Mytel က ရေဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သွားရောက်ထောက်ပံ့ကူညီခဲ့

mytel_donation_05.jpg

Mytel က ရေဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သွားရောက်ထောက်ပံ့ကူညီခဲ့

မကြာသေးခင်ရက်တွေတုန်းက မထင်မှတ်ဘဲမိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ ရေကြီးရေလျှံခြင်းနဲ့ မြေပြိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် Mytel ဟာ ဂရုအစိုက်ဆုံးအော်ပရေတာဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ မြေပြိုမှုနဲ့ ရေဘေးဒဏ်ခံစားခဲ့ရတဲ့ပြည်သူတွေကို လျင်မြန်တက်ကြွစွာ သွားရောက်ကူညီပေးခဲ့ပါတယ်။ Mytel ရဲ့လှူဒါန်းမှု စုစုပေါင်းတန်ဖိုးငွေက (၁၃,၄၂၃,၀၀၀) ကျပ်ရှိပြီး ဘေးဒဏ်သင့်ပြည်သူတွေအတွက် အဓိကလိုအပ်တဲ့ ရေ၊ အစာအစား၊ အသက်ကယ်လှေနဲ့ အခြားအရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Mytel က ရေဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သွားရောက်ထောက်ပံ့ကူညီခဲ့

Mytel က ရေဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သွားရောက်ထောက်ပံ့ကူညီခဲ့

Mytel အရောင်းဆိုင်ခွဲဝန်ထမ်းတွေကလည်း ရေဘေးဒဏ်ခံစားနေရတဲ့ပြည်သူတွေကို ၂၀၁၉၊ သြဂုတ်လ (၁၀) ရက်နေ့က သွားရောက်ကူညီခဲ့ကြပြီး ဆန်၊ ရေ၊ ဆီ၊ အသင့်စားခေါက်ဆွဲထုပ်တွေနဲ့ ငါးသေတ္တာဗူးတွေကို မွန်ပြည်နယ်က ရေးမြို့နယ်နဲ့ ပေါင်မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးက လောင်းလုံမြို့နယ်နဲ့ ကလိုင်အောင်မြို့နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းက စပ်စုရွာ၊ အောင်သာယာရွာ၊ ရွှေကြင်းမြို့နယ် ရွှေကြင်းစခန်း တို့မှာ အသီးသီးလှူဒါန်းခဲ့ပါတယ်။

Mytel က ရေဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သွားရောက်ထောက်ပံ့ကူညီခဲ့

Mytel က ရေဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သွားရောက်ထောက်ပံ့ကူညီခဲ့

ပူဆွေးသောကရောက်နေကြရတဲ့ရေဘေးသင့်ပြည်သူတွေကို စာနာပူပန်တဲ့အနေနဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက ရေကြီးရေလျှံမှု၊ မြေပြိုမှုဒဏ်ခံစားခဲ့ရသူတွေကို သူတို့ရဲ့မိသားစု၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်တောက်နေစေဖို့ အခမဲ့ဆက်သွယ်ရေးဝန်ဆောင်မှုတွေနဲ့လည်း Mytel က ထောက်ပံ့ကူညီပေးခဲ့ပါသေးတယ်။ အဲဒီဝန်ဆောင်မှုမှာ မိနစ် (၁၀၀၀) စာအခမဲ့ဖုန်းခေါ်ဆိုခွင့်၊ (၁၀) GB ဒေတာအသုံးပြုခွင့်၊ စာတို (၁၀၀၀) ပေးပို့ခွင့်နဲ့ ဖုန်းဘေ (၂၅၀) ကျပ်ပါဝင်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်က ပြည်သူတွေ သြဂုတ်လ (၁၈) ရက်မတိုင်မီအထိအသုံးပြုနိုင်အောင် စီစဉ်ထောက်ပံ့ပေးခဲ့တာပါ။ ဒါ့အပြင် ရေကြီးရေလျှံမှုအတွင်း ပျောက်ဆုံးပျက်စီးသွားတဲ့ SIM ကတ်တွေကိုလည်း ပြန်လည်အစားထိုးလဲလှယ်ပေးသွားမယ်လို့သိရပါတယ်။

Mytel က ရေဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သွားရောက်ထောက်ပံ့ကူညီခဲ့

Mytel က ရေဘေးဒဏ်သင့်ဒေသတွေဖြစ်တဲ့ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ သွားရောက်ထောက်ပံ့ကူညီခဲ့

Mytel အနေနဲ့ မြန်မာနိုင်ငံတစ်လွှမ်း ရေကြီးရေလျှံနေတဲ့နေရာတွေမှာ ရေဘေးသင့်ပြည်သူတွေအတွက် ကူညီပေးနိုင်တဲ့ကမ်းလက်တစ်စုံဖြစ်နိုင်အောင်ကြိုးပမ်းနေသလို အရေးပေါ်အခြေအနေတွေမှာ ပြည်သူတွေဘေးကင်းလုံခြုံစေဖို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ထားကြောင်းသိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top