Mytel က လှူဒါန်းမှုတစ်ရပ်နဲ့ COVID 19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး အစီအစဉ်ကိုစတင်

BG3-1.jpg

အကောင်းဆုံးအော်ပရေတာ Mytel က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း အနောက်ပိုင်း၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွက်ဖျင်ထီးများ လှူဒါန်းခြင်းဖြင့် COVID 19 ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်လျက်ရှိပြီး အခုလို Covid-19 ကြောင့် social distance ပြုလုပ်နေရချိန်တွင် မြန်မာပြည်သူအများအပြားရဲ့ စိတ်ဝင်စားမှုများကို ရရှိခဲ့ပါတယ်။ Mytelက အခုအစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြား ဒေသများမှာလည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါတယ်။ Mytel က မြန်မာနိုင်ငံရဲ့အခြားဒေသများအတွက် လိုအပ်တဲ့အထောက်အကူ ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံများ၊ နှာခေါင်းစည်းများ၊ လက်ဆေးရည်များ နှင့် Wifi Router စက်များကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

အခုလို တစ်နိုင်ငံလုံးအနှံ့ လှူဒါန်းမှုအစီအစဉ်ကို ဧပြီလ၊ ၂၀၂၀ပြည့်နှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ Mytel က ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ယာယီဈေးများသာမက ရှမ်းပြည်နယ်တောင်ပိုင်း ကလော နှင့် အောင်ပန်းဈေးများတွင် ထီးများလှူဒါန်းကာ မြို့နယ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများ နှင့် အတူတကွ ပူးပေါင်းပြီး ယာယီဈေးရှိ ဈေးသည်များ လိုအပ်သော ရွက်ဖျင်ထီးများကို လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီနောက် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၊ အမ်းမြို့၊ ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့ရှိ စစ်တွေအထွေထွေရောဂါကုဆေးရုံကြီးတွင် PPE ဝတ်စုံများ၊ နှာခေါင်းစည်းများနှင့် ဒစ်ဂျစ်တယ်သာမိုမီတာများ၊ Quarantine Center များတွင် လိုအပ်သော အခြားအထောက်အကူပစ္စည်းများအားလည်း လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအနောက်ဘက်ရှိ ပန်းတနော်မြို့တွင်လည်း ဈေးထဲရှိ ဈေးသည်များ၊ ဈေးဝယ်သူများ ဘေးအန္တရာယ်ကင်းစေရန်အတွက် တစ်ဦးနှင့်တစ်ဦး Social Distancing ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး ရွက်ဖျင်ထီးများကိုလှူဒါန်းခဲ့ပြီး အခြားဒေသများတွင်လည်း နွေးထွေးသောအစီအစဉ်များဖြင့် ကူညီခဲ့ပါတယ်။

#TogetherWeFightCovid19 အစီအစဉ်မှတစ်ဆင့် ဒီလှူဒါန်းမှုကို စတင်ခဲ့ခြင်းဖြစ်ပြီး အခုရင်ဆိုင်နေရသောအခက်အခဲများအားလုံးကို ကျော်လွှားနိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာရောဂါပျံ့နှံ့မှုကို အတူတကွတိုက်ဖျက်နိုင်ရန်အတွက် Mytel အနေဖြင့် မိမိတို့ရဲ့ သုံးစွဲသူများနှင့် အစိုးရအား တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသရွေ့ ကူညီပံ့ပိုးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top