5G ကို ပထမဆုံးထုတ်ဖော်ပြသပေးလိုက်သည့် မြန်မာဆက်သွယ်ရေးအော်ပရေတာ Mytel

Image_5.jpg

5G ကွန်ရက်ကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးထုတ်ဖော်ပြသခဲ့သည့်အခမ်းအနားကို Mytel က၂၀၁၉ ခုနှစ် ၊ သြဂုတ်လ (၅) ရက်နေ့ တွင် Sedona ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံကို နည်းပညာပိုင်းအရ ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်မာသောနိုင်ငံတစ်နိုင်ငံဖြစ်လာအောင် သုံးစွဲသူများအတွက် ထူးခြားသောအတွေ့အကြုံများကို ပေးစွမ်းနိုင်မည့် နောက်ဆုံးပေါ် နည်းပညာသစ်တစ်ခုဖြစ်သော 5G ကွန်ရက်အား Mytel မှ မြန်မာနိုင်ငံသို့ ပထမဦးဆုံးယူဆောင်လာပေးနိုင်သော ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်လာခဲ့ပါသည်။

ထိုပွဲတွင် Mytel ၏ တာဝန်ရှိသူများမှဦးစီး၍ 5G ကွန်ရက်နှင့် အသုံးပြုပုံများအား ထုတ်ဖော်ပြသပေးခဲ့ပါသည်။ ပွဲတက်ရောက်သူများအနေဖြင့်လည်း လေ့လာစမ်းသပ်ကြည့်နိုင်သော နေရာတွင် 5G ကွန်ရက်ကိုအသုံးပြုကာ VR Technology နှင့် 4K ဗီဒီယိုများကို စမ်းသပ်ကြည့်ရှုခံစားခွင့်ရရှိခဲ့ပါသည်။ ထို့နောက် ပွဲ၏စင်မြင့်ပေါ်တွင် ထူးခြားမြန်ဆန်သည့် 5G ကွန်ရက်၏ အမြန်နှုန်းအား 5G အသုံးပြုနိုင်သည့်ဖုန်းဖြင့် စမ်းသပ်ပြသခဲ့ပါသည်။

Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦးမှ လည်း “အရင် ကြိုးမဲ့နည်းပညာတွေနဲ့မတူပဲ 5G ပေါ်ပေါက်လာခြင်းက ပိုပြီးကောင်းတဲ့ အပြောင်းအလဲတွေကို ပေါ်ပေါက်လာစေသလို အချင်းချင်း ဒေတာအပြန်အလှန်ပို့ဆောင်တဲ့အခါ လျင်မြန်တဲ့မြန်နှုန်းတွေ ၊ တုံ့ပြန်မှုတွေနဲ့အတူ အချင်းချင်းချိတ်ဆက်ရာမှာ ပိုပြီး ကောင်းမွန်တဲ့ အတွေ့အကြုံတွေ ရရှိစေမှာပါ။ အရှေ့က မျိုးဆက်တွေ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာတုန်းကလည်း သိသာတဲ့ ပြောင်းလဲမှုတွေရှိခဲ့ပေမဲ့လည်း အခု 5G ပေါ်လာပြီးနောက်မှာတော့ ကျွန်တော်တို့ ရဲ့ နေ့စဉ်လူမှုဘဝတွေနဲ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ device များရဲ့ စွမ်းဆောင်နိုင်မှုများကို လုံးလုံးလျားလျား ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ရဲ့ အိမ်မက်တွေက တကယ်ဖြစ်လာတော့မှာဖြစ်ပြီး များမကြာတော့မယ့်အချိန်မှာ digital လူမှုပတ်ဝန်းကျင်တစ်ခုကိုလည်း တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ 5G ကို မြန်မာနိုင်ငံအတွင်း ပထမဦးဆုံး ယူဆောင်လာနိုင်တဲ့ ဆက်သွယ်ရေးအော်ပရေတာ ဖြစ်တဲ့အတွက်လဲ အရမ်းဂုဏ်ယူရပါတယ်။” ဟူ၍ ပြောကြားခဲ့ပါသည်။

ဤအခမ်းအနားမတိုင်ခင် ၂၀၁၉ ၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် Mytel ရုံး၌ 5G နည်းပညာစမ်းသပ်သည့် အစီအစဉ်ကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။ အမြန်နှုန်းစမ်းသပ်မှုအား C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့ပါသည်။ စမ်းသပ်နေစဉ်အတွင်း အမြင့်ဆုံးရောက်ရှိသွားသော မြန်နှုန်းမှာ 1.6 Gbps အထိရှိပြီး ထိုမြန်နှုန်းမှာ 4G ကွန်ရက်ထက် များစွာ 4G ကွန်ရက်ဖြင့် အသုံးပြုမည်ဆိုပါက 150 Mbps ခန့်သာရှိမည်ဖြစ်သည်။ 5G ကွန်ရက်သုံးစွဲမှုသည် 4G နှင့် 3G မြန်နှုန်းများအပေါ် သက်ရောက်မှုမရှိပါ။ နောက်ဆုံးပေါ်ကွန်ရက်ဖြစ်သော 5G ၏ download speed မှာ တစ်စက္ကန့်လျှင် 1.6 Gbps ရှိသည့်အချိန်တွင် သာမန် 4G ကွန်ရက်၏ download speed မှာ တစ်စက္ကန့်လျှင် 150 Mbps ခန့်သာရှိမည်ဖြစ်သည်။

Mytel 5G solution partner အဖြစ် Huawei နှင့် နောက်ဆုံးမျိုးဆက်သစ်ကွန်ရက်အား ယူဆောင်လာရန် အား ပူးပေါင်းပြီး လုပ်ဆောင်သွားမည်ဖြစ်သည်။ ယခုထုတ်ဖော်ပြသပွဲအခမ်းအနားအား အောင်မြင်စွာကျင်းပပြီးနောက် Mytel မှ ၎င်း၏ သုံးစွဲသူများအတွက် 5G ကွန်ရက်အား ဈေးကွက်တွင်တရားဝင်ရောင်းချနိုင်ရန် အပြင်းအထန် လုပ်ဆောင်လျက်ရှိနေပါသည်။ Mytel ၏ 5G ကွန်ရက်ကို မြန်မာပလာဇာ ရှိ Mytel ၏ Customer Experience Center တွင်ရရှိနိုင်မည်ဖြစ်ပြီး တစ်ပြိုင်နက်ထဲတွင်လည်း Mytel မှ မြို့ကြီးပြကြီးများအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရရှိနိုင်အောင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ နည်းပညာသစ်အား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်တွင်လည်း Mytel မှ ဆန်းသစ်သောနည်းပညာများနှင့် တမူထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ်ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံးတီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top