V7 နဲ့ 24MP Selfie Camera ဆိုတာ

3.jpg

Vivo ရဲ့ နောက်ဆုံးထုတ်ကုန်က V7 ပါ။ V7+ တုန်းကလည်း 24MP Selfie camera နဲ့ 5.99 inches FullViewTM Display တွေကြောင့် အတော်လေး ရေပန်းစားခဲ့ပါတယ်။ တစ်လကျော် ကြာသွားချိန်မှာတော့ V7 ကို ဈေးကွက်ထဲ ထပ်ပြီး တင်သွင်းလာပြန်ပါတယ်။ V7 က V7+ ထက် ဈေးနည်းပြီး မြန်မာငွေ ရှစ်သောင်း ကျပ်လောက်သက်သာပါတယ်။ ဒါဖြင့်ရင် V7 က ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတစ်လုံးလားလို့ မေးစရာတွေ ရှိလာရင်တော့ ဆုံးဖြတ်ရလွယ်အောင် အဓိက အချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနေ့ခေတ် စမတ်ဖုန်းသုံးစွဲသူတွေရဲ့ ဦးစားပေးထဲမှာ Selfie အရည်အသွေးကလည်း တစ်ခုအပါအဝင်ပါ။ Selfie ဆိုရင် Mega pixel နဲ့ camera ကို အများစုက ပြေးမြင်ပြီးသားပါ။ V7 က Mega pixel ထဲမှာတော့ 24MP နဲ့ ဦးဆောင်နေပါတယ်။ 1 Megia pixel မှာ 1,000 pixels ပါဝင်ပါတယ်။ Mega pixel များတိုင်း ပုံကောင်းမထွက်ဘူးလို့ ထောက်ပြပြောဆိုကြတာလည်း ရှိပါတယ်။ စမတ်ဖုန်း ကင်မရာလေးအတွက် Mega pixel အများကြီး မလိုဘူးလို့လည်း ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဝယ်ယူသူရဲ့ ဦးစားပေးမှုနဲ့ စိတ်ကျေနပ်မှုက အဓိကပါပဲ။ ဒါပေမဲ့ Mega pixel များတော့ ဘာလုပ်လို့ရမှာလဲဆိုရင်တော့ Mega pixel များများနဲ့ ရိုက်ယူထားတဲ့ပုံက print ထုတ်ရင် ပိုပြီးကြည်လင်ပြတ်သားတဲ့ ပုံရမှာပါ။

နောက်တစ်ခုက ပုံကို crop လိုက်ရင်လည်း Mega pixel များတဲ့အတွက် သိပ်ပြီးမဝါးတဲ့ပုံကို ရမှာပါ။ ပြောရမယ်ဆိုရင်တော့ 24MP ကို  5:4 နဲ့ ရိုက်ထားတဲ့ အခါ 5:4 (1.25:1) 5477.226 x 4381.780 = 24,000,000 pixels, 5:4 (1.2499:1) 5477 x 4382 = 24,000,214 pixels, ဖြစ်တဲ့အတွက် 250 dpi မှာ 21.9×17.5 inches (55.6×44.5 cm) အရွယ်အစား ပုံအထိ ကောင်းကောင်း ထုတ်လို့ရပါတယ်။ အချက်အလက်တွေနဲ့ ပြောရင်တော့ နည်းနည်း နားရှုပ်ပါလိမ့်မယ်။ ဓာတ်ပုံရိုက်ပြီး ဖုန်းထဲမှာတင် ကိုယ်ကြည့်ချင်တဲ့ အစိတ်အပိုင်းကို အကျယ်ချဲ့ကြည့်လိုက်ပါ။ အသေးစိတ် တစ်ခုချင်းစီကို ကြည်လင်ပြတ်သားတယ်၊ ကြည်လင်ပြတ်သားမှု မရှိဘူးဆိုတာကို ကြည့်ပြီး ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်နိုင်ပါတယ်။

ဓာတ်ပုံအရည်အသွေးအတွက် အရေးကြီးတဲ့ နောက်တစ်ခုက f Stop value (Aperture) ပါ။ သူက sensor size နဲ့ ဆက်နွယ်မှု ရှိနေပါတယ်။ Aperture နံပါတ် နည်းလေ ပုံအတွက် အလင်းအမှောင်နဲ့ အရောင်အသွေး အရည်အသွေးပိုကောင်းလေလို့ အလွယ်မှတ်ထားနိုင်ပါတယ်။ V7 ကတော့ f2.0 အထိ ထောက်ပံ့ပေးပါတယ်။ အခြား ပြိုင်ဘက်အချို့ကတော့ f1.8 ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပါပဲ။ စမ်းသပ်ကြည့်ပြီး ဝယ်ယူသူရဲ့ စိတ်ကျေနပ်မှုနဲ့ လက်ခံနိုင်မှုအပေါ်မှာပဲ မူတည်ပါတယ်။

ကျန်တာတွေကတော့ ခေတ်ရဲ့တောင်းဆိုမှုတွေဖြစ်တဲ့ Face Beauty, Panorama, HDR, PPT, Professional, videos, Time-lapse, Slow, Camera Filter, Voice, Touch, Palm, Ultra HD, Portrait Mode စတာတွေပါပဲ။ ဒါတွေကို ကြိုက်တဲ့သူလည်းရှိသလို၊ မကြိုက်တဲ့သူလည်း ရှိပါတယ်။ မကြိုက်ရင်လည်း manual ရိုက်လို့ရပါတယ်။ သိပ်ပြဿနာ မရှိပါဘူး။

အဆုံးသတ်ပြောရရင်တော့ review တွေ၊ အညွှန်းတွေက သိထားရုံသက်သက်ပါပဲ။ တကယ်တမ်း ဆုံးဖြတ်ရမှာကတော့ သုံးစွဲသူဖြစ်ပြီး ကိုယ်စိတ်ဝင်စားတဲ့ အချက်ကို အဓိကထားကာ အသေးစိတ်စစ်ဆေး၊ စဉ်းစားချင့်ချိန်ပြီးမှပဲ ဝယ်ယူသင့်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top