနှင့်တကွ မိမိတို့ရဲ့မိတ်ဆွေများအား လက်ဆောင်အဖြစ် ပေးနိုင်ပါတယ်။ Mytel က အခုလိုလုပ်ဆောင်ချက်တွေကို “ အကန့်အသတ်မဲ့” ပြုလုပ်နိုင်သော ပထမဆုံး အော်ပရေတာဖြစ်လာခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top